Pages

Friday, February 7, 2014

ဆိုချီအိုလံပစ်ကို ကြိုဆိုလိုက်သည့် အီရီနာရှက်ခ်

Photo: ဆိုချီအိုလံပစ်ကို ကြိုဆိုလိုက်သည့် အီရီနာရှက်ခ်
Friday, February 7, 2014

ရုရှားစူပါမော်ဒယ်လ် အီရီနာသည် ဆိုချီအိုလံပစ်ကို ကြိုဆိုသည့် အနေဖြင့် Twitterတွင် ဓာတ်ပုံတစ်ပုံကို လွှင့်တင်ထားခဲ့

ရုရှားနိုင်ငံတွင် ကျင်းပနေသည့် ဆောင်းရာသီ အိုလံပစ် ပွဲတော်တွင် စီစဉ်မှု ညံ့ဖျင်းမှုများအတွက် စွပ်စွဲမှုများ ထွက်ပေါ်နေသည့်တိုင် အီရီနာရှက်ခ် အနေဖြင့်မူ ဆိုချီဆောင်းရာသီ အိုလံပစ်အတွက် အပြည့်အဝ ကျေနပ်ဂုဏ်ယူနေသည်။ ရုရှားစူပါမော်ဒယ်လ် အီရီနာသည် ဆိုချီအိုလံပစ်ကို ကြိုဆိုသည့် အနေဖြင့် Twitterတွင် ဓာတ်ပုံတစ်ပုံကို လွှင့်တင်ထားခဲ့သည်။ အဆိုပါ ဓာတ်ပုံတွင် အီရီနာအနေဖြင့် ဦးထုပ်တစ်လုံးကို ဆောင်းထားပြီး ခန္ဓာကိုယ် အထက်ပိုင်းကို ဗလာကျင်းလျှက် ရှိစေကာ ဆိုချီ(၂၀၁၄)ဆိုသော စာတမ်းပါ လက်အိတ်လေး နှစ်ခုဖြင့် ရင်သားများကို ဖုံးကွယ်ထားသည်ကို တွေ့ရသည်။ ထို့အပြင် ဆိုချီအိုလံပစ်အတွက် သူမဝယ်ယူထားသည့် လက်မှတ်ကိုလည်း ဓာတ်ပုံရိုက်ကာ အီရီနာက Instagramတွင် လွှင့်တင်ခဲ့သေးသည်။

အသက်(၂၈)နှစ်ရှိ အီရီနာသည် လတ်တလောတွင် ရုရှားသို့ ခေတ္တပြန်ရောက်နေပြီး ချစ်သူ ခရစ္စတီယာနို ရော်နယ်လ်ဒို၏ မွေးနေ့တွင် အတူရှိမနေခဲ့ချေ။ စပိန်ကလပ် ရီးယဲလ်မက်ဒရစ်တွင် ကစားနေသည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် ရော်နယ်လ်ဒိုသည် ဗုဒ္ဓဟူးနေ့က အသက်(၂၉)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင်လည်းဖြစ်သည့် ရော်နယ်လ်ဒိုအတွက် ယခုနှစ် မွေးနေ့ပွဲတွင် ချစ်သူနှင့် ကင်းကွာနေသလို အနီကတ် ပြစ်ဒဏ်ကြောင့် (၃)ပွဲအပယ်ခံထားရပြန်သောကြောင့် ပျော်စရာ အကောင်းဆုံး ဖြစ်ခဲ့ဟန် မရှိကြောင်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

RangonNewsDaily: February . 7 .2014
ရုရှားနိုင်ငံတွင် ကျင်းပနေသည့် ဆောင်းရာသီ အိုလံပစ် ပွဲတော်တွင် စီစဉ်မှု ညံ့ဖျင်းမှုများအတွက် စွပ်စွဲမှုများ ထွက်ပေါ်နေသည့်တိုင် အီရီနာရှက်ခ် အနေဖြင့်မူ ဆိုချီဆောင်းရာသီ အိုလံပစ်အတွက် အပြည့်အဝ ကျေနပ်ဂုဏ်ယူနေသည်။

အသက်အငယ်ဆုံး ဆိုင်ကယ်စီး ကမ္ဘာ့ချန်ပီယံ မာ့စ်မားကွက်ဇ် ရာသီကြို စမ်းသပ်မှုမှာ အမြန်ဆုံးစံချိန်ထပ်တင်

Photo: အသက်အငယ်ဆုံး ဆိုင်ကယ်စီး ကမ္ဘာ့ချန်ပီယံ မာ့စ်မားကွက်ဇ် ရာသီကြို စမ်းသပ်မှုမှာ အမြန်ဆုံးစံချိန်ထပ်တင်
Friday, February 7, 2014

စပိန်လူမျိုး အသက် ၂၀ အရွယ် ဆိုင်ကယ်စီးကမ္ဘာ့ချန်ပီယံ မာ့စ်မားကွက်ဇ် ဟာ မလေးရှားနိုင်ငံ၊ ဆီပမ်း မြို့ မှာ ပြုလုပ်ခဲ့တဲ့ MotoGP ရာသီကြို စမ်းသပ်မှုမှာ သူ့ ရဲ့ ထိပ်သီးပြိုင်ဘက်အားလုံးကို ဖြတ်ကျော်ဦးဆောင်ပြီး အမြန်ဆုံးစံချိန်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ သူ့ ရဲ့ ဟွန်ဒါ ရက်ပ်ဆိုး ဆိုင်ကယ် နဲ့ ၅၉.၅၃၃ စက္ကန့် နဲ့  အမြန်ဆုံးတစ်ပတ် ပတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီစံချိန်ဟာ ချန်ပီယံခြောက်ဆုပိုင်ရှင် ဗလာတီနို ရော့စီ ထက် ၀.၁၉၄ စက္ကန့် ပိုမြန်ခဲ့တာပါ။ နှစ်ထပ်ကွမ်း ချန်ပီယံ ဂျော့် လိုရန်ဇို ကတော့ အဆင့်
၃ နဲ့ ပန်းဝင်ခဲ့ပါတယ်။

မားကွက်ဇ် ဟာ နိုဝင်ဘာလ က ပြုလုပ်ခဲ့တဲ့ ဗလင်စီယာ ဂရင်းပရစ် (Grand Prix) ပြိုင်ပွဲရာသီမှာ အသက်အငယ်ဆုံး MotoGP ချန်ပီယံဖြစ်
လာခဲ့ပြီး ပထမဆုံးနှစ်မှာပဲ ကမ္ဘာ့ချန်ပီယံဘွဲ့ ကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်
ပါတယ်။

Grand Prix ချန်ပီယံဟောင်း ဂျော့်ဂ်လိုရန်ဇို ကိုယ်တိုင်က မာ့စ်မားကွက်ဇ်
ဟာ ဆိုင်ကယ်လောက ကို အကြာကြီးအုပ်စိုးသွားမယ့်လူသစ်တစ်ယောက်
ဖြစ်တယ်လို့  ဟောကိန်းထုတ်ထားပါတယ်။

ဒုတိယမြောက် စမ်းသပ်မှုကို ဖေဖော်ဝါရီလနောက်ပိုင်းမှာ ပြုလုပ်
သွားဖွယ်ရှိတယ်လို့ သိရှိရပါတယ်။

Ref: bbc.com
Trend Myanmar

RangonNewsDaily: February . 7 .2014
စပိန်လူမျိုး အသက် ၂၀ အရွယ် ဆိုင်ကယ်စီးကမ္ဘာ့ချန်ပီယံ မာ့စ်မားကွက်ဇ် ဟာ မလေးရှားနိုင်ငံ၊ ဆီပမ်း မြို့ 
မှာ ပြုလုပ်ခဲ့တဲ့ MotoGP ရာသီကြို စမ်းသပ်မှုမှာ သူ့ ရဲ့ ထိပ်သီးပြိုင်ဘက်အားလုံးကို ဖြတ်ကျော်ဦးဆောင်ပြီး အမြန်ဆုံးစံချိန်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မန္တလေးတွင် ဆက်သွယ်ရေးစခန်း ၁၀၀ ကျော်နှင့် တာဝါတိုင် ၆၀ ကျော် မေလအပြီး တည်ဆောက်မည် Friday, February 7, 2014 မန္တလေးတိုင်း ဒေသကြီးအတွင်း ဖုန်းအင်တာနက် အသုံးပြုမှုများ ပိုမို မြန်ဆန်လာစေရန်နှင့် ဖုန်းလိုင်းကျပ်ခြင်း နည်းပါးစေရန် ဆက်သွယ်ရေး တာဝါတိုင် ၆၀ ကျော်နှင့် ဆက်သွယ်ရေးစခန်း တစ်ရာကျော်ကို လာမည့် မေလအပြီး တပ်ဆင် တည်ဆောက်သွားမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လက်ရှိ အဆိုပါ ဆက်သွယ်ရေး တာဝါတိုင် ၆၀ ကျော်နှင့် စခန်း ၁၀၀ကျော် တည်ဆောက်ရန် မြေနေရာ ရှာထားပြီး ပစ္စည်းများ ရောက်ရှိနေပြီ ဖြစ်သဖြင့် မေလတွင်အပြီး တပ်ဆင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ “အခုက ဖုန်းသုံးစွဲသူဦးရေကလည်း အရင်နဲ့ မတူတော့ဘူး။ များလာတယ်ဆိုတော့ ဖုန်းလိုင်းတွေက ကျပ်လာတယ်။ ခေါ်ဆိုမှု ခက်ခဲလာတာကို တွေ့နေရတယ်။ ဒီလိုမျိုးတွေ မဖြစ်အောင် ကျွန်တော်တို့ ဘက်ကလည်း ဆက်သွယ်ရေးစခန်းတွေ ထပ်မံတိုးချဲ့ တည်ဆောက်နေပါတယ်။ ပြည်သူတွေ အနေနဲ့လည်း ပူးပေါင်းပါကြဖို့ တိုက်တွန်းပါတယ်။ ပူးပေါင်း ပါဝင်ဖို့ ဆိုတာကလည်း တာဝါတိုင်တွေ လိုအပ်တဲ့ နေရာတွေမှာ စိုက်ထူတော့မယ်ဆိုရင် အဲဒီ နေရာမှာရှိတဲ့ ပြည်သူတွေက တာဝါတိုင်နေရာ တစ်ခုအတွက် နေရာတစ်ခုခု ပေးနိုင်ရင် ကောင်းမယ်ပေါ့၊ ဒါမျိုးကို ဆိုလိုတာပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။ မန္တလေးတိုင်း ဒေသကြီးအတွင်းတွင် GSM ဆက်သွယ်ရေး စခန်းပေါင်း ၂၃၃ ခု၊ WCDMA ဆက်သွယ်ရေး စခန်းပေါင်း ၁၄၃ ခု၊ CDMA 800 MHz ဆက်သွယ်ရေး စခန်းပေါင်း ၃၅ ခု၊ CDMA 450 MHz ဆက်သွယ်ရေး စခန်းပေါင်း ၄၃ ခု ရှိပြီး မန္တလေးမြို့တွင်းတွင် GSM ဆက် သွယ်ရေး စခန်းပေါင်း ၁၄၂ ခု၊ WCDMA ဆက်သွယ်ရေး စခန်းပေါင်း ၁၄၀ ခု၊ CDMA 800 MHz ဆက်သွယ်ရေး စခန်းပေါင်း ကိုးခုနှင့် CDMA 450 MHz ဆက်သွယ်ရေး စခန်းပေါင်း ၁၇ ခုခန့် ရှိကာ ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၂၃၈ခု ခန့် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။ The Voice Weekly

Photo: မန္တလေးတွင် ဆက်သွယ်ရေးစခန်း ၁၀၀ ကျော်နှင့် တာဝါတိုင် ၆၀ ကျော် မေလအပြီး တည်ဆောက်မည်
Friday, February 7, 2014

မန္တလေးတိုင်း ဒေသကြီးအတွင်း ဖုန်းအင်တာနက် အသုံးပြုမှုများ ပိုမို မြန်ဆန်လာစေရန်နှင့် ဖုန်းလိုင်းကျပ်ခြင်း နည်းပါးစေရန် ဆက်သွယ်ရေး တာဝါတိုင် ၆၀ ကျော်နှင့် ဆက်သွယ်ရေးစခန်း တစ်ရာကျော်ကို လာမည့် မေလအပြီး တပ်ဆင် တည်ဆောက်သွားမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ အဆိုပါ ဆက်သွယ်ရေး တာဝါတိုင် ၆၀ ကျော်နှင့် စခန်း ၁၀၀ကျော် တည်ဆောက်ရန် မြေနေရာ ရှာထားပြီး ပစ္စည်းများ ရောက်ရှိနေပြီ ဖြစ်သဖြင့် မေလတွင်အပြီး တပ်ဆင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အခုက ဖုန်းသုံးစွဲသူဦးရေကလည်း အရင်နဲ့ မတူတော့ဘူး။ များလာတယ်ဆိုတော့ ဖုန်းလိုင်းတွေက ကျပ်လာတယ်။ ခေါ်ဆိုမှု ခက်ခဲလာတာကို တွေ့နေရတယ်။ ဒီလိုမျိုးတွေ မဖြစ်အောင် ကျွန်တော်တို့ ဘက်ကလည်း ဆက်သွယ်ရေးစခန်းတွေ ထပ်မံတိုးချဲ့ တည်ဆောက်နေပါတယ်။ ပြည်သူတွေ အနေနဲ့လည်း ပူးပေါင်းပါကြဖို့ တိုက်တွန်းပါတယ်။ ပူးပေါင်း ပါဝင်ဖို့ ဆိုတာကလည်း တာဝါတိုင်တွေ လိုအပ်တဲ့ နေရာတွေမှာ စိုက်ထူတော့မယ်ဆိုရင် အဲဒီ နေရာမှာရှိတဲ့ ပြည်သူတွေက တာဝါတိုင်နေရာ တစ်ခုအတွက် နေရာတစ်ခုခု ပေးနိုင်ရင် ကောင်းမယ်ပေါ့၊ ဒါမျိုးကို ဆိုလိုတာပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းတွင် GSM ဆက်သွယ်ရေး စခန်းပေါင်း ၂၃၃ ခု၊ WCDMA ဆက်သွယ်ရေး စခန်းပေါင်း ၁၄၃ ခု၊ CDMA 800 MHz ဆက်သွယ်ရေး စခန်းပေါင်း ၃၅ ခု၊ CDMA 450 MHz ဆက်သွယ်ရေး စခန်းပေါင်း ၄၃ ခု ရှိပြီး မန္တလေးမြို့တွင်းတွင် GSM ဆက် သွယ်ရေး စခန်းပေါင်း ၁၄၂ ခု၊ WCDMA ဆက်သွယ်ရေး စခန်းပေါင်း ၁၄၀ ခု၊ CDMA 800 MHz ဆက်သွယ်ရေး စခန်းပေါင်း ကိုးခုနှင့် CDMA 450 MHz ဆက်သွယ်ရေး စခန်းပေါင်း ၁၇ ခုခန့် ရှိကာ ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၂၃၈ခု ခန့် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

The Voice Weekly


RangonNewsDaily: February . 7 .2014
မန္တလေးတိုင်း ဒေသကြီးအတွင်း ဖုန်းအင်တာနက် အသုံးပြုမှုများ ပိုမို မြန်ဆန်လာစေရန်နှင့် ဖုန်းလိုင်းကျပ်ခြင်း နည်းပါးစေရန် ဆက်သွယ်ရေး တာဝါတိုင် ၆၀ ကျော်နှင့် ဆက်သွယ်ရေးစခန်း တစ်ရာကျော်ကို လာမည့် မေလအပြီး တပ်ဆင် တည်ဆောက်သွားမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒုချီးရားတန်းဖြစ်စဉ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်း

Photo: ဒုချီးရားတန်းဖြစ်စဉ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်း
Friday, February 7, 2014

ရခိုင်ပြည်နယ် မောင်တောမြို့ ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်တွေအပေါ် စုံစမ်းစစ်ဆေးဖို့ အဖွဲ့ဝင် ၁၀ ဦးပါတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်ကြောင်း ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြပါတယ်။

အစိုးရက ဒုချီရားတန်းကျေးရွာ ဖြစ်စဉ်တွေအပေါ် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရှင်းလင်းပြီး ရက်သတ္တပတ်အကြာမှာ အဲ့ဒီကော်မရှင်ကို ဖွဲ့စည်းလိုက်တာပါ။

အဲ့ဒီကော်မရှင်ဟာ ဇန်န၀ါရီလ ၁၃ ရက်နေ့က ဒုချီးရားတန်းကျေးရွာမှာ ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်း သေဆုံးခဲ့တဲ့ဖြစ်စဉ်၊ ဇန်န၀ါရီလ ၂၈ရက်နေ့က ဒုချီးရားတန်း (အနောက်) ကျေးရွာ မီးလောင်ခဲ့တဲ့ဖြစ်စဉ်နဲ့ အဲဒီဖြစ်စဉ်နဲ့ဆက်စပ်တဲ့ သတင်းထုတ်လွှင့်မှုတွေအပေါ် စုံစမ်းစစ်ဆေးပြီး သုံးသပ်ချက်တွေနဲ့အတူ နိုင်ငံတော်သမ္မတဆီကို ဖေဖော်ဝါရီလ ၂၈ရက်နေ့ နောက်ဆုံးထားပြီး အစီရင်ခံစာတင်ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာသာလှရွှေကို စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ဥက္ကဌ၊ ဒေါက်တာကျော်ရင်လှိုင်ကို အတွင်းရေးမှူးအဖြစ် တာဝန်ပေးထားပြီး နိုင်ငံတကာ ဥပဒေပညာရှင် ဒေါက်တာ ငွန်ကျုံးလျန်၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ကိုယ်စားလှယ်တွေ၊ စစ်တွေမြို့ ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဦးသာပွင့်နဲ့ မောင်တောမြို့က ရပ်မိရပ်ဖ ဦးလှသိန်းတို့က အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

RFA Burmese

RangonNewsDaily: February . 7 .2014
ရခိုင်ပြည်နယ် မောင်တောမြို့ ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်တွေအပေါ် စုံစမ်းစစ်ဆေးဖို့ အဖွဲ့ဝင် ၁၀ ဦးပါတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်ကြောင်း ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြပါတယ်။

တွံတေးက လယ်မြေ သိမ်းဆည်းခံ လယ်သမားများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

Photo: တွံတေးက လယ်မြေ သိမ်းဆည်းခံ လယ်သမားများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
Friday, February 7, 2014

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်မှ လယ်မြေ သိမ်းဆည်းခံ လယ်သမား ၂၀ က ၎င်းတို့၏ လယ်မြေများ ပြန်လည်ရရှိရေး နှင့် နစ်နာကြေးများ ရရှိရန်အတွက် ယနေ့ ရန်ကုန်မြို့ရှိ မြန်မာ ဂျာနယ်လစ် ကွန်ရက် ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။

ယင်း လယ်သမားများမှာ ခတ္တိယ ကျေးရွာအုပ်စု၊ ရွာတန်းရှည် ဦးချိတ်စုနှင့် ဗောဓိကုန်း ကျေးရွာများမှ ဖြစ်ပြီး ၎င်းတို့၏ လယ်မြေ

များကို ၂၀၀၀-၂၀၀၁ ခုနှစ်ခန့်က ရန်ကုန်တိုင်း စစ်ဌာနချုပ် တွံတေး တပ်ရင်း (၇၀)က တာဝန်ရှိသူတဦး ဖြစ်သည့် တပ်ကြပ် ကြီး တင်ဝင်းက တဧကလျှင် ၂၅၀၀၀ ကျပ်နှုန်းဖြင့် လယ်ယာမြေ ဧက ၁၇၀ ခန့်ကို အဓမ္မ ၀ယ်ယူ သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း လယ်သမားများက ပြောပြသည်။

ဗောဓိကုန်းကျေးရွာနေ လယ် ၁၂ ဧက ပိုင်ရှင်ဖြစ်သူ ဒေါ်နော်အဲဗရီမိုးက“သူတို့ တိုင်လာစိုက်တယ်၊ စစ်သားတွေလာတယ်ဆို ကျမ တို့ ကကြောက်တယ်၊ သူတို့က လယ်သိမ်းသွားတယ်၊ လျော်ကြေးရယ်မဟုတ်ဘဲ တဧကကို နှစ်သောင်းခွဲ ၊ နှစ်သောင်းရှစ်ထောင် နဲ့ပေးတယ်၊ ကျမတို့က မရောင်းချင်ဘူး၊ ကိုယ့်လယ်ကလုပ်လို့ ဖြစ်နေတော့ သူတို့က မရောင်းလည်း သိမ်းမှာဘဲ၊ ငွေယူရင်ယူ မယူ ရင်လည်း သိမ်းမယ့်ပုံနဲ့ဆိုတော့”ဟု ပြောသည်။

လယ် ၇ ဧက သိမ်းဆည်းခံထားရသည့် ဒေါ်နော်ဆာထူးကလည်း လယ်အစား ပြန်လိုချင်သော်လည်း ထိုက်တန်သည့် တန်ဖိုးဖြင့်

သတ်မှတ်၍ ပေးစေချင်သည်ဟု ပြောဆိုသည်။

ဒေါ်နော်ဆာထူးက“ကျမရဲ့ လယ် ၇ ဧက ပါသွားတယ်၊ အခု အသိမ်းခံထားရတဲ့လယ်တွေ ပြန်ရတာမျိုးရှိတော့ ကျမတို့လည်း မျှော်လင့်တာပေါ့၊ လိုချင်တာကတော့ လယ်ပဲပြန်လိုချင်တာပေါ့၊ အခုတော့ လယ်တွေက ကန်တွေဖြစ်နေပါပြီ၊ နိုင်ငံတော်က ထိုက်ထိုက် တန်တန်နဲ့ ပြန်ပေးရင်တော့ အကောင်းဆုံးပေါ့နော်”ဟု ပြောသည်။

ထို လယ်ယာမြေများကို ၁၉၇၁ ခုနှစ်မှစတင်၍ မြေလွတ်မြေရိုင်းများကို ပြုပြင်ပြီး စပါးများစိုက်ပျိုးလာခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၇၅ ခု နှစ် နောက်ပိုင်းတွင် လယ်ယာမြေစာရင်းဝင်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လယ်ယာမြေ စာရင်းဝင်ပြီးနောက်ပိုင်း နှစ်စဉ်အခွန်များ ပေးသွင်းခြင်း၊ အစိုးရသို့ တာဝန်ကျေစပါးများ သတ်မှတ် နှုန်း ထား အတိုင်း ရောင်းချပေးခဲ့ခြင်းများ ရှိခဲ့သည်ဟု ဆိုသည်။

ရွာတန်းရှည် ဦးချိတ်စု ကျေးရွာနေ လယ် ၅ ဧက ပိုင်သူ ဦးချူက “လာပြီးတော့ အဓမ္မသိမ်းတဲ့သဘောပါပဲ၊ မရရင်လည်းသိမ်းမှာပဲ၊ ရလည်းသိမ်းမှာပဲ ဆိုတော့ သူတို့ပေးသရွေ့ပဲ ကိုယ်က ယူထားလိုက်တာ၊ မယူထားရင်လည်း အဲဒီ အချိန်တုန်းက စားစရာမရှိဘူး၊ အရင် အသိမ်းခံခဲ့ရတဲ့နှစ်ကဆို စပါးတင်း ၂၈၀ လောက်ရတယ်၊ အခုတော့ လက်လုပ်လက်စားပဲ၊ ကြွေးမြီတွေ ဖြစ်ပြီး သမီးလေး တောင် ကျောင်းမနေနိုင်တော့ဘဲ ထွက်လိုက်ရပြီ”ဟု ပြောသည်။

လယ်ယာမြေဥပဒေတွင် မူလလုပ်ပိုင်ခွင့် ရရှိထားသူကို နစ်နာမှုလုံးဝမရှိစေရန်နှင့် လျော်ကြေးပေးခြင်း၊ အခြားနည်းလမ်းများဖြင့် စီမံဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာက ပြုလုပ်ပေးနိုင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံတော်အကျိုးအတွက် ပြုလုပ်သည့် စီမံကိန်းကြောင့် လယ်မြေကိုသိမ်းယူရာတွင်လည်း အနည်းဆုံး လိုအပ်သော ပမာဏကိုသာ သိမ်းယူရန်နှင့် စီမံကိန်းများ ဆောင်ရွက်ခြင်းမပြုလုပ်ပါက မူလ လယ်လုပ်ပိုင်ခွင့် ရှိသူထံသို ပြန်လည်ပေးအပ်ရမည် ဟု ပါရှိသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကလည်း တပ်ကသိမ်းထားပြီး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသည့် တပ်ပိုင်မြေများအတွက် မူလလယ်ယာမြေ ပိုင်ဆိုင်သူများသို့ ပြန်လည်ပေးအပ်မည် သို့မဟုတ် ထိုက်တန်သည့် ကာလ တန်ကြေး လျော်ကြေးငွေ ပေးအပ်သွားမည်ဟု ပြောဆိုထားသည်။

ဧရာဝတီ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ မြို့နယ်အတွင်းရှိ မြနန္ဒာပန်းခြံ၌ မြေအသိမ်းခံရသည့် လယ်သမားများ ဇူလိုင်လ ၁၅ ရက်နေ့က လာရောက် ဆန္ဒပြနေစဉ်
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ မြို့နယ်အတွင်းရှိ မြနန္ဒာပန်းခြံ၌ မြေအသိမ်းခံရသည့် လယ်သမားများ ဇူလိုင်လ ၁၅ ရက်နေ့က လာရောက် ဆန္ဒပြနေစဉ်
RangonNewsDaily: February . 7 .2014
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်မှ လယ်မြေ သိမ်းဆည်းခံ လယ်သမား ၂၀ က ၎င်းတို့၏ လယ်မြေများ ပြန်လည်ရရှိရေး နှင့် နစ်နာကြေးများ ရရှိရန်အတွက် ယနေ့ ရန်ကုန်မြို့ရှိ မြန်မာ ဂျာနယ်လစ် ကွန်ရက် ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။

ပညာရေး ပြုပြင်ပြောင်းလဲရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး

Photo: ပညာရေး ပြုပြင်ပြောင်းလဲရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး
Friday, February 7, 2014

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းနဲ့ မနေ့ညနေက သမ္မတရုံးဝန်ကြီးဌာနရုံးမှာ မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေအတွက် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ပညာရေးကဏ္ဍမှာ လက်တွေ့ကျတဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်လာအောင် တွေ့ဆုံဆွေးနွေးကြတာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက ပြောပါတယ်။

“အဓိကက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေးနဲ့ ကျနော်တို့ သမ္မကြီးဘက်ကလုပ်တဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေး အဲဒါကိုနှစ်ဦးနှစ်ဘက် အပြန်အလှန်ပေါ့လေ နားလည်မှုရှိပြီး ပူးပေါင်းဆောင်ရွက်သွားဖို့၊ နိုင်ငံ့အကျိုးအတွက် ပညာရေးကဏ္ဍမှာ ပူးပေါင်းသွားဖို့ အဲဒါအဓိက ဆွေးနွေးတာပါ”

အဲ့ဒီဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှုကော်မတီ ဥက္ကဌ ဒေါက်တာ ချမ်းငြိမ်းလည်း တက်ရောက်ခဲ့ပါတယ်။
အစိုးရကဖွဲ့စည်းထားတဲ့ လက်တွေ့ကျတဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေးကော်မတီကို သမ္မတရုံးအမှတ် ၅ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ဥက္ကဌအဖြစ် တာဝန်ယူထားတာ ဖြစ်ပါတယ်။

RFA Burmese

RangonNewsDaily: February . 7 .2014
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းနဲ့ မနေ
့ညနေက သမ္မတရုံးဝန်ကြီးဌာနရုံးမှာ မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေအတွက်
တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ခရစ်ယာနှ်နှင့် မွတ်စလင်တွေ အခွင့်အရေး လေးစားမှ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ မြန်မာ ပြန်ဝင်နိုင်မည် ဟု အိုဘာမားပြော

RangonNewsDaily: February . 7 .2014
ဘာသာရေး လွတ်လပ်ခွင့်ဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာပါဝင်လာနိုင်ရေးအတွက်အခရာ
ကျသလို အမေရိကန် ပြည်ထောင်စု အမျိုးသားလုံခြုံရေး အတွက်လည်း အရေးကြီးတဲ့ အကြောင်း သမ္မတ အို
ဘားမားက၀ါရှင်တန်မြို့တော်မှာကျင်းပတဲ့အမေရိကန်ရိုးရာNational Prayer Breakfast ခေါ် နှစ်ပတ်လည်
ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားမှာ ပြောဆိုသွားပါတယ်။

ဒုချီရာတန်း မီးလောင်မှု DVB သို့ဖြေကြားချက်ကြောင့် ဦးရွှေမောင်အား သမ္မတ ညွှန်ကြားချက်ဖြင့် ပြည်ထဲရေးမှ စစ်ဆေး

U Shwe Maugn

RangonNewsDaily: February . 7 .2014ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ဒုချီရာတန်း ကျေးရွာ မီးလောင်မှု ကိစ္စ တွင် ရဲတပ်ဖွဲ့ဝင်များ ကိုယ်တိုင် ရိုဟင်ဂျာများ၏ အိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံများ၏ သတင်းပို့ချက်အား DVB  သတင်းဌာနသို့ ပြည်သူ့
လွှတ်တော် အမတ် ဦးရွှေမောင် ပြောကြားချက်နှင့်ပတ်သက်၍သမ္မတညွှန်ကြားချက်ဖြင့် ပြည်ထဲရေးမှ တွေ
့ဆုံ စစ်ဆေးမည့် အကြောင်း ဦးရွှေမောင်မှ ၄င်း၏ FB စာမျက်နှာတွင် အောက်ပါ အတိုင်းရေးသား ဖော်ပြခဲ့ပါ
သည်။

အိမ်အဖျက်ခံရသည့် သမီးကလေးရွာသားများ ဘုန်ကြီးကျောင်းတွင် ခေတ္တနေခွင့်ရ

Photo: အိမ်အဖျက်ခံရသည့် သမီးကလေးရွာသားများ ဘုန်ကြီးကျောင်းတွင် ခေတ္တနေခွင့်ရ
Friday, February 7, 2014

စာမေးပွဲဖြေဆိုဖို့ရှိတဲ့အတွက် အိမ်အဖျက်ခံရတဲ့ ရန်ကုန်တိုင်းလှည်းကူးမြို့နယ် သမီးကလေးကျေးရွာသားတွေ ပဲခူးမြို့ အလံနီဆည်အနီး အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ စာမေးပွဲဖြေဆိုပြီးချိန်ထိ ပဲခူးတိုင်းရဲတပ်ဖွဲ့က နေခွင့် ပေးလိုက်ပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်းက သပိတ်စခန်းဖွင့်မယ်ဆိုတဲ့သတင်းကြောင့် ပဲခူးက အာဏာပိုင်တွေ သမီးကလေးကျေးရွာ ဒုက္ခသည်စခန်းဖွင့်ထားတဲ့ အလံနီဆည်အနီး အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းကို ရောက်ရှိလာပြီး ရွာသားတွေက စာမေးပွဲဖြေဆိုရမယ့် ကျောင်းသားတွေရှိလို့ နေခွင့်ပြုပေးဖို့ တောင်းဆိုလိုက်တာပါ။

ThaMeLay Villageပဲခူးအာဏာပိုင်တွေက ကျောင်းသားတွေရဲ ပညာရေးကို ရှေးရှုပြီး အချိန် ၁ လလောက် နေခွင့်ပြုလိုက်တာလို့ သမီးကလေးကျေးရွားသား ဦးဝင်းစိုးက ပြောပါတယ်။

“ပဲခူးတိုင်းဘက်က အာဏာရှင်တွေ လာတယ်။ အခုအချိန်အထိ ရဲတပ်ဖွဲ့က မပြန်သေးဘူး။ ကျနော်တို့နဲ့ စကားပြောနေကြတယ်။ ကျနော်တို့ကို သူတို့က ကျောင်းသားတွေ စာမေးပွဲကို ရှေးရှုပြီးတော့ ၁ လလောက် အချိန်ပေးတယ်။ ၃ လပိုင်းအကျော်အထိ ကျနော်တို့ကို စောင့်ပေးတယ်။ ၃ လပိုင်းကျော်တာနဲ့ ကျနော်တို့ကို ဒီနေရာမှာ မနေဖို့ ပြောသွားတယ်။ သမီးလေး ရွာက ကျောင်းသားဦးရေ ၈၀ ကျော်လောက် ရှိတယ်။”

ပဲခူးတိုင်း အလံနီဆည်အနီး အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ အိမ်ခြေဖျက်ခံရလို့ ဒုက္ခရောက်နေတဲ့ မိသား ၂၀၀ ကျော်၊ လူဦးရေး ၅၀၀ နီးပါးရောက်လာပြီး ခိုလှုံနေတာ ဖြစ်ပါတယ်။

လူလူချင်း စာနာတဲ့စိတ်နဲ့ အခုလို ခိုလှုံခွင့်ပေးထားတာလို့ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းဆရာတော် ဦးအဂ္ဂဓမ္မက ဒီဗွီဘီကို အခုလို မိန့်ကြားခဲ့ပါတယ်။

“သူတို့က အထက်က ညွှန်ကြားချက်အတိုင်း လက်ခံလို့ မရတဲ့အကြောင်း ဆရာတော့်အနေနဲ့ သူတို့ကို မေတ္တာရပ်ခံပေးပါတဲ့။ အုပ်ချုပ်ရေးမှူးက စာပို့တယ်။ သူတို့ကလည်း အေးအေးဆေးဆေး လာကြည့်ရင်းနဲ့ ပြောတာပါ။ ဒကာကြီးလို့၊ ဦးဇင်းတို့က ဗုဒ္ဓဘာသာ ဘာသာရေး ခေါင်းဆောင်တယောက်ဖြစ်တဲ့အတွက် ဘယ်သူပဲဖြစ်ဖြစ် ဒုက္ခရောက်နေရင် ကူညီရမှာပဲလို့၊ အဲဒီတော့ ဒကာကြီးတို့ တာဝန်ရှိလို့ အရေးယူမယ်ဆိုရင် တာဝန်အတိုင်း ဆက်လုပ်ပါလို့ ဦးဇင်းက ဒီလူတွေကို ဒီမှာ မနေနဲ့လို့ ဦးဇင်းမပြောနိုင်ဘူး။ ဒကာကြီးတို့လည်း လုပ်စရာရှိတာဆက်လုပ်ပါ။ ဦးဇင်းလည်း ဦးဇင်းလုပ်စရာရှိတာ ဆက်လုပ်ပါမယ်လို့ ပြောလိုက်တယ်။”

သမီးကလေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူမှုရေးအကူအညီတွေ ပေးနေတဲ့ ဦးမှတ်ကြီးက အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ သမီးကလေးကျေးရွာဒုက္ခသည်တွေ နေရေးနဲ့ စားရေး အခက်တွေ့နေတယ်လို့ ပြောပါတယ်။

“အဲဒီမှာ သူတို့ ရွက်ဖျင်တဲလေးတွေ ထိုးထားတယ်။ အပေါ်မိုးပဲရှိတယ်။ ဘာအကာမှ မရှိဘူး။ သူတို့ တန်းလျားပုံစံမျိုး နေနေတယ်။ ပိုဆိုးတာက ကျနော်တို့ ၀င်သွားပြီးတော့ ရဲကားတွေ ရောက်လာပြီး သူတို့ကို ဖမ်းမယ်ဆီးမယ် ခြောက်နေတော့ ကြောက်နေကြတာ။”

ဖေဖော်ဝါရီ ၄ ရက်နေ့မှာ သက်ဆိုင်ရာက အင်အားသုံး ဖယ်ရှားခဲ့တဲ့အတွက် လှည်းကူးမြို့နယ် သမီးကလေး ကျေးရွာနေ မိသားစု ၄၀၀ ကျော် လူဦးရေး ၁၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အများစုက ပဲခူးတိုင်းဒေသကြီး အလံနီဆည်အနီးရှိ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတာ ဖြစ်ပါတယ်။

လှည်းကူးမြို့နယ်တ၀ိုက်မှာ ရှိတဲ့ ကျွဲတဲကျေးရွာအပါအ၀င် ကျေးရွာအချို့ကိုလည်း သက်ဆိုင်ရာအာဏာပိုင်တွေက ဆက်လက်သိမ်းဆည်းပြီး နေအိမ်တွေ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

DVB

RangonNewsDaily: February . 7 .2014
စာမေးပွဲဖြေဆိုဖို့ရှိတဲ့အတွက် အိမ်အဖျက်ခံရတဲ့ ရန်ကုန်တိုင်းလှည်းကူးမြို့နယ် သမီးကလေးကျေးရွာသားတွေ ပဲခူးမြို့ အလံနီဆည်အနီး အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ စာမေးပွဲဖြေဆိုပြီးချိန်ထိ ပဲခူးတိုင်းရဲတပ်ဖွဲ့က နေခွင့် ပေးလိုက်ပါတယ်။

Viber က Message တွေကို Backup လုပ်ပေးနိုင်တဲ့ - Backup Text For Viber v.0.9.5 APK

Cover art
RangonNewsDaily: February . 7 .2014
ခေါင်းစဉ်ကိုဖတ်လိုက်တာနဲ့တင်ဘဲ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပါပြီ။ ကျွန်တော်တို့ Viber ကို သာသုံးနေကြတာပါ။ Message တွေကို Backup လုပ်လို့မရဘူးဆိုတာလူတိုင်းသိပါတယ်။

Pocket Girlfriend Apk v1.29 (အသက်18နှစ်အထက်ယောက်ကျားလေးများသာကစားရန်)

 
RangonNewsDaily: February . 7 .2014
Game တွေမတင်ပေးရတာကြာလာလို့ အခု Game တွေဖက်ကို လှည့်လိုက်ပါဦးမယ်ဗျာ။  အခုတင်ပေးလိုက် တဲ့ Game လေးကတော့ ကျွန်တော့်ဘော်ဒါတွေ 18နှစ်ပြည့်ပြီးသား ယောက်ကျားလေး များအတွက်သီးသန့် Android Game လေးပါ။

ဂေါ်ဒူသာရ ကျေးရွာမှ ရိုဟင်ဂျာ နေအိမ်များမီးရှို့ခံနေရ

RangonNewsDaily: February . 7 .2014
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဂေါ်ဒူသာရကျေးရွာရှိ ရိုဟင်ဂျာလူမျိုးများ၏ နေအိမ်များကို ရခိုင်အစွန်းရောက်များက နံနက်လင်းအားကြီး ၁ နာရီ ၁၀ မိနစ် အချိန်တွင် မီးစတင်ရှို့ခဲ့ပြီး၊ ရွာအတွင်း အိမ်များမီးလောင်လျက်ရှိနေကြောင်း မျက်မြင်သက်သေတစ်ဦးမှ RB News သို့ ဖုန်းဖြင့် သတင်းပေးပို့ထားသည်။

" အက်ရှင်ဇာတ်ကားရိုက်မယ့် အလှမယ် ထားထက်ထက်"