Pages

Friday, May 3, 2013

မန္တလေးတွင် ဆူပူမှု ဖြစ်စေရန် လှုံ့ဆော်မှုဖြင့် တရားစွဲခံရသူများတွင် မွတ်စလင်တစ်ဦး ပါဝင်နေခြင်း အပေါ် ဆက်သွယ်မေးမြန်းချက်

မေလ ၃၊ ၂၀၁၃

မန္တလေး ။       ။       မန္တလေးမြို့တွင် ယမန်နေ့ညက ဆူပူမှုဖြစ်စေရန် ကြံစည်လှုံ့ဆော်မှုဖြင့် ဗုဒ္ဓဘာသာဝင် ၃-ဦးနှင့်မွတ်စလင်မ်၁-ဦးကို တရားစွဲဆိုလိုက်ကြောင်းသိရသည့်အတွက်တရားစွဲဆွဲခြင်းခံနေရသည် ဦးမြင့်
ဦး၏ ဆွေမျိုးသားချင်းများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။“မန္တလေးမှာ မနေ့ညနေ ၆နာရီခွဲလောက်က စကြနွယ်စဉ်ရပ်ကွက်၊ ၃၅-လမ်း၊ ၇၆-လမ်းအနီးမှာ ကား၂-စီးနဲ့ ရပ်ကွက်ထဲမှာ လာပြီး ဆဲဆိုတာလာလုပ်
တယ်။ဆဲဆိုသံကြားတော့ရပ်ကွက်လူထုက ထွက်ကြည့်ကြတယ်။ ထွက်ကြည့်တော့ ရပ်ကွက် လူထုကို ကား
-၂စီးက ဆဲတာ။ ဆဲတော့ ရပ်ကွက်ထဲက လူတွေက ခဲတွေ၊ တုတ်တွေနဲ့လိုက်တော့ ထွက်ပြေးကြတယ်။

အဲဒီအချိန်မှာ ဦးမြင့်ဦးက သူ့အဒေါ်ကြီး ကျန်းမာရေးမကောင်းလို့  ပြုစုနေတာ၊ သိုးခြံထဲမှာရောက်နေတာ။ မဟာအောင်မြေမြို့နယ်၊ စကြနွယ်စဉ်ရပ်ကွက်ထဲမှာ ဦးမြင့်ဦးမရှိဘူး။ မနေ့ညက ဖြစ်တဲ့ကိစ္စကို ဦးမြင့်ဦးက မသိဘူး။ ဖုန်းသတင်းနဲ့ ရဲတပ်ဖွဲ့မှူးကို သတင်းပေးတော့ ဦးမြင့်ဦးက အဲဒီနေရာမှာရှိတယ်။ တုတ်တွေ၊ ဓါး
တွေနဲ့ ရိုက်ကြဆိုပြီး ဦးမြင့်ဦးက အော်တယ်ဆိုပြီးတော့ ဦးမြင့်ဦးကို မနေ့ညက ဖမ်းတယ်။ ဟုတ်တယ် ည
တွင်းချင်းဖမ်းတာပါ။

ည ၁၂-နာရီလောက်လာဖမ်းတာ။ လာဖမ်းတော့ ရပ်ကွက် ရယက ဥက္ကဌပါတယ်။ ရယက ဥက္ကဌက ဦးမြင့်ဦး
ဆီ ဖုန်းဆက်တယ်။ဦးမြင့်ဦးဆီကိုဆက်တာကစကြနွယ်စဉ်ရပ်ကွက်မှာလူမှုရေး ကိစ္စလေးတွေ ဆောင်ရွက်
စရာရှိလို့ အတူပေါင်းပြီး အကျိုးဆောင်ပေးပါလို့ပြောတယ်။ ဦးမြင့်ဦးက သူစကြနွယ်စဉ် ရပ်ကွက်မှာမရှိဘူး။ သိုးခြံကထဲက အဒေါ်ကြီးအိမ်မှာ ရှိနေရတယ်ဆိုတော့ ဥက္ကဌပြောတယ် အဲလိုဆို ဘယ်မှာပဲနေနေ ကလေး
တွေရဲ့လူမှုရေးကိစ္စတွေကိုအကူအညီပေးပါဆိုတာနဲ့ ဦးမြင့်ဦးက လာခဲ့ပါလို့ ခေါ်လိုက်တော့ သူတို့က ဦးမြင့်
ဦးအိမ်ကို လိုက်သွားတယ်။ လိုက်သွားပြီးတဲ့အခါ ကလေးတွေ ကိစ္စ နည်းနည်းဆွေးနွေးစရာရှိလို့ ရပ်ကွက်ရုံး
ကို လိုက်ခဲ့ပါဆိုပြီးခေါ်သွားတယ်။

မနေ့ညကတည်းက ခေါ်သွားပြီး အခုမနက် ၉-နာရီခွဲမှ ဦးမြင့်ဦးကို ပြန်တွေ့ရတယ်။ ဦးမြင့်ဦးက မန္တလေးမြို့
 မော်လ၀ီအဖွဲ့ချုပ်မှာ အတွင်းရေးမှူး(၁)အဖြစ် တာဝန်ယူနေသူဖြစ်တယ်။ မော်လ၀ီအဖွဲ့ချုပ်က အတွင်းရေး
မှူး(၅)နဲ့ နောက်တစ်ယောက်နဲ့က အမှတ်(၉)ရဲစခန်းကို ဦးမြင့်ဦးကိစ္စသွားတယ်။ မနက်စာ အာမခံလိုတယ်
ဆိုလို့ အာမခံလူတစ်ယောက်ရှာတယ်။

ဘယ်အတွက်ကြောင့် ဖမ်းတယ်ဆိုတာ ခေါင်းစည်းမပြောဘူး။မပြောပဲနဲ့ တရားရုံးကို တင်လိုက်တယ်။ တရား
ရုံးကလည်း အမှုတွဲတင်တာနဲ့တစ်ခါတည်း၅၀၅(ခ) နိုင်ငံတော်အေးချမ်းသာယာမှုကိုလှုံ့ဆော်မှုနဲ့ဖမ်းတယ်
ဆိုပြီးတော့ တရားရုံးမှာ သတင်းကြားရတယ်။ ချက်ချင်း အမိန့်ကို ဒီပုဒ်မတပ်ပြီး မိနစ် ၂၀-အတွင်းပဲ တရား
သူကြီးက ပြောပြီးလာမယ့် ၉-ရက်နေ့ကိုရုံးချိန်း ပြန်ချိန်းပြီး ဦးမြင့်ဦးကို ထောင်ကြီးချုပ် ပို့လိုက်တယ်။ဦးမြင့်
ဦးက မန္တလေးတိုင်းမှာ ဘာသာပေါင်းစုံ ပဋိပက္ခနှိမ်နင်းရေးအဖွဲ့မှာ အဖွဲ့ဝင်တစ်ယောက်အဖြစ်ပါတယ်။
နောက်ပြီးတော့ မော်လ၀ီအဖွဲ့ချုပ်မှာလည်း အတွင်းရေးမှူး(၁)၊ နောက် လူမှုရေးမှာ မူးယစ်ဆေးဝါးကာကွ
ယ်နှိမ်နင်းရေးမှာ အဖွဲ့ဝင်အဖြစ်ပါတယ်။

အဲလိုလူတစ်ယောက်က အကြမ်းဖက်ဖို့ ဘယ်လိုမှလှုံ့ဆော်မှာမဟုတ်ဘူးဆိုတာ လူတိုင်းတွက်ဆနိုင်တယ်။
ဖမ်းဖို့လုပ်တာ နောက်မွတ်စလင်မ်တစ်ယောက်လည်း ပါသေးတယ်လို့ပြောတယ်။ သူကတော့ အိမ်ကနေ ခဏရှောင်နေပြောတယ်။ အခု ကာယကံရှင် ၂-ယောက်လုံးက ဒီကိစ္စကို ရုံးပေါ်မှာ ဖြေရှင်းလိုက်ရင် အဖြေ
က ရှင်းလာမှာလေ။ ဖုန်းနဲ့တိုင်တာဖြစ်ဖြစ်၊ စာနဲ့တိုင်တာဖြစ်ဖြစ် တိုင်တန်းသူရဲ့ နာမည်နဲ့ လိပ်စာပါမှာလေ။ အဲဒါတွေကို ဖြေရှင်းခြင်းမရှိတာက လူ့အခွင့်အရေးတစ်ခု ဆုံးရှုံးတာပေါ့။

ရယက ဥက္ကဌကတော့ သူ့ရပ်ကွက်ကို လာစစ်ဆေးတဲ့ CID တို့ SB တို့ စအဖ တို့ကို ဦးမြင့်ဦးက ဒီလို မရှိဘူး
ဆိုတာ ၀န်ခံချက် ထွက်ပေးထားတယ်။ အခုဖြစ်တာက လူ့အခွင့်အရေးဆုံးရှုံးမှုရှိတယ်။ ဒီအမှုက မသေချာ
ရင် ဒီပုဒ်မမတပ်သင့်ဘူးလေ။ တိုင်တန်းသူက ဖုန်းနဲ့တိုင်တိုင် စာနဲ့ပဲတိုင်တိုင် တိကျမှန်ကန်တယ်အသိသက်
သေ အထောက်အထားပြည့်စုံတယ်ဆိုရင်တော့ ဒါဟာလက်ခံတယ်လေ။ အခုဟာ သူလည်း အဲဒီနေရာမှာ မရှိပဲနဲ့ စွတ်စွဲပြီးတိုင်နဲ့အလုပ်ဖြစ်နေတယ်။

 နောက်ပြီး ဓမ္မစစ်တိုင်တဲ့သူကျတော့လည်း ဒီအမှုကို ခေါ်ယူစစ်ဆေးတာ မကြားရဘူး။ တရားခံသာဖမ်း
လိုက်တယ်။ ဒါဟာ လူ့အခွင့်အရေးဆုံးရှုံးတာပဲ။ ဒီမိုကရေစီ နိုင်ငံတော်သစ်မှာ တခြားသူက ဒီလိုတိုင်တန်း
တိုင်း လူတစ်ယောက်ဟာ လွယ်လွယ်ကူကူနဲ့ တရားခံဖြစ်သွားတယ်ဆိုတာက ဒီလူရဲ့ကိုယ်ရေးရာဇ၀င် ရှိပြီး
သားလေ။ ဒီလူက အရင့်အရင်က ဒီလိုရှိလားဆိုတာ စုံစမ်းရမယ်လေ။ အဲလို မဟုတ်ရင် ဒီပုဒ်မ တပ်ပြီး မဖမ်း
သင့်ဘူးလေ။ အခုကတော့ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာလည်းထိခိုက်တယ်။ နောက်ပြီးတော့ လူမျိုးစုတစ်
စုရဲ့ သိက္ခာလည်းကျတယ်။ လူ့အခွင့်အရေးလည်း ဆုံးရှုံးတယ်။

မနက်ဖြန်ကျရင်တော့ကျွန်တော်တို့ ရှေ့နေတွေနဲ့လည်းတိုင်ပင်မယ်။ ပြီးရင်ဒါကိုတိုင်းရဲတပ်ဖွဲ့မှူးကို ပို့မယ်
။ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဆီလည်းပို့မယ်။ တိုင်းဥပဒေ အရာရှိဆီလည်းပို့မယ်။ နောက် မြို့နယ်ရဲတပ်ဖွဲ့
မှူး၊ CID ကိုလည်းပို့မယ်။ နိုင်ငံတော် ပြည်ထောင်စု အာဏာပိုင် အဖွဲ့အသီးသီးကိုလည်း ဒါဟာ မဟုတ်မမှန် သတင်းပေးပြီး တိုင်ကြားတယ်ဆိုတာ ရှေ့နေနဲ့တိုင်ပင်ပြီး စာပို့မယ်။

ရန်ကုန် မော်လ၀ီအဖွဲ့ချုပ်က ဦးကျော်စိုးကိုလည်းသတင်းပို့ထားတယ်။ အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် အတတ်နိုင်ဆုံး ကျွန်တော်တို့ စွမ်းသလောက် လုပ်ဆောင်သွားမှာပါ”လို့ M-Media ကို ပြောပြလာပါတယ်။

M-Media , Rangonnewsdaily
RND:  :3.5.2013
KK

0 comments:

Post a Comment