Pages

Friday, May 3, 2013

Study at University of West of England Bristol ဟောပြောပွဲကျင်းပမည်

University of West of England Bristol မှ ပံ့ပိုး၍ ဗြိတိသျှကောင်စီ မြန်မာမှ စီစဉ်တင်ဆက်သော UWE Bristol ၏ ဟောပြောပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသည်။
နေ့ရက် - ၈ ရက် မေလ ၂၀၁၃ (ဗုဒ္ဓဟူးနေ့)
အချိန် - နံနက် ၉:၀၀ မှ နေ့လည် ၁၂:၀၀ နာရီ
နေရာ - Self-Access Centre ၊ ဗြိတိသျှကောင်စီ စာကြည့်တိုက် (အမှတ် ၇၈၊ ကမ်းနားလမ်း၊ ရန်ကုန်စာတိုက်ကြီးဘေး) 


ဟောပြောပွဲတွင် UWE Bristol မှ Senior Education Counselor မှ UWE Bristol ၏ သင်တန်းများနှင့် ဘာသာ

ရပ်များ၊ ABE, NCC နှင့် HND လက်မှတ်များ ရရှိထားသော ကျောင်းသားများ UWE Bristol ရှိ Business Management နှင့် IT ဘာသာရပ်များတွင် တတိယနှစ်သို့ တိုက်ရိုက်တက်ရောက်နိုင်သော အခွင့်အလမ်း
များနှင့် ပညာသင်ဆုများ အကြောင်း၊ UWE Bristol International College မှ တာဝန်ရှိသူတစ်ဦးက UWE Bristol တက္ကသိုလ်သို့တိုက်ရိုက် တက်ရောက်ခွင့်မရနိုင်သော ကျောင်းသားကျောင်းသူများအတွက် Pre-University သင်တန်းများ ထားရှိသည့်အကြောင်း နှင့် UWE Bristol ၏ တရားဝင်ကိုယ်စားလှယ်၊ ဗြိတိ
သျှကောင်စီ ၏ Education UK Agent Certificate ကို ဂုဏ်ထူးဖြင့် ရရှိထားသော Crown Education မှ Managing Director ဦးအောင်ကျော်ဆန်း မှ UWE Bristol တွင် တက်ရောက်လိုသော ကျောင်းသားများအ
တွက် ရရှိနိုင်သော ဝန်ဆောင်မှုများအကြောင်းကို အသီးသီးပြောကြားသွားမည် ဖြစ်ပါသည်။

နေရာအခက်အခဲ ရှိပါသောကြောင့် တက်ရောက်မည့်သူများ (အမည်၊ ဖုန်းနံပါတ် နှင့် အီးမေးလ်လိပ်စာ) စာရင်းပေးသွင်းပါရန်နှင့် ဟောပြောပွဲအစီအစဉ် အသေးစိတ်ကို သိရှိလိုပါက ဖုန်းနံပါတ် ၂၅၄၆၅၈၊ ၂၅၆၂၉၀ - ၁ လိုင်းခွဲ ၃၃၁၁ သို့ ဆက်သွယ်စုံစမ်းစာရင်းပေးနိုင်ပါသည်။


British Council Myanmar

0 comments:

Post a Comment