Pages

Friday, February 7, 2014

အသက်အငယ်ဆုံး ဆိုင်ကယ်စီး ကမ္ဘာ့ချန်ပီယံ မာ့စ်မားကွက်ဇ် ရာသီကြို စမ်းသပ်မှုမှာ အမြန်ဆုံးစံချိန်ထပ်တင်

Photo: အသက်အငယ်ဆုံး ဆိုင်ကယ်စီး ကမ္ဘာ့ချန်ပီယံ မာ့စ်မားကွက်ဇ် ရာသီကြို စမ်းသပ်မှုမှာ အမြန်ဆုံးစံချိန်ထပ်တင်
Friday, February 7, 2014

စပိန်လူမျိုး အသက် ၂၀ အရွယ် ဆိုင်ကယ်စီးကမ္ဘာ့ချန်ပီယံ မာ့စ်မားကွက်ဇ် ဟာ မလေးရှားနိုင်ငံ၊ ဆီပမ်း မြို့ မှာ ပြုလုပ်ခဲ့တဲ့ MotoGP ရာသီကြို စမ်းသပ်မှုမှာ သူ့ ရဲ့ ထိပ်သီးပြိုင်ဘက်အားလုံးကို ဖြတ်ကျော်ဦးဆောင်ပြီး အမြန်ဆုံးစံချိန်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ သူ့ ရဲ့ ဟွန်ဒါ ရက်ပ်ဆိုး ဆိုင်ကယ် နဲ့ ၅၉.၅၃၃ စက္ကန့် နဲ့  အမြန်ဆုံးတစ်ပတ် ပတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီစံချိန်ဟာ ချန်ပီယံခြောက်ဆုပိုင်ရှင် ဗလာတီနို ရော့စီ ထက် ၀.၁၉၄ စက္ကန့် ပိုမြန်ခဲ့တာပါ။ နှစ်ထပ်ကွမ်း ချန်ပီယံ ဂျော့် လိုရန်ဇို ကတော့ အဆင့်
၃ နဲ့ ပန်းဝင်ခဲ့ပါတယ်။

မားကွက်ဇ် ဟာ နိုဝင်ဘာလ က ပြုလုပ်ခဲ့တဲ့ ဗလင်စီယာ ဂရင်းပရစ် (Grand Prix) ပြိုင်ပွဲရာသီမှာ အသက်အငယ်ဆုံး MotoGP ချန်ပီယံဖြစ်
လာခဲ့ပြီး ပထမဆုံးနှစ်မှာပဲ ကမ္ဘာ့ချန်ပီယံဘွဲ့ ကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်
ပါတယ်။

Grand Prix ချန်ပီယံဟောင်း ဂျော့်ဂ်လိုရန်ဇို ကိုယ်တိုင်က မာ့စ်မားကွက်ဇ်
ဟာ ဆိုင်ကယ်လောက ကို အကြာကြီးအုပ်စိုးသွားမယ့်လူသစ်တစ်ယောက်
ဖြစ်တယ်လို့  ဟောကိန်းထုတ်ထားပါတယ်။

ဒုတိယမြောက် စမ်းသပ်မှုကို ဖေဖော်ဝါရီလနောက်ပိုင်းမှာ ပြုလုပ်
သွားဖွယ်ရှိတယ်လို့ သိရှိရပါတယ်။

Ref: bbc.com
Trend Myanmar

RangonNewsDaily: February . 7 .2014
စပိန်လူမျိုး အသက် ၂၀ အရွယ် ဆိုင်ကယ်စီးကမ္ဘာ့ချန်ပီယံ မာ့စ်မားကွက်ဇ် ဟာ မလေးရှားနိုင်ငံ၊ ဆီပမ်း မြို့ 
မှာ ပြုလုပ်ခဲ့တဲ့ MotoGP ရာသီကြို စမ်းသပ်မှုမှာ သူ့ ရဲ့ ထိပ်သီးပြိုင်ဘက်အားလုံးကို ဖြတ်ကျော်ဦးဆောင်ပြီး အမြန်ဆုံးစံချိန်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ သူ့ ရဲ့ ဟွန်ဒါ ရက်ပ်ဆိုး ဆိုင်ကယ် နဲ့ ၅၉.၅၃၃ စက္ကန့် နဲ့  အမြန်ဆုံးတစ်ပတ် ပတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီစံချိန်ဟာ ချန်ပီယံခြောက်ဆုပိုင်ရှင် ဗလာတီနို ရော့စီ ထက် ၀.၁၉၄ စက္ကန့် ပိုမြန်ခဲ့တာပါ။ နှစ်ထပ်ကွမ်း ချန်ပီယံ ဂျော့် လိုရန်ဇို ကတော့ အဆင့်၃ နဲ့ ပန်းဝင်ခဲ့ပါတယ်။

မားကွက်ဇ် ဟာ နိုဝင်ဘာလ က ပြုလုပ်ခဲ့တဲ့ ဗလင်စီယာ ဂရင်းပရစ် (Grand Prix) ပြိုင်ပွဲရာသီမှာ အသက်အ
ငယ်ဆုံး MotoGP ချန်ပီယံဖြစ်လာခဲ့ပြီး ပထမဆုံးနှစ်မှာပဲ ကမ္ဘာ့ချန်ပီယံဘွဲ့ ကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Grand Prix ချန်ပီယံဟောင်း ဂျော့်ဂ်လိုရန်ဇို ကိုယ်တိုင်ကမာ့စ်မားကွက်ဇ်ဟာဆိုင်ကယ်လောကကို အကြာ
ကြီးအုပ်စိုးသွားမယ့်လူသစ်တစ်ယောက်ဖြစ်တယ်လို့  ဟောကိန်းထုတ်ထားပါတယ်။

ဒုတိယမြောက် စမ်းသပ်မှုကို ဖေဖော်ဝါရီလနောက်ပိုင်းမှာ ပြုလုပ်သွားဖွယ်ရှိတယ်လို့ သိရှိရပါတယ်။

Ref: bbc.com
Trend Myanmar ,kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment