Pages

Sunday, September 8, 2013

ဆီးရီးယားကို တာဝေးပစ်ဗုံးကြဲလေယာဉ်များဖြင့် တိုက်ဖွယ်ရှိ

RangonNewsDaily:: September 8, 2013
ဆီးရီးယားကို စစ်ရေးအရ အရေးယူ တိုက်ခိုက်မှုပြုရာတွင် တာဝေးပစ် ဗုံးကြဲလေယာဉ်များ ကိုပါ အသုံးပြုတိုက်ခိုက်ဖွယ်ရှိပြီး ယင်းသည် ကန့်သတ်ချက်စစ်ဆင် နွှဲမှုကို အခြေခံအားဖြင့် ပြောင်း လဲစေမည်မဟုတ်ကြောင်း အမေ ရိကန်အရာရှိတို့က ပြောသည်။အမေရိကန်အရာရှိက ဗုံး ကြဲလေယာဉ်များနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗုံးကြဲလေယာဉ် ပေါ်မှ လက်နက်များကို အသုံးချ နိုင်မည်ဖြစ်သကဲ့သို့ သင်္ဘော သို့ မဟုတ်
ရေငုပ်သင်္ဘောပေါ်မှနေ၍ ပစ်ခတ် နိုင်မည်ဖြစ်သည်ဟုဆိုသည်။
ABC news မှ ရေးသား ဖော်ပြရာတွင်မူ ဆီးရီးယားကို တိုက်ခိုက်ရန်အတွက် ဘီ-၂နှင့် ဘီ-၅၂ ဗုံးကြဲလေယာဉ်များမှ ဒုံး ကျည်များဖြင့် ပစ်ခတ်တိုက်ခိုက် ဖွယ်ရှိကြောင်း သိရသည်။ 
ပင် တဂွန်အနေဖြင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ရောက်ရှိထိမှန်စေ နိုင်မည့် အစွမ်းထက်သောလက် နက်များကို တပ်ဖြန့်ချထားရန် စီစဉ်ထားကြောင်း၊ ထို့ပြင် မြေထဲ ပင်လယ်ရှိ ဖျက်သင်္ဘောများမှ လေတပ်ဗုံးကြဲလေယာဉ်များကို ပါ အသုံးပြုသွားဖွယ်ရှိနေသည် ဟု ဝေါစထရိဂျာနယ်တွင် ရေး သားဖော်ပြခဲ့သည်။

Credit to - Yangon Media Group
,  Ref-CNN , RangonNewsDaily
kolatt (Pabedan)
 

0 comments:

Post a Comment