မေလ ၃၊ ၂၀၁၃
မန္တလေး ။ ။ မန္တလေးမြို့တွင် ယမန်နေ့ညက ဆူပူမှုဖြစ်စေရန် ကြံစည်လှုံ့ဆော်မှုဖြင့် ဗုဒ္ဓဘာသာဝင် ၃-ဦးနှင့်မွတ်စလင်မ်၁-ဦးကို တရားစွဲဆိုလိုက်ကြောင်းသိရသည့်အတွက်တရားစွဲဆွဲခြင်းခံနေရသည် ဦးမြင့်
ဦး၏ ဆွေမျိုးသားချင်းများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။“မန္တလေးမှာ မနေ့ညနေ ၆နာရီခွဲလောက်က စကြနွယ်စဉ်ရပ်ကွက်၊ ၃၅-လမ်း၊ ၇၆-လမ်းအနီးမှာ ကား၂-စီးနဲ့ ရပ်ကွက်ထဲမှာ လာပြီး ဆဲဆိုတာလာလုပ်
တယ်။ဆဲဆိုသံကြားတော့ရပ်ကွက်လူထုက ထွက်ကြည့်ကြတယ်။ ထွက်ကြည့်တော့ ရပ်ကွက် လူထုကို ကား
-၂စီးက ဆဲတာ။ ဆဲတော့ ရပ်ကွက်ထဲက လူတွေက ခဲတွေ၊ တုတ်တွေနဲ့လိုက်တော့ ထွက်ပြေးကြတယ်။
မန္တလေး ။ ။ မန္တလေးမြို့တွင် ယမန်နေ့ညက ဆူပူမှုဖြစ်စေရန် ကြံစည်လှုံ့ဆော်မှုဖြင့် ဗုဒ္ဓဘာသာဝင် ၃-ဦးနှင့်မွတ်စလင်မ်၁-ဦးကို တရားစွဲဆိုလိုက်ကြောင်းသိရသည့်အတွက်တရားစွဲဆွဲခြင်းခံနေရသည် ဦးမြင့်
ဦး၏ ဆွေမျိုးသားချင်းများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။“မန္တလေးမှာ မနေ့ညနေ ၆နာရီခွဲလောက်က စကြနွယ်စဉ်ရပ်ကွက်၊ ၃၅-လမ်း၊ ၇၆-လမ်းအနီးမှာ ကား၂-စီးနဲ့ ရပ်ကွက်ထဲမှာ လာပြီး ဆဲဆိုတာလာလုပ်
တယ်။ဆဲဆိုသံကြားတော့ရပ်ကွက်လူထုက ထွက်ကြည့်ကြတယ်။ ထွက်ကြည့်တော့ ရပ်ကွက် လူထုကို ကား
-၂စီးက ဆဲတာ။ ဆဲတော့ ရပ်ကွက်ထဲက လူတွေက ခဲတွေ၊ တုတ်တွေနဲ့လိုက်တော့ ထွက်ပြေးကြတယ်။





![ထိုင်းနိုင်ငံက ATM စက်တွေ မြန်မာဘာသာဖြင့် အသုံးပြုနိုင်
Friday, May 03, 2013
ထိုင်းနိုင်ငံက လူသုံးအများဆုံးဘဏ်တစ်ခုဖြစ်တဲ့ SCB (Siam Commercial Bank)ဘဏ်တွေက ATM ငွေထုတ်စက်တွေမှာ မြန်မာဘာသာကိုပါ ထည့်သွင်းအသုံးပြုလာကြောင်း တွေ့ရပါတယ်။
မြန်မာနိုင်ငံသို့ ငွေလွှဲခြင်းအပါအ၀င် ငွေထုတ်ခြင်း၊ ငွေစစ်ခြင်းစတဲ့ လုပ်ဆောင်ချက်တွေကို ATM ငွေထုတ်စက်ကနေ ပြုလုပ်လို့ရတာ ဖြစ်ပါတယ်။
SCB ATM ငွေထုတ်စက်တွေမှာ မြန်မာ၊ အင်္ဂလိပ်၊ ထိုင်း၊ တရုတ် ဘာသာ(၄)မျိုးနဲ့ ရွေးချယ်သုံးစွဲလို့ရနေပါတယ်။
DVB TV News
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကိုLike လုပ်ထားပါ](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-prn1/s480x480/21185_569845933056049_1980026198_n.jpg)


![ဘာလီမှာဗုံးခွဲခဲ့တဲ့ အကြမ်းဖက်ခေါင်းဆောင်က မြန်မာနိုင်ငံကို ဘာသာရေးစစ်ပွဲဆင်နွှဲမယ်လို့ဆို
Friday, May 03, 2013
မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေကို ဘာသာရေးစစ်ပွဲဆင်နွှဲမယ်လို့ အင်ဒိုနီးရှား အစ္စလာမ်မစ် စစ်သွေးကြွ တွေရဲ့ ခေါင်းကိုင်ဖခင်ကြီး အဘူဘာကာ ဘရှား ကခြိမ်းခြောက်ခဲ့ပြီးတဲ့နောက်မှာ အင်ဒိုနီးရှား က အစ္စလာမ် စစ် သွေးကြွတွေဟာ မြန်မာနိုင်ငံကို ပစ်မှတ်ထားလာပါတယ်။
အဲဒီလိုခြိမ်းခြောက်ထားတာကို အစွန်းရောက်ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Voice of al-Islam မှာ ကြာ သပ တေးနေ့ ကဖော်ပြခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ ဂျာကာတာမြို့လယ်က မြန်မာသံရုံးကို ဗုံးဖောက်ခွဲဖို့ ပိုက်ဗုံး တွေ သယ်လာတဲ့လူနှစ်ယောက်ကို လမ်းမှာအင်ဒိုရဲတွေက ဖမ်းဆီးရမိခဲ့ပါတယ်။
၂၀၀၂ ခုနှစ် ဘာလီဗုံးခွဲသမားတွေကို လှုံ့ဆော်ပေးခဲ့တဲ့ အဘူဘာကာက မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ် က ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုဆောင်ရွက်နေပြီး ဘာသာရေးစစ်ပွဲဆင်နွှဲခြင်းဟာ တစ်ခု တည်းသော အဖြေဖြစ်တယ်လို့ ဆိုပါတယ်။
“ဘာသာရေးစစ်ပွဲမဆင်နွှဲချင်တဲ့ ငါတို့အမှားကြောင့် ဒီလိုဖြစ်ရတာ၊ ဘာသာရေးစစ်ပွဲဆင်နွှဲချင်တဲ့ အတွက် ဖိလစ်ပိုင်မူဆလင်တွေဟာ အင်အားကောင်းကြတယ်” လို့ အဘူဘာကာက ပြောကြားခဲ့တယ်။
၂၀၀၂ ခုနှစ် ဘာလီဗုံးခွဲမှုအတွက် ထောင်ဒဏ် ၁၅ နှစ်ကျခံနေရတဲ့ အဘူကာက အာဖဂန်နစ္စတန်မှာ ကွန်မြူ နစ် ဆိုဗီယက်တွေကို ချေမှုန်းခဲ့သလို မြန်မာနိုင်ငံကို ချေမှုန်းဖို့ အင်ဒိုနီးရှားက မူဂျာဟစ် ဒစ်တွေ ကို တောင်းဆို လိုက်ပါတယ်။
“အလ္လာရဲ့ခွင့်ပြုချက်အရ ငါတို့ဟာ မြန်မာတွေကို ကွန်မြူနစ်ရုရှားတွေ၊ ဒါမှမဟုတ် အမေရိကန်တွေလို အစိတ်စိတ်ပြိုကွဲပျက်စီးသွားအောင် (ဂေါ့ဒ်ရဲ့အလိုအရ) ချေမှုန်းကြရမယ်။ မေတ္တာထားကြပါလို့ ဗုဒ္ဓဘာ သာရဲ့ ဆုံးမချက်တွေဟာ အဓိပ္ပါယ်မရှိတာတွေ၊ လက်တွေ့မှာ ဗုဒ္ဓဘာသာဝင်တွေဟာ မူဆလင် ရိုဟင်ဂျာ တွေ ကို သတ်နေကြတယ်” လို့ အဘူဘာကာက ပြောခဲ့ပါတယ်။
ကြာသပတေးညက အင်ဒိုပုလိပ်တွေဟာ အိမ်လုပ်ဗုံးငါးလုံးကို သယ်လာတဲ့ လူနှစ်ယောက်ကို မြန်မာသံရုံး ကိုလာတဲ့လမ်းမှာ ဖမ်းဆီးခဲ့ပါတယ်။
http://www.smh.com.au/world/bali-terror-leader-calls-for-jihad-against-myanmar-20130503-2ixp2.html
လင်္ကာ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News]ကိုLike လုပ်ထားပါ](https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-prn1/s480x480/923208_569817799725529_1425407010_n.jpg)
![၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် များအား ၏ အမေရိကန်ခရီးအတွက် Father Land ကုမ္ပဏီမှ ငွေကျပ် သိန်း (၅၀) ထောက်ပံ့ပေးအပ်ခဲ့
Friday, May 03, 2013
မေလအတွင်း ကိုမင်းကိုနိုင်ဦးဆောင်သည့် ၈၈မျိုးဆက်ခေါင်းဆောင်များ၏ အမေရိကန်ခရီးစဉ်အတွက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် များအား Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ ငွေကျပ်သိန်း (၅၀) ထောက်ပံ့ပေးခဲ့ကြောင်း Father Land ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့ နှစ်ဦး အပါအ၀င် ၈၈ အဖွဲ့ဝင်များ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီ အခြေစိုက် National Endowment for Democracy ၏ဖိတ်ကြားချက်အရ ယခုလ (၁၉) ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုကို ပထမဆုံးအကြိမ်သွားရောက်မှာဖြစ်ပါသည်။ ကိုမင်းကိုနိုင်ဟာ NED အဖွဲ့ကြီးကချီးမြှင့်တဲ့ ၂၀၁၂ ခုနှစ် ဒီမိုကရေစီဆုကိုလည်း ခရီးစဉ်အတွင်း ကိုယ်တိုင်လက်ခံသွားမည်ဖြစ်သည်။
ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးဟာ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မတိုင်ခင် တောင်ကိုရီးယား နိုင်ငံကို အရင်ဆုံးသွားရောက်မှာဖြစ်ပြီး မင်းကိုနိုင်ဟာ NED က ၂၀၁၂ ခုနှစ်အတွက် ဂုဏ်ပြုချီးမြှင့်တဲ့ ဒီမိုကရေစီဆုကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း လက်ခံယူဖို့အစီအစဉ်ရှိခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံကူး လက်မှတ်လျောက်ထားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေကို မြန်မာ အစိုးရက အကန့်အသတ်နဲ့ ထုတ်ပေးခဲ့တာကို လက်မခံဘဲ ပြည်ပခရီးစဉ်တွေကို ဖျက်သိမ်းခဲ့သည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အား ထောက်ပံ့ပေးသည့် Father Land ကုမ္ပဏီသည် နိုင်ငံအနှံ ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်ပြီး ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များမှာ မြန်မာနိုင်ငံ မူဆလင်အဖွဲ့အစည်းများတွင် ရာထူးကြီးနေရာများ ရယူထားသူများဖြစ်ကြောင်းသိရသည်။
ကိုချိုလေး
ပုဂံအွန်လိုင်းမီဒီယာ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကိုLike လုပ်ထားပါ](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-ash3/s480x480/261867_569829806390995_1496953206_n.jpg)








