Pages

Sunday, September 8, 2013

ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် စပါးအုံးမြွေမှ အိမ်ပေါ်တက် လူမျိုရန် ကြိုပမ်း

Photo: စပါးအုံးမြွေ အိမ်ပေါ်တက် လူမျိုရန် ကြိုပမ်း
Saturday, September 7, 2013

ရန်ကုန် ၊ စက်တင်ဘာ ၆ ။ ။ အိမ် တွင် တက်ရောက်ခိုအောင်းနေ သည့် ကြီးမားသည့် စပါးအုံးမြွေ တစ်ကောင်က အိမ်ရှင်အမျိုးသား တစ်ဦးကို ဖျစ်ညှစ် သတ်ပြီး ဝါးမျို ရန်ကြိုးပမ်းမှုတစ်ခု ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၌ စက်တင်ဘာ ၅ရက်က ဖြစ်ပေါ်ခဲ့ကြောင်း စုံစမ်း သိရသည်။ သို့သော် အဆိုပါမြွေ ကို အိမ် ရှင်အမျိုးသားက ပြန်လည်သတ် ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ်ရှိ လူနေထူထပ်သောရပ်ကွက် ဖြစ်သည့် အမှတ်(၇၀)ရပ်ကွက်၊ စိတ္တကျော်သူ လမ်း၊ အိမ်အမှတ် ၁၅၉၆ တွင် စက်တင်ဘာ၅ရက် မွန်းလွဲ၂နာရီခွဲဝန်းကျင်က ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး အိမ်ခန်းအတွင်း ဝင်အိပ်သည့် အိမ်ရှင်အမျိုးသား ကို နေအိမ်တွင် တက်ရောက် ခို အောင်းနေသည့် လုံးပတ်တစ်ပေ၊ အရှည် ကိုးပေ သုံးလက်မအရွယ် ရှိစပါးအုံးမြွေက တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း မြွေတိုက် ခိုက်ခြင်းခံ ခဲ့ရ သည့် မိသားစုဝင်များနှင့်အိမ် နီးနားချင်း များ၏ ပြောကြားမှု အရ သိရသည်။

သူက အိပ်မယ်ဆိုပြီး အိမ်ထဲကို ၀င်သွားတဲ့အချိန်မှာ မြွေကသူ့ကို လက်ကနေစပြီး ခန္ဓာကိုယ်၊ လည်ပင်းတွေကို ပတ်ထားလိုက်တာ သူက မြွေခေါင်းကို မိအောင်ညှပ်ပြီး ထရံမှာ ထိုးထားတဲ့ ကြက်သွန်လှီးဓါးနဲ့ ထိုးသတ်လိုက်တာ အချက်ပေါင်းများစွာ ထိုးတာ ဟု မြွေမျိုရန် ကြိုးပမ်းမှု ဖြစ်ခဲ့ပုံကို ဇနီးဖြစ်သူက ပြောသည်။ အဆိုပါနေအိမ်၏ အလုပ်အကိုင်သည် အငှားကားမောင်းခြင်းဖြစ်ပြီး လေးနှစ်အရွယ်ကလေးတစ်ဦး အပါဝင် ကိုသန့်ဇော်ဦးနှင့် မစမ်းစမ်းသူတို့ မိသားစု (၃)ဦး နေထိုင်ကာ အခင်းဖြစ်သည့်အချိန်တွင် ကလေးအား မူကြိုကျောင်းကို ပို့ထားချိန်ဖြစ်ပြီး လူနှင့် မြွေတို့ (၁၅)မိန်စ်ခန့် တိုက်ခိုက်ခဲ့ရကြောင်း သိရသည်။ မြွေတိုက်ခိုက်မှု ခံခဲ့ရသည့် အမျိုးသား၏ ဇနီး မစမ်းစမ်းသူသည် အမျိုးသားက ကားခဏနားပြီး ပြန်လာတာ၊ သူက အိပ်ချင်လို့ အရင်ဝင်သွားပြီး အမက ဈေးဝယ်ဖို့ ကျန်ခဲ့တာ ပြန်လာတော့ မြွေနဲ့ သူနဲ့ နပန်းလုံးနေတာပဲဟု ဖြစ်ပျက်ပုံကို ပြောပြသည်။

မစမ်းစမ်းသူက အမနဲ့ကလေးပဲ ရှိတဲ့အချိန်မှာ ဖြစ်ရင်မလွယ်ဘူး၊ အခုမြွေခွေနေတဲ့နေရာမှာ ကလေးက အမြဲဆော့နေကျ၊ အရုပ်ပုံက အဲဒီမှာ ထားတာ အခုချက်ခြင်း အိမ်ပြောင်းတော့မှာ မနေရဲတော့ဘူး ဟု စက်တင်ဘာလ (၆)ရက်နေ့ နေ့လည်ပိုင်းက ပြောသည်။ ပုံမှန်အားဖြင့် နေအိမ်၏ နောက်ဖေးပေါက်ကို ပိတ်ထားသော်လည်း ယင်းနေ့တွင် ရာသီဥတုသာယာသည့်အတွက် ဖွင့်ထားချိန်တွင် တက်ရောက်လာခြင်းဖြစ်ကြောင်း အိမ်ရှင်မိသားစုက ပြောသည်။

ဘေးချင်းကပ်နေအိမ်မှ အိမ်နီးချင်းဒေါ်မူက အမက အိမ်နေက သူက မမူရေ မမူရေနဲ့ လှမ်းအော်တာ။ ထွက်ကြည့်တော့ မြွေနဲ့ သူနဲ့ လုံးနေတာ ပြီးတော့ မြွေက အပုံလိုက်ကြီး ဟဲ့ ဘယ်က ဖမ်းလာတာလဲလို့ သူ့ကို မေးတော့ မောနေတဲ့အတွက် ချက်ခြင်း မဖြေနိုင်ဘူး၊ မေးကြည့်တော့ သူအိပ်နေတာ လည်ပင်းကို မြွေက လာရစ်တာ၊ သူနဲ့မြွေ သတ်နေတဲ့အချိန်မှာ လှမ်းခေါ်နေတာလို့ ပြောတယ်၊ အမက ချက်ချင်း ထွက်မကြည့်မိဘူးဟု ဖြစ်ပျက်ခဲ့ပုံကို ပြောသည်။

အဆိုပါ မြွေသေကို (၇၀)ရက်ကွက် အုပ်ချုပ်ရေးမှူးရုံးက လာရောက် ယူငင်သွားကြောင်း၊ နောက်ထပ်မြွေနှင့် ပက်သက်ပြီး မည်သည့်အကြောင်းမှ မကြားရတော့ကြောင်း မြွေနှင့် တိုက်ခိုက်ခဲ့သည့် မိသားစုက ပြောသည်။ မျက်နှာချင်းဆိုင်နေအိမ်မှ ရက်ကွက်သားတစ်ဦးမှ မြွေတွေက မွေးမြူထားတာဖြစ်မယ်၊ အဲဒီကနေ လွတ်ပြီး ထွက်လာတာလည်း ဖြစ်နိုင်တယ်၊ အဲဒီမြွေက နည်းနည်းနှောနှော အကောင်ကြီး မဟုတ်ဘူး၊ သူ့ရဲ့ သည်းခြေအိတ်၊ ညှို့အိတ်၊ အရေခွံတွေက တန်းဖိုးရှိတယ်။ အသေကို ရောင်းရင်တောင် သိန်းချီရနိုင်တယ်လို့ သုံးသပ်ပြောသည်။

ယခုအဖြစ်အပျက်နှင့် ပက်သက်ပြီ.း မြွေအသေကောင်ကို ယူသွားသည့် (၇၀)၇က်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်သန့်က ရပ်ကွက်အထောက်အကူပြု အဖွဲ့တွေရဲ့ အရှေ့မှာပဲ ပီနန်အိပ်နဲ့ ထည့်ပြီး မြေမြုပ်လိုက်တယ်၊အထက် အဖွဲ့အစည်း အဆင့်ဆင့်ကိုလည်း ပြောပြထားပြီးပါပြီ ဟုပြောသည်။

ကျော်ဇေယျ
The Yangon Times

RangonNewsDaily:: September 7, 2013

အိမ် တွင် တက်ရောက်ခိုအောင်းနေ သည့် ကြီးမားသည့် စပါးအုံးမြွေ တစ်ကောင်က အိမ်ရှင်အမျိုးသား တစ်ဦးကို ဖျစ်ညှစ် သတ်ပြီး ဝါးမျို ရန်ကြိုးပမ်းမှုတစ်ခု ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၌ စက်တင်ဘာ ၅ရက်က ဖြစ်ပေါ်ခဲ့ကြောင်း စုံစမ်း သိရသည်။ သို့သော် အဆိုပါမြွေ ကို အိမ် ရှင်အမျိုးသားက ပြန်လည်သတ် ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။ ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ်ရှိ လူနေထူထပ်သောရပ်ကွက် ဖြစ်သည့် အမှတ်(၇၀)ရပ်ကွက်၊ စိတ္တကျော်သူ လမ်း၊ အိမ်အမှတ် ၁၅၉၆ တွင် စက်တင်ဘာ၅ရက် မွန်းလွဲ၂နာရီခွဲဝန်းကျင်က ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး အိမ်ခန်းအတွင်း ဝင်အိပ်သည့် အိမ်ရှင်အမျိုးသား ကို နေအိမ်တွင် တက်ရောက် ခို အောင်းနေသည့် လုံးပတ်တစ်ပေ၊ အရှည် ကိုးပေ သုံးလက်မအရွယ် ရှိစပါးအုံးမြွေက တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း မြွေတိုက် ခိုက်ခြင်းခံ ခဲ့ရ သည့် မိသားစုဝင်များနှင့်အိမ် နီးနားချင်း များ၏ ပြောကြားမှု အရ သိရသည်။

သူက အိပ်မယ်ဆိုပြီး အိမ်ထဲကို ၀င်သွားတဲ့အချိန်မှာ မြွေကသူ့ကို လက်ကနေစပြီး ခန္ဓာကိုယ်၊ လည်ပင်းတွေကို ပတ်ထားလိုက်တာ သူက မြွေခေါင်းကို မိအောင်ညှပ်ပြီး ထရံမှာ ထိုးထားတဲ့ ကြက်သွန်လှီးဓါးနဲ့ ထိုးသတ်လိုက်တာ အချက်ပေါင်းများစွာ ထိုးတာ ဟု မြွေမျိုရန် ကြိုးပမ်းမှု ဖြစ်ခဲ့ပုံကို ဇနီးဖြစ်သူက ပြောသည်။ အဆိုပါနေအိမ်၏ အလုပ်အကိုင်သည် အငှားကားမောင်းခြင်းဖြစ်ပြီး လေးနှစ်အရွယ်ကလေးတစ်ဦး အပါဝင် ကိုသန့်ဇော်ဦးနှင့် မစမ်းစမ်းသူတို့ မိသားစု (၃)ဦး နေထိုင်ကာ အခင်းဖြစ်သည့်အချိန်တွင် ကလေးအား မူကြိုကျောင်းကို ပို့ထားချိန်ဖြစ်ပြီး လူနှင့် မြွေတို့ (၁၅)မိန်စ်ခန့် တိုက်ခိုက်ခဲ့ရကြောင်း သိရသည်။ မြွေတိုက်ခိုက်မှု ခံခဲ့ရသည့် အမျိုးသား၏ ဇနီး မစမ်းစမ်းသူသည် အမျိုးသားက ကားခဏနားပြီး ပြန်လာတာ၊ သူက အိပ်ချင်လို့ အရင်ဝင်သွားပြီး အမက ဈေးဝယ်ဖို့ ကျန်ခဲ့တာ ပြန်လာတော့ မြွေနဲ့ သူနဲ့ နပန်းလုံးနေတာပဲဟု ဖြစ်ပျက်ပုံကို ပြောပြသည်။

မစမ်းစမ်းသူက အမနဲ့ကလေးပဲ ရှိတဲ့အချိန်မှာ ဖြစ်ရင်မလွယ်ဘူး၊ အခုမြွေခွေနေတဲ့နေရာမှာ ကလေးက အမြဲဆော့နေကျ၊ အရုပ်ပုံက အဲဒီမှာ ထားတာ အခုချက်ခြင်း အိမ်ပြောင်းတော့မှာ မနေရဲတော့ဘူး ဟု စက်တင်ဘာလ (၆)ရက်နေ့ နေ့လည်ပိုင်းက ပြောသည်။ ပုံမှန်အားဖြင့် နေအိမ်၏ နောက်ဖေးပေါက်ကို ပိတ်ထားသော်လည်း ယင်းနေ့တွင် ရာသီဥတုသာယာသည့်အတွက် ဖွင့်ထားချိန်တွင် တက်ရောက်လာခြင်းဖြစ်ကြောင်း အိမ်ရှင်မိသားစုက ပြောသည်။

ဘေးချင်းကပ်နေအိမ်မှ အိမ်နီးချင်းဒေါ်မူက အမက အိမ်နေက သူက မမူရေ မမူရေနဲ့ လှမ်းအော်တာ။ ထွက်ကြည့်တော့ မြွေနဲ့ သူနဲ့ လုံးနေတာ ပြီးတော့ မြွေက အပုံလိုက်ကြီး ဟဲ့ ဘယ်က ဖမ်းလာတာလဲလို့ သူ့ကို မေးတော့ မောနေတဲ့အတွက် ချက်ခြင်း မဖြေနိုင်ဘူး၊ မေးကြည့်တော့ သူအိပ်နေတာ လည်ပင်းကို မြွေက လာရစ်တာ၊ သူနဲ့မြွေ သတ်နေတဲ့အချိန်မှာ လှမ်းခေါ်နေတာလို့ ပြောတယ်၊ အမက ချက်ချင်း ထွက်မကြည့်မိဘူးဟု ဖြစ်ပျက်ခဲ့ပုံကို ပြောသည်။

အဆိုပါ မြွေသေကို (၇၀)ရက်ကွက် အုပ်ချုပ်ရေးမှူးရုံးက လာရောက် ယူငင်သွားကြောင်း၊ နောက်ထပ်မြွေနှင့် ပက်သက်ပြီး မည်သည့်အကြောင်းမှ မကြားရတော့ကြောင်း မြွေနှင့် တိုက်ခိုက်ခဲ့သည့် မိသားစုက ပြောသည်။ မျက်နှာချင်းဆိုင်နေအိမ်မှ ရက်ကွက်သားတစ်ဦးမှ မြွေတွေက မွေးမြူထားတာဖြစ်မယ်၊ အဲဒီကနေ လွတ်ပြီး ထွက်လာတာလည်း ဖြစ်နိုင်တယ်၊ အဲဒီမြွေက နည်းနည်းနှောနှော အကောင်ကြီး မဟုတ်ဘူး၊ သူ့ရဲ့ သည်းခြေအိတ်၊ ညှို့အိတ်၊ အရေခွံတွေက တန်းဖိုးရှိတယ်။ အသေကို ရောင်းရင်တောင် သိန်းချီရနိုင်တယ်လို့ သုံးသပ်ပြောသည်။

ယခုအဖြစ်အပျက်နှင့် ပက်သက်ပြီ.း မြွေအသေကောင်ကို ယူသွားသည့် (၇၀)၇က်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်သန့်က ရပ်ကွက်အထောက်အကူပြု အဖွဲ့တွေရဲ့ အရှေ့မှာပဲ ပီနန်အိပ်နဲ့ ထည့်ပြီး မြေမြုပ်လိုက်တယ်၊အထက် အဖွဲ့အစည်း အဆင့်ဆင့်ကိုလည်း ပြောပြထားပြီးပါပြီ ဟုပြောသည်။

ကျော်ဇေယျ
The Yangon Times , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment