Pages

Friday, February 7, 2014

ဒုချီရာတန်း မီးလောင်မှု DVB သို့ဖြေကြားချက်ကြောင့် ဦးရွှေမောင်အား သမ္မတ ညွှန်ကြားချက်ဖြင့် ပြည်ထဲရေးမှ စစ်ဆေး

U Shwe Maugn

RangonNewsDaily: February . 7 .2014ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ဒုချီရာတန်း ကျေးရွာ မီးလောင်မှု ကိစ္စ တွင် ရဲတပ်ဖွဲ့ဝင်များ ကိုယ်တိုင် ရိုဟင်ဂျာများ၏ အိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံများ၏ သတင်းပို့ချက်အား DVB  သတင်းဌာနသို့ ပြည်သူ့
လွှတ်တော် အမတ် ဦးရွှေမောင် ပြောကြားချက်နှင့်ပတ်သက်၍သမ္မတညွှန်ကြားချက်ဖြင့် ပြည်ထဲရေးမှ တွေ
့ဆုံ စစ်ဆေးမည့် အကြောင်း ဦးရွှေမောင်မှ ၄င်း၏ FB စာမျက်နှာတွင် အောက်ပါ အတိုင်းရေးသား ဖော်ပြခဲ့ပါ
သည်။
၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၃ ရက်နေ့က ကျွန်တော်သည် ပြည့်သူလွှတ်တော် ဥက္ကဌ ဦးရွှေမန်းနှင့် နှစ်ကြိမ်
တိုင် တွေ့ဆုံခဲ့ ပါသည်။

တွေ့ဆုံရခြင်း အကြောင်းမှာ သမ္မတမှ ပြည့်သူ လွှတ်တော် ဥက္ကဌသို့ မိမိအား ခေါ်ယူတွေ့ဆုံရန်၊ စစ်ဆေး
မေးမြန်းရန် နှင့် ဥပဒေ အတိုင်း ဆောင်ရွက်ရန် မေတ္တာရပ်ခံတောင်းဆိုသော သဝဏ်လွှာနှင့် ပတ်သက်၍
 ဖြစ်ပါသည်။

သမ္မတ၏ စာတွင် ကျွန်တော့် ဒီဗွီဘီ အင်တာဗျူးသည် နိုင်ငံတော်နှင့် မြန်မာ့ ရဲတပ်ဖွဲ့ကို အသရေ ပျက်စေ
သည်ဟု ဖော်ပြပါရှိပါသည်။စာထဲတွင်ကျွန်တော်သည် ပဋိပက္ခများကို ဖြစ်စေသည်ဟုလည်း ဖော်ပြထားပြန်
သည်။

သို့ဖြစ်၍ ဥက္ကဌက ကျွန်တော့်အား လိုအပ်သည်များကို လမ်းညွှန်ခဲ့ပါသည်။ ပြည်ထဲရေး ဝန်ကြီးဌာနသည် ယနေ့ညနေ ၄နာရီတွင် စစ်ဆေးမေးမြန်းခြင်းကို ကျွန်တော်တို့၏ ညှိုနှိုင်းစေ့စပ်မှုအရ ကြံ့ခိုင်ရေးပါတီ ဌာန
ချုပ်တွင် စတင်ပါမည်။

ကျွန်တော်သည် နိုင်ငံတော်နှင့် မြန်မာ့ရဲတပ်ဖွဲ့အသရေပျက်အောင်မည်သည့် အခါမျှ မလုပ်ပါ။ ပြည့်သူလွှတ်
တော်ဥပဒေနှင့်အခြေခံဥပဒေနှင့် အညီ နိုင်ငံနှင့် ပြည်သူတို့ ကောင်းကျိုး အတွက် ဆောင်ရွက်သည်သာဖြစ်
သည်။

ကျွန်တော်သည် တည်ငြိမ်ရေး၊ ချစ်ကြည်စွာ နေထိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ တရား
မျှတရေးနှင့် သာတူညီမျှ အခွင့်အရေးတို့ကို အစဉ်အမြဲ အလေးအနက်ထားပါသည်။ ကျွန်တော်သည် လွှတ်
တော်၊ သက်ဆိုင်သော ပြည်ထောင်စု ဝန်ကြီးများနှင့် လိုအပ်ပါက ဒေသံသရ အာဏာပိုင်များနှင့်ပါ ပူးပေါင်း
ဆောင်ရွက်လျက်ရှိပါသည်။

ရွှေမောင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဘူးသီးတောင် ကိုယ်စားပြု
ရခိုင်ပြည်နယ်၊ မြန်မာ
ညနေ ၃ နာရီခွဲ၊ ဖေဖေါ်ဝါရီလ ၄ ရက်နေ့၊ ၂၀၁၄ ခုနှစ်

0 comments:

Post a Comment