Pages

Friday, February 7, 2014

ချစ်သူများနေ့ ဂီတဖျော်ဖြေပွဲ ရွှေထွဋ်တင်ကွင်းတွင် ပြုလုပ်မည်

RangonNewsDaily: February . 7 .2014
နာမည်ကျော်တေးသံရှင် ခြောက်ဦး၏ အချစ်သီချင်းကောင်း များစွာကို နားဆင်ခံစားရမည့် ချစ်သူများနေ့ ဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ အချိန်တွင် တာမွေမြို့နယ်၊ စူပါဝမ်း ကုန်တိုက်အနီးရှိ ရွှေထွဋ်တင်ကွင်း၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းပွဲကို စီစဉ်သည့် ဦးပီးပေါ်က ပြောကြားသည်။

“ကျွန်တော်တို့ ပွဲစီစဉ်သူတွေက ရှိုးလုပ်လို့ ကောင်းမယ့် နေ့လေးတွေကို ရွေးပြီး ပွဲလေးတွေ စီစဉ် ဖြစ်တယ်။ ချစ်သူများနေ့ ဆိုတာကလည်း လူငယ်တွေအားလုံး ပျော်ကြတဲ့ ပွဲလေးတစ်ပွဲ ဖြစ်တဲ့အတွက် ဒီပွဲလေးကို စီစဉ်ဖြစ်တာပါ။ 

ဒီပွဲလေး အတွက်လည်း ဆိုအားကောင်းတဲ့ ပရိသတ် ကြိုက်နိုင်တဲ့ အဆိုတော် အတွဲအဖက်တွေ ဖြစ်အောင် သေချာရွေးချယ် စီစဉ်ထားပါတယ်” ဟု ယင်းဖျော်ဖြေပွဲနှင့် ပတ်သက်ပြီး ၎င်းကထပ်လောင်း ပြောကြားသည်။

ယင်းဖျော်ဖြေပွဲတွင် Plus Three တီးဝိုင်းနှင့် တွဲဖက်၍ တေးသံရှင် မျိုးကျော့မြိုင်၊ စည်သူလွင်၊ Rဇာနည်၊ ဖြူဖြူကျော်သိန်း၊ နေနေ၊ နီနီခင်ဇော်တို့က ပါဝင်သီဆိုဖျော် ဖြေကြမည် ဖြစ်ကြောင်း၊ လက်မှတ်ဈေးနှုန်းကို ထိုင်ခုံပါ ကျပ် ၁၀,၅၀၀ ၊ ကျပ် ၈၅၀၀ နှင့် ထိုင်ခုံမပါ ကျပ် ၄၀၀၀ သတ်မှတ်ထားပြီး အထူးအစီအစဉ် အနေနှင့် ချစ်သူစုံတွဲများအတွက် နှစ်ယောက်တွဲ ထိုင်ခုံများကို ကျပ် ၁၈,၅၀၀ ကျပ်နှင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ လက်မှတ်များကို တော်ဝင်စင်တာ Customer Services ဌာနနှင့်၊ မန်းသီရီ တေးသံသွင်း၊ Call Center ဖုန်းနံပါတ် ၁၈၇၆ တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း ဦးပီးပေါ်က ဆိုသည်။

“ဒီပွဲမှာ စုံတွဲသီချင်းတွေထဲက သူတို့ဆိုခဲ့တဲ့ သီချင်းတွေ၊ တခြားအဆိုတော်တွေ ဆိုထားတဲ့ သီချင်းတွေကို ပုံစံအသစ်တစ်မျိုးနဲ့ တင်ဆက်ဖို့ လုပ်ထားတယ်။ စုံတွဲသီချင်းတွေအပြင် တစ်ဦးချင်း သီဆိုမှုတွေလည်း ပါပါမယ်။ 


ဒီပွဲကို SkyNet ရုပ်သံလိုင်းကနေလည်း လွှင့်ဖို့ရှိတော့ ပွဲမှာဆိုမယ့် သီချင်းတွေကို ရေးထားတဲ့ တေးရေးဆရာတွေနဲ့ ညှိစရာလေးတွေ ရှိသေးတော့ သီချင်းနာမည်တွေကို ပြောလို့ မရသေးပါဘူး” ဟု ယင်းပွဲတွင် ပါဝင်တီးခတ်မည့် Plus Three တီးဝိုင်းမှ ဂီတမှူး ကိုဥက္ကာဦးသာက ပြောကြားသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment