Pages

Sunday, September 8, 2013

စစ်ကိုင်းတိုင်းဒေသကြီး ဘာသာပေါင်းစုံ ညီညွတ်ရေးအဖွဲ့ ဖွဲ့စည်း

RangonNewsDaily:: September 8, 2013

စစ်ကိုင်းတိုင်းဒေသကြီး ဘာသာပေါင်းစုံ ညီညွတ်ရေးအဖွဲ့ကို စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဘာသာကြီးလေးခုမှ လူပုဂ္ဂိုလ် ၂၂ ဦးဖြင့် မုံရွာခရိုင် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဖွဲ့စည်းခဲ့ကြောင်း ဘာသာပေါင်းစုံ ညီညွတ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ “ပဋိပက္ခ အရေးအခင်းတွေ ဆက်လက်မဖြစ်ပေါ်အောင် ဘာသာကြီး လေးမျိုးက စုပေါင်းဆောင်ရွက်ဖို့ ဖွဲ့စည်းတာပါ။ အခုစဖွဲ့တာကတော့ တိုင်းအဆင့် အဖွဲ့အစည်းပေါ့။ ဆက်ပြီး ခရိုင်၊ မြို့နယ်နဲ့ ရပ်ကွက်ကျေးရွာ အဆင့်တွေအထိ ဖွဲ့စည်းသွားဖို့ အစီအစဉ် ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်တွင် သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းက အမျိုးသမီးတစ်ဦးကို အစ္စလာမ် ဘာသာဝင် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်သည့်သတင်း ထွက်ပေါ်ခဲ့ပြီးနောက် အကြမ်းဖက် ပဋိပက္ခများ ဖြစ်ပွား ခဲ့ရာ ဈေးဆိုင်ခန်းများနှင့် လူနေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

The Voice::-- , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment