Pages

Friday, February 7, 2014

ခရစ်ယာနှ်နှင့် မွတ်စလင်တွေ အခွင့်အရေး လေးစားမှ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ မြန်မာ ပြန်ဝင်နိုင်မည် ဟု အိုဘာမားပြော

RangonNewsDaily: February . 7 .2014
ဘာသာရေး လွတ်လပ်ခွင့်ဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာပါဝင်လာနိုင်ရေးအတွက်အခရာ
ကျသလို အမေရိကန် ပြည်ထောင်စု အမျိုးသားလုံခြုံရေး အတွက်လည်း အရေးကြီးတဲ့ အကြောင်း သမ္မတ အို
ဘားမားက၀ါရှင်တန်မြို့တော်မှာကျင်းပတဲ့အမေရိကန်ရိုးရာNational Prayer Breakfast ခေါ် နှစ်ပတ်လည်
ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားမှာ ပြောဆိုသွားပါတယ်။

နှစ်ပေါင်းများစွာ အမှောင်ဖုံးခဲ့တဲ့ခေတ်ကနေ လူထုကိုယ်စားပြု အစိုးရ အုပ်ချုပ်ရေး ပေါ်ပေါက်လာတဲ့ မြန်
မာနိုင်ငံကသမ္မတနဲ့ တွေ့ဆုံခဲ့တဲ့အချိန်၊ မြန်မာနိုင်ငံ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ပြန်လည် ပါဝင်လာနိုင်ရေး
ဟာ ခရစ်ယာန်နဲ့ မူဆလင်တွေရဲ့ အခွင့်အရေးတွေ အပါအ၀င် အခြေခံ လွတ်လပ်ခွင့်တွေကို ဘယ်လောက်
 လေးစားတယ်ဆိုတဲ့ အပေါ် မူတည်တဲ့ အကြောင်း ပြောဆိုခဲ့တယ်လို့ သမ္မတအိုဘားမား ပြောဆို သွားတာ
ပါ။

VOA မြန်မာပိုင်းတွင် ဖော်ပြပါရှိသော “မြန်မာနဲ့ နိုင်ငံတကာမှာဘာသာရေးလွတ်လပ်ခွင့်အရေးကြီးကြောင်း
အိုဘားမားပြော ” သတင်းမှ ကောက်နှုတ်ဖော်ပြ ပါသည်။

ဓါတ်ပုံ အညွန်း -အမေရိကန်သမ္မတ Barack Obama ၀ါရှင်တန် ဒီစီ၊ National Prayer Breakfast နှစ်ပတ်လည် နံနက်စာ ဆုတောင်းပွဲ အခမ်းအနား တက်ရောက် မိန့်ခွန်းပြော (ဖေဖော်ဝါရီ ၆၊ ၂၀၁၄)

Link =>http://burmese.voanews.com/content/obama-at-national-prayer-breakfast/1845808.html

kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment