Pages

Sunday, September 8, 2013

မက်ဒရစ်၊ အစ္စတန်ဘူလ်တို့ကိုကျော်ဖြတ်ပြီး တိုကျို အိုလံပစ်ပြိုင်ပွဲ ကျင်းပခွင့်ရခဲ့

နိုင်ငံတကာ အိုလံပစ်ကော်မတီ၏ မဲပေးရွေးချယ်မှုဖြင့် ၂၀၂၂ အိုလံပစ် ပြိုင်ပွဲအတွက် အိမ်ရှင်ရွေးချယ်ပွဲကိုအာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေရိစ်မြို့၌ ကျင်းပခဲ့ရာ တိုကျိုမြို့က အနိုင်ရရှိသွားခဲ့သည်။ ၂၀၂၀ အိုလံပစ် ပြိုင်ပွဲအိမ်ရှင်အဖြစ် စပိန်နိုင်ငံမြို့တော် မက်ဒရစ်၊ တူရကီနိုင်ငံမြို့တော် အစ္စတန်ဘူလ်နှင့် ဂျပန်နိုင်ငံမြို့တော် တိုကျိုတို့ ၀င်ရောက်ရွေးချယ်ခံခဲ့ရာတွင် ၁၉၆၄ခုနှစ်က အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့ဖူးသော တိုကျိုမြို့က ဒုတိယအကြိမ် အောင်ပွဲခံ
သွားနိုင်ခဲ့ခြင်းဖြစ်သည်။

ပထမအဆင့် မဲပေးမှုများပြုလုပ်ခဲ့ရာတွင် မဲအရေအတွက် တူညီနေသည့် မက်ဒရစ်နှင့် အစ္စတန်ဘူလ်တို့ကို တိုကျိုက အသာရခဲ့သည့်ပြီး ထပ်ဆောင်းမဲပေးချိန်တွင် မက်ဒရစ်က ၄၅သာ ရခဲ့သော်လည်း အစ္စတန်ဘူလ်က ၄၉မဲ ရရှိခဲ့သည့်အတွက် နောက်ဆုံးအဆင့်သို့ အစ္စတန်ဘူလ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးအဆင့်၌ အစ္စတန်ဘူလ်နှင့် တိုကျိုတို့ယှဉ်ပြိုင်ခဲ့ရာ၌ ထင်ကြေးပေးခံခဲ့ရသည့် အစ္စတန်ဘူလ်မှာ (၃၆)မဲသာ ရခဲ့သော်လည်း တိုကျိုက မဲ၆၀ ရရှိခဲ့ကာ အိုလံပစ်ပြိုင်ပွဲနှင့် ပါရာလန်ပစ်(မသန်စွမ်းသူများအားကစားပွဲတော်)ကိုပါ လက်ခံကျင်းပခွင့် ရရှိသွားခဲ့သည်။

တိုကျိုတွင် နျူကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲခဲ့သည့်အပေါ် အိုလံပစ်ကော်မတီ အဖွဲ့ဝင်အချို့က စိုးရိမ်ခဲ့ကြသော်လည်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက အဆိုပါ ကိစ္စအတွက်စိုးရိမ်ပူပန်စရာမရှိကြောင်း နိုင်ငံတကာ အိုလံပစ်ကော်မတီထံ အာမခံချက် ပေးနိုင်ခဲ့ခြင်းမှာလည်း အိမ်ရှင်အဖြစ် ရွေးချယ်ခံခဲ့ရသည့် အကြောင်းအရာတစ်ရပ်ဖြစ်သည်။
http://yoyarlay.com/sport/other-sports/37760-2013-09-08-05-51-53
ဇော်ထွန်း(ရိုးရာလေး)

RangonNewsDaily:: September 8, 2013
နိုင်ငံတကာ အိုလံပစ်ကော်မတီ၏ မဲပေးရွေးချယ်မှုဖြင့် ၂၀၂၂ အိုလံပစ် ပြိုင်ပွဲအတွက် အိမ်ရှင်ရွေးချယ်ပွဲကိုအာဂျင်တီ
းနားနိုင်ငံ၊ ဗျူနိုအေရိစ်မြို့၌ ကျင်းပခဲ့ရာ တိုကျိုမြို့က အနိုင်ရရှိသွားခဲ့သည်။ ၂၀၂၀ အိုလံပစ် ပြိုင်ပွဲအိမ်ရှင်အဖြစ် စပိန်နိုင်ငံမြို့တော် မက်ဒရစ်၊ တူရကီနိုင်ငံမြို့တော် အစ္စတန်ဘူလ်နှင့် ဂျပန်နိုင်ငံမြို့တော် တိုကျိုတို့ ၀င်ရောက်ရွေးချယ်ခံခဲ့ရာတွင် ၁၉၆၄ခုနှစ်က အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့ဖူးသော တိုကျိုမြို့က ဒုတိယအကြိမ် အောင်ပွဲခံ
သွားနိုင်ခဲ့ခြင်းဖြစ်သည်။

ပထမအဆင့် မဲပေးမှုများပြုလုပ်ခဲ့ရာတွင် မဲအရေအတွက် တူညီနေသည့် မက်ဒရစ်နှင့် အစ္စတန်ဘူလ်တို့ကို တိုကျိုက အသာရခဲ့သည့်ပြီး ထပ်ဆောင်းမဲပေးချိန်တွင် မက်ဒရစ်က ၄၅သာ ရခဲ့သော်လည်း အစ္စတန်ဘူလ်က ၄၉မဲ ရရှိခဲ့သည့်အတွက် နောက်ဆုံးအဆင့်သို့ အစ္စတန်ဘူလ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးအဆင့်၌ အစ္စတန်ဘူလ်နှင့် တိုကျိုတို့ယှဉ်ပြိုင်ခဲ့ရာ၌ ထင်ကြေးပေးခံခဲ့ရသည့် အစ္စတန်ဘူလ်မှာ (၃၆)မဲသာ ရခဲ့သော်လည်း တိုကျိုက မဲ၆၀ ရရှိခဲ့ကာ အိုလံပစ်ပြိုင်ပွဲနှင့် ပါရာလန်ပစ်(မသန်စွမ်းသူများအားကစားပွဲတော်)ကိုပါ လက်ခံကျင်းပခွင့် ရရှိသွားခဲ့သည်။

တိုကျိုတွင် နျူကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲခဲ့သည့်အပေါ် အိုလံပစ်ကော်မတီ အဖွဲ့ဝင်အချို့က စိုးရိမ်ခဲ့ကြသော်လည်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက အဆိုပါ ကိစ္စအတွက်စိုးရိမ်ပူပန်စရာမရှိကြောင်း နိုင်ငံတကာ အိုလံပစ်ကော်မတီထံ အာမခံချက် ပေးနိုင်ခဲ့ခြင်းမှာလည်း အိမ်ရှင်အဖြစ် ရွေးချယ်ခံခဲ့ရသည့် အကြောင်းအရာတစ်ရပ်ဖြစ်သည်။

ဇော်ထွန်း(ရိုးရာလေး) , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment