Pages

Sunday, September 8, 2013

ဖန်ဆင်းရှင်ရှိကြောင်း သက်သေအထောက်အထား

RangonNewsDaily:: September 8, 2013

ဖန်ဆင်းရှင်ရှိတယ်ဆိုတာကို လူတိုင်း လက်ခံနိုင်တဲ့ အထောက်အထားရိုးရိုးလေးတစ်ခု ပေးပါ့မယ်။ ဖန်ဆင်း
ရှင်ကိုတော့မမြင်ရဘူးပေါ့။ “မမြင်ရတဲ့အရာတိုင်း မရှိတာ မဟုတ်ဘူး” ဆိုတာကို တိုးတက်တဲ့ အတွေးအခေါ်
မြင့်မားတဲ့ လူ့အသိုင်းအ၀ိုင်းက လက်ခံနေပါပြီ။အခုတော့ အလွန်ပဲ ရိုးစင်းလှတဲ့ အထောက်အထားလေးတစ
ခုကိုဖော်ပြမှာ ဖြစ်ပါတယ်။ ဖန်ဆင်းရှင်ရှိကြောင်းကို သင့်ခန္ဓာကိုယ်မှာပဲ တွေ့နိုင်ပါတယ်။
လူသားရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ကမ္ဘာကြီးရဲ့ ဖွဲ့စည်းပုံနဲ့ အင်မတန်မှတူလှပါတယ်။

ကမ္ဘာမြေပြင်ဟာ ညီညာချောမောနေတာမဟုတ်ပါ။ တစ်ချို့နေရာမှာ တောင်တွေ၊ တစ်ချို့နေရာမှာ ချိုင့်ဝှမ်း
တွေ၊ တစ်ချို့နေရာမှာ တွင်းပေါက်တွေနဲ့ ပြည့်နှက်နေပါတယ်။ လူတစ်ယောက်လဲလျောင်းနေမယ်ဆိုရင် သူ့
ခန္ဓာကိုယ်ကလည်း ဒီအတိုင်းပါပဲ။

ကမ္ဘာ့မြေမျက်နှာပြင်အနှံ့အပြားမှာ သဘာာဝပေါက်ပင် မျိုးစုံရှိပါတယ်။ တစ်ချို့တောတွေက ထူတယ်။ တစ်
ချို့တောတွေက သစ်ပင်ပါးပါးပဲ ပေါက်တယ်။ ဒီလိုပဲ လူ့ခန္ဓာကိုယ်ရဲ့ အရေပြားမှာ ပေါက်နေတဲ့ အမွေးအမှင်
တွေက ထူတဲ့နေရာထူမယ်၊ ပါးတဲ့နေရာ ပါးနေတာလည်း တွေ့ရမှာပါ။ မြေပြင်မှာ ကန္တာရလိုနေရာမျိုးတွေ
ကျတော့ အပင်မပေါက်ဘူးပေါ့။ အဲလိုပဲ လက်ဖဝါးနဲ့ ခြေဖဝါးတွေမှာ အမွေးအမှင် မပေါက်တာတွေ့ရမှာပါ။

ကမ္ဘာ့သမုဒ္ဒရာရေနဲ့ အခြားသဘာဝရေတွေမှာ ချို၊ ချဉ်၊ ငံ၊ ခါး ဆိုတဲ့ အရသာတွေရှိပါတယ်။ လူ့ကိုယ်ခန္ဓာထဲ
မှာလည်း အဲဒီအရသာတွေရှိတဲ့ ရေတွေရှိပါတယ်။ တံတွေးကချိုပါတယ်။ အစာအိမ်ထဲက ဂက်စ်တစ်ရည်
တွေကတော့ ချဉ်ပါတယ်။ မျက်ရည်နဲ့ ချွေးတွေက ငံပါတယ်။ သည်းခြေရည်ကတော့ ခါးပါတယ်။

ကမ္ဘာ့မြေပြင်ပေါ်မှာ မြစ်၊ ချောင်း ပေါင်းများစွာ စီးဆင်းနေပါတယ်။ သူတို့လိုပဲ ကိုယ်ခန္ဓာအတွင်းမှာ သွေး
လှည့်ပတ်စနစ် အရ သွေးလွှတ်ကြောတွေ သွေးပြန်ကြောတွေမရေမတွက်နိုင်အောင် စီးဆင်းလျက်ပါ။

ကမ္ဘာကြီးမှာ အလင်းရောင်ပေးဖို့ နေ နဲ့ လ ဆိုပြီး အရာနှစ်ခုရှိပါတယ်။ အဲဒီလိုပဲ လူ့ခန္ဓာကိုယ်မှာလဲ အလင်းရောင်ပေးဖို့ အရာနှစ်ခုရှိပါတယ်။

ကမ္ဘာကြီးဟာသံလိုက်ဓာတ်ရှိတဲ့ သံလိုက်ဂြိုဟ်ဖြစ်သလို လူ့ခန္ဓာကိုယ်ကြီးဟာလည်း လျှပ်စစ်ဓာတ်ထွက်တဲ့ လျှပ်လိုက်တစ်ခုပါပဲ။

ကမ္ဘာ့ရဲ့ ဘယ်နေရာက သဘာဝ ရှုခင်းကို မဆိုကြည့်လိုက်ရင် ရှုမငြီးဖွယ်ရာတွေ့ရမှာဖြစ်သလို လူတစ်
ယောက်ကိုလည်း ရှုမငြီးတဲ့ လူ(အနည်းဆုံး)တစ်ယောက်အမြဲရှိနေပါတယ်။

ကမ္ဘာကြီဟာ စက်လုံးလို တိတိကျကျ လုံးလည်းမလုံး၊ ဘဲဥပုံလည်းမဟုတ်၊ ပြားလည်းမပြားသလို လူတစ်
ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကလည်း သူတို့နဲ့တူတဲ့အခြားပုံ မရှိပါဘူး။

ကမ္ဘာ့ရဲ့အတွင်းပိုင်းမှာရှိတဲ့ သယံဇာတတွေကို (သာမန်အားဖြင့်) မမြင်ရသလို လူတစ်ယောက်ရဲ့ အတွေး
အခေါ်နဲ့ စိတ်နေစိတ်ထား၊ စာရိတ္တ၊ တီထွင်မှု၊ ပညာခန်း တွေကိုလဲ (သာမန်အားဖြင့်) မမြင်ရပါဘူး။

ကမ္ဘာကြီးဟာ အတွင်းပိုင်းမှာ မာကျောတဲ့ ကျောက်လွှာတွေအထပ်ထပ်နဲ့ ဖွဲ့စည်းထားပေမယ့် အပေါ်ယံမြေ
လွှာကတော့ အင်မတန်ပျော့ပျောင်းလွန်းလို့ အပင်ပေါက်လေးတွေရဲ့ အမြစ်ဖျားလေးတွေကတောင် အလွယ်
တကူဖောက်သွားနိုင်ပါတယ်။ ဒီလိုပဲ လူရဲ့ ခန္ဓာကိုယ်မှာ အလွန်မာကျောတဲ့ အရိုးတွေနဲ့ အတွင်းပိုင်းမှာ တည်ဆောက်ထားသော်လည်း အပြင်အကာ ဖြစ်တဲ့ အရေပြားကတော့ အလွန်ပဲ နူးညံ့လှပါတယ်။

ကမ္ဘာကြီးဟာ အလွန်လေးလံလှတဲ့ တိုက်တာ အဆောက်အဦတွေ၊ လမ်းစခန်းနဲ့ အခြားအရာတွေကို ထမ်း
ပိုးထားရသလို လူတစ်ယောက်ချင်းကလည်း သူ့တာဝန်နဲ့သူ (မမြင်ရတဲ့ ၀တ္တရားတွေကို) ထမ်းပိုးထားရတာ
ပါပဲ။

အခုတင်ပြမယ့်အချက်ကတော့ အဓိကအချက်ပါ။ ဒါကတော့ လူဘက်က စရပါလိမ့်မယ်။ လူတစ်ယောက် လူဖြစ်အောင် အဓိကအကျဆုံးအရာကတော့ ဝိညာဉ် ပါပဲ။ လူအသက်ရှင်နေတယ်ဆိုတာ ဝိညာဉ်ရှိလို့ပါ။ ဝိညာဉ်ကိုတော့ မမြင်ရပါဘူး။ ဒီလိုပဲ ကမ္ဘာကြီးတစ်ခုလုံးနဲ့ စကြဝဠာအဝှမ်းကို အသက်သွင်းထားတဲ့ တစ်
နည်းအားဖြင့် ထိန်းချုပ်ထားတဲ့ အရှင်သခင်တစ်ပါးရှိပါတယ်။ အဲဒီအရှင်သခင်ကို မမြင်ရပါဘူး။ အဲဒီအရှင်သ
ခင်ကို “အလ္လာဟ်” လို့ခေါ်ပါတယ်။ ဒါဟာ အဲဒီအရှင်သခင် ရှိတော်မူကြောင်း အထောက်အထားပါပဲ။

သင်ဟာ ရိုးသားစွာနဲ့ အစွဲအလမ်းမပါဘဲ ပညာမျက်စေ့နဲ့ မြင်အောင်ကြည့်ရင် လူတို့ သဘာဝ လို့ပြောနေကြ
တဲ့ အရာခပ်သိမ်းဟာ အလ္လာဟ်အရှင်မြတ်ရဲ့ တန်ခိုးတော်တွေဆိုတာ သဘောပေါက်လာမှဖြစ်ပါတယ်။ အဲ
ဒါကို ကွဒ်ရသ် လို့ခေါ်ပါတယ်။ အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်း၊ အခြားမည်
သည့်အရာကိုမျှ ဖက်စပ် ယှဉ်တွဲမှု မပြုခြင်း၊ မည်သည့်အရာ၊ ပုဂ္ဂိုလ်ကြောင့်မှ ဘာမှမဖြစ်ကြောင်းနဲ့၊ အရာ
အားလုံး အလ္လာဟ်အရှင်မြတ် အလိုတော်နဲ့သာ ဖြစ်၊ တည်၊ ပျက် ကြောင်း ယုံကြည်လက်ခံခြင်းကို သောင်ဝ်
ဟီးဒ်လို့ခေါ်ပါတယ်။

သင့်အနေနဲ့ သောင်ဝ်ဟီးဒ်ကို နှလုံးသားမှ လက်ခံယုံကြည်ပြီဆိုရင် “လားအိလားဟ အိလ္လလ္လာဟု မုဟမ္မဒွရ် ရစူးလွလ္လာဟ်” ဟုရွတ်ဆိုလိုက်သည်နှင့် သင်လည်းမွတ်စလင်မ်တစ်ဦး ဖြစ်လာမှာပါ။ ထိုအခါ သင်သည် 
ကျွန်ုပ်တို့နှင့်အတူ ဝတ်ပြုနိုင်မည်။ အတူ ဥပုသ်စောင့်နိုင်မည်။ ကမ္ဘာ့အကောင်းဆုံး နှုတ်ဆက်စကားဖြစ်
သော “အပ်စလားမုအလိုင်းကွမ်း ဝရဟ်မသွလ္လာဟ်” ဟူသော စလာမ်မေတ္တာကို မွတ်စလင်မ်များထံမှ သင်
ရရှိမည်။ သင်ကလည်း စတင်ပို့သနိုင်သည်။ 
သင့်ထံမှ အလှူအတန်းများကို လိလ္လာဟ် ၊ ဇကားသ် ၊ ခိုင်ရားသ် ၊ ဆွဒကာ ၊ အမည်များဖြင့် ကျွန်ုပ်တို့လက်
ခံနိုင်မည်။ သင်လိုအပ်လျှင် ကျွန်ုပ်တို့က ပေးနိုင်မည်။ မြင့်မြတ်သော ကမ္ဘာဦးကျောင်းတော်တည်ရှိရာ ဟရ
မိုင်းန်ရှရီဖိုင်းန်ဟု ခေါ်အပ်သော ကမ္ဘာ့အထွတ်မြတ်ဆုံးမြေနေရာဖြစ်သည့် ဆအူဒီအာရပ်ရှိ မက္ကာဟ်နှင့် မဒီ
နာသို့ သင်သွားရောက် ဟဂ်ျပြုနိုင်မည်။ သင့်ဝိညာဉ်ထွက်ခါသောအခါ ကျန်ရစ်သော သင့်ရုပ်ကလာပ်ကို ကျွန်ုပ်တို့၏ မြင့်မြတ်သော သင်္ချိုင်းမြေတစ်ခုခုတွင် မြှုပ်နှံခွင့်ရမည်။ 
ကမ္ဘာ့နောက်ဆုံးနေ့တွင် တရားစီရင် ဆုံးဖြတ်ရာ၌ နှစ်ဘဝသခင် တမန်တော်မြတ် မုဟမ္မဒ် (ဆွလ္လလ္လာဟု
အလိုင်ဟိဝစလ္လာမ်)၏ ရှဖာအသ် အသနားတော်ခံပေးမှု ရရှိမည်။ နောက်ဆုံး သင်သည် သောင်ဝ်ဟီးဒ်အ
ပေါ်မားမားမတ်မတ် ရပ်တည်ပြီး “ရိစာလသ်” အတိုင်း ဘဝမွေးမြူခဲ့ပါက ဂျန္နသ် တည်းဟူသော အမတ သုခ
ဘုံနန်းတွင် ထာဝရ သက်တမ်းဖြင့် စံမြန်းနေထိုင်ရမည်။

ထိုသို့စံမြန်းနေထိုင်ရင်း တစ်နေ့တွင် အလ္လာဟ်အရှင်မြတ်ကို မျက်မြင်ကိုယ်တွေ့ ဖူးတွေ့ရမည်။ ထိုအခါ သင် ကမ္ဘာမြေတွင် နေထိုင်စဉ်ကခံစားခဲ့ရသောစိတ်ဆင်းရဲမှုများနှင့် ကိုယ်ခန္ဓာဆိုင်ရာ ဒုက္ခများကို လုံးဝ မေ့လျော့
သွားမည်ဖြစ်ပြီး၊ ထိုဒုက္ခများကို မခံစားခဲ့ရသကဲ့သို့ပင်ဖြစ်မည်။ ထိုသို့ အလ္လာဟ်အရှင်မြတ်ကို ဖူးမြင်ရပြီး
နောက်တွင် ထိုသို့ ဖူးမြင်ရခြင်းလောက်ကောင်းသော သုခဟူသည် မရှိတော့ကြောင်း သင်ခံစားရမည်။

ကျွန်ုပ် သက်သေပြုပါ၏။ ဤစာကို ဖတ်ရသူအပေါင်းလည်း သက်သေဖြစ်ပါ။ ကျွန်ုပ်တို့ ဂျန္နသ်တွင် အလ္လာဟ်
အရှင်မြတ်ကို ဖူးမြင်ရရန် သောင်ဝ်ဟီးဒ်ကို ခိုင်မြဲစွာ ယုံကြည် နှလုံးသွင်းကြပါစို့။

“အရှ်ဟဒု အလ်လားအိလားဟ၊ အိလ္လလ္လားဟု၊ ဝအရှ်ဟဒုအန္န၊ မုဟမ္မဒန်၊ အဗ်ဒုဟူ၊ ဝရစူးလုဟူ”


REF:::ဗန်ဒဟ် - Mohammed Bilarl (Humanitarian Accessibility and Participation)
RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment