![]() |
ဆောင်သွားမယ်လို့ နော်ဝေးနိုင်ငံမှာ နေထိုင်နေတဲ့ အဆိုတော် ကိုမွန်းအောင်က ပြောပါတယ်။ သူနဲ့ သူ့မိတ်
ဆွေ များနဲ့ အတူ ဒီမိုကရေစီမြတ်နိုးသူတွေ စုစည်းပြီး မြန်မာ့ လက်ရှိနိုင်ငံရေး အခြေအနေမှန်များကို နော်
ဝေးမီဒီယာများမှဖြစ်စေ၊ ပြည်သူတွေနဲ့ တိုက်ရိုက်ထိစပ်ပြီးဖြစ်စေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါ
တယ်။















![အိန္ဒိယတွင် ပုဆိန်သမား၏ ရမ်းကားတိုက်ခိုက်မှုကြောင့် လူ ၉ ဦးသေဆုံး
Friday, April 5, 2013
အိန္ဒိယ အလယ်ပိုင်း ဒေသရှိ ကျေးရွာငယ် တစ်ခုတွင် လူတစ်ဦးသည်
ဒေါသတကြီးဖြင့် ပုဆိန်ကို ဝှေ့ယမ်း ခုတ်ထစ်ခဲ့ရာ အမျိုးသမီး (၄)ဦးနှင့် မိန်းကလေးငယ် (၅)ဦး သေဆုံးခဲ့ကြသည်။
အိန္ဒိယ နိုင်ငံတွင် လူတစ်ဦး၏ ပုဆိန်အသုံးပြုကာ ရမ်းကား တိုက်ခိုက်
မှုကြောင့် လူပေါင်း(၉)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ အိန္ဒိယ အလယ်ပိုင်း ဒေသရှိ ကျေးရွာငယ် တစ်ခုတွင် လူတစ်ဦးသည် ဒေါသ
တကြီးဖြင့် ပုဆိန်ကို ဝှေ့ယမ်း ခုတ်ထစ်ခဲ့ရာ အမျိုးသမီး (၄)ဦးနှင့် မိန်းကလေးငယ် (၅)ဦး သေဆုံးခဲ့ကြသည်။
ချာတစ်ဂါ့ရှ် ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ရမ်းကား သတ်ဖြတ်မှုတွင် တရားခံ၏ အမည်ကို ပန်ဒူရမ်ဟုသာ ရဲများက ဖော်ပြခဲ့ပြီး သတ်ဖြတ်
ရခြင်း အကြောင်းရင်းကို တိတိကျကျ မဖော်ထုတ်နိုင်သေးချေ။ ရဲများ
က လူသတ်သမားသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့ ရှိနေသည်ဟု ယူဆရကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။
အသက်(၃၅)နှစ်ရှိ အမျိုးသားကို ၎င်း၏ ဇနီးက မကြာသေးမီကမှ စွန့်ပစ်သွားခဲ့ကြောင်းလည်း သိရသည်။ ယခုသတ်ဖြတ်မှုတွင် တရား
ခံသည် အမျိုးသမီးများကိုသာ ပစ်မှတ်ထား တိုက်ခိုက်သွားခဲ့သည်။
ရဲများက ယခုကိစ္စ ဖြစ်ပွားချိန်တွင် ရွာအတွင်းမှ အမျိုးသားအားလုံး အလုပ်လုပ်နေကြပြီး အမျိုးသမီးများသာ ကျန်နေခဲ့ချိန်ဟု ဆိုသည်။
ရဲများသည် တရားခံကို ဖမ်းဆီးကာ ၎င်း၏ လက်နက်ကိုလည်း သိမ်းယူထားလိုက်ပြီ ဖြစ်သည်။ ဒေသဆိုင်ရာ အာဏာပိုင်များက
မိမိတို့ အနေဖြင့် သေဆုံးသူများ၏ မိသားစုများကို နစ်နာကြေး ရူ
ပီးငွေ (၂၅၀၀၀၀)စီ [ဒေါ်လာ ၄၅၀ ဝန်းကျင်] ပေးအပ်သွားမည်ဟု
ပြောကြားထားသည်။
Source: BBC
Planet Myanmar Network
http://www.planet.com.mm/news/read.cfm/id/21353](https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-ash3/s480x480/527039_558147944225848_108590015_n.jpg)



