Pages

Friday, February 7, 2014

မိုယက်စ်ကို ယုံကြည်သင့်ဟု ဘက်ဟမ်းထောက်ခံ

Photo: မိုယက်စ်ကို ယုံကြည်သင့်ဟု ဘက်ဟမ်းထောက်ခံ
Thursday, February 6, 2014

မိုယက်စ်၏ အသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လွှတ်ဆုံးရှုံးရရန် သေချာနေပြီဖြစ်သလို ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက်ပင် (၇)မှတ် ပြတ်ကျန်နေခဲ့

မန်ချက်စတာ ယူနိုက်တက် အသင်း၏ ရလဒ်များ ယိမ်းယိုင်နေသော်လည်း မန်နေဂျာ ဒေးဗစ်မိုယက်စ်သည် စွမ်းရည်ပြည့်ဝ ကောင်းမွန်သူ တစ်ဦးအဖြစ် မိမိ အခိုင်အမာ ယုံကြည်ကြောင်း ဒေးဗစ်ဘက်ဟမ်းက ပြောကြားလိုက်သည်။ ယူနိုက်တက်တွင် ကစားသမားဘဝ အစပြုခဲ့သည့် အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်းက ဆာအဲလက်စ် ဖာဂူဆန်လက်ထဲမှ အသင်းကို လက်လွှဲယူခဲ့သည့် စကော့သား မန်နေဂျာဘက်မှ ထောက်ခံ ရပ်တည်ခဲ့သည်။ မိုယက်စ်၏ အသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လွှတ်ဆုံးရှုံးရရန် သေချာနေပြီဖြစ်သလို ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက်ပင် (၇)မှတ် ပြတ်ကျန်နေခဲ့သည်။

အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်နောက် (၁၅)မှတ် ပြတ်ကျန်ခဲ့သည့် ယူနိုက်တက်၏ ရလဒ်ဆိုးများနှင့် ပတ်သက်ပြီး ဘက်ဟမ်းက ယခုရာသီမှာ စပ်ကူးမတ်ကူး ကာလမျိုး ဖြစ်သည်ကို မမေ့သင့်ဟု ထောက်ပြသွားခဲ့သည်။ ဘောလုံးသမား ဘဝမှ အနားယူခဲ့ပြီဖြစ်သော ဘက်ဟမ်းက "ရာသီတိုင်းတော့လည်း အသင်းတစ်သင်းဟာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိမနေနိုင်ဘူးပေါ့လေ။ ဒီရာသီ အနေအထားကတော့ ခက်ခဲကြမ်းတမ်းလွန်းပါတယ်။ ကျွန်တော်တို့လို ယူနိုက်တက် ကစားသမားဟောင်းမျိုး၊ အသင်းအမာခံ ပရိသတ်မျိုးတွေအတွက်တော့ လက်ခံဖို့ ခက်နေတာ အမှန်ပါ။ ယူနိုက်တက်ဟာ ချန်ပီယံဆုတွေ ဆွတ်ခူးရယူဖို့ အမြဲတမ်းလိုလို အသားတကျ ဖြစ်နေခဲ့တာ မဟုတ်လား"ဟု ပြောကြားခဲ့သည်။

၎င်းက "လက်ရှိအနေအထားကို အကျပ်အတည်း ဆိုက်နေတယ်လို့တော့ မမြင်ပါဘူး။ တကယ်လို့ ကျွန်တော်တို့ နှစ်ပွဲလောက် ဆက်တိုက်နိုင်လိုက်တာနဲ့ အဆင့်(၄)၊ (၅)လောက်ကို ပြန်ရောက်သွားနိုင်ပါတယ်။ မိုယက်စ်ဟာ ခမ်းနားကြီးကျယ်တဲ့ မန်နေဂျာတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ အချိန်တော့ ယူရပါလိမ့်မယ်။ သူဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ဘောလုံးကလပ် တစ်ခုဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကို ရောက်လာတာပါ။ ဒါဟာ သူ့အတွက် စပ်ကူးမတ်ကူး ကာလလောက်သာ ဖြစ်ပါတယ်။ လူတွေကတော့ ခက်ခဲတဲ့ ဘောလုံးရာသီအကြောင်း ပြောကြမှာပါပဲ။ ပရိသတ်တွေက မိုယက်စ်ကို ယုံကြည်ဆဲလို့ ကျွန်တော်ထင်ပါတယ်။ သူယုံကြည်ထားသမျှတိုင်းကို ပရိသတ်ကလည်း ယုံကြည်မှာပါပဲ။ ပွဲစဉ်တွေ အများကြီး အနိုင်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်"ဟုလည်း ဖွင့်ဟသွားသည်။

Planet Myanmar Network

RangonNewsDaily: February . 7 .2014
မန်ချက်စတာ ယူနိုက်တက် အသင်း၏ ရလဒ်များ ယိမ်းယိုင်နေသော်လည်း မန်နေဂျာ ဒေးဗစ်မိုယက်စ်သည် စွမ်းရည်ပြည့်ဝ ကောင်းမွန်သူ တစ်ဦးအဖြစ် မိမိ အခိုင်အမာ ယုံကြည်ကြောင်း ဒေးဗစ်ဘက်ဟမ်းက ပြောကြားလိုက်သည်။ ယူနိုက်တက်တွင် ကစားသမားဘဝ အစပြုခဲ့သည့် အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်းက ဆာအဲလက်စ် ဖာဂူဆန်လက်ထဲမှ အသင်းကို လက်လွှဲယူခဲ့သည့် စကော့သား မန်နေဂျာဘက်မှ ထောက်ခံ ရပ်တည်ခဲ့သည်။ မိုယက်စ်၏ အသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လွှတ်ဆုံးရှုံးရရန် သေချာနေပြီဖြစ်သလို ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက်ပင် (၇)မှတ် ပြတ်ကျန်နေခဲ့သည်။

အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်နောက် (၁၅)မှတ် ပြတ်ကျန်ခဲ့သည့် ယူနိုက်တက်၏ ရလဒ်ဆိုးများနှင့် ပတ်သက်ပြီး ဘက်ဟမ်းက ယခုရာသီမှာ စပ်ကူးမတ်ကူး ကာလမျိုး ဖြစ်သည်ကို မမေ့သင့်ဟု ထောက်ပြသွားခဲ့သည်။
 
 ဘောလုံးသမား ဘဝမှ အနားယူခဲ့ပြီဖြစ်သော ဘက်ဟမ်းက "ရာသီတိုင်းတော့လည်း အသင်းတစ်သင်းဟာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိမနေနိုင်ဘူးပေါ့လေ။ ဒီရာသီ အနေအထားကတော့ ခက်ခဲကြမ်းတမ်းလွန်းပါတယ်။ 
 
ကျွန်တော်တို့လို ယူနိုက်တက် ကစားသမားဟောင်းမျိုး၊ အသင်းအမာခံ ပရိသတ်မျိုးတွေအတွက်တော့ လက်ခံဖို့ ခက်နေတာ အမှန်ပါ။ ယူနိုက်တက်ဟာ ချန်ပီယံဆုတွေ ဆွတ်ခူးရယူဖို့ အမြဲတမ်းလိုလို အသားတကျ ဖြစ်နေခဲ့တာ မဟုတ်လား"ဟု ပြောကြားခဲ့သည်။

၎င်းက "လက်ရှိအနေအထားကို အကျပ်အတည်း ဆိုက်နေတယ်လို့တော့ မမြင်ပါဘူး။ တကယ်လို့ ကျွန်တော်တို့ နှစ်ပွဲလောက် ဆက်တိုက်နိုင်လိုက်တာနဲ့ အဆင့်(၄)၊ (၅)လောက်ကို ပြန်ရောက်သွားနိုင်ပါတယ်။ မိုယက်စ်ဟာ ခမ်းနားကြီးကျယ်တဲ့ မန်နေဂျာတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ အချိန်တော့ ယူရပါလိမ့်မယ်။ 
 
သူဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ဘောလုံးကလပ် တစ်ခုဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကို ရောက်လာတာပါ။ ဒါဟာ သူ့အတွက် စပ်ကူးမတ်ကူး ကာလလောက်သာ ဖြစ်ပါတယ်။ 
 
လူတွေကတော့ ခက်ခဲတဲ့ ဘောလုံးရာသီအကြောင်း ပြောကြမှာပါပဲ။ ပရိသတ်တွေက မိုယက်စ်ကို ယုံကြည်ဆဲလို့ ကျွန်တော်ထင်ပါတယ်။ သူယုံကြည်ထားသမျှတိုင်းကို ပရိသတ်ကလည်း ယုံကြည်မှာပါပဲ။ ပွဲစဉ်တွေ အများကြီး အနိုင်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်"ဟုလည်း ဖွင့်ဟသွားသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment