Pages

Friday, April 5, 2013

မုံရွာနည်းပညာတက္ကသိုလ်၊ EP ဌာနမှ လက်ထောက်ကထိက အမူးလွန်၍ ကော်ရစ်တာပေါ်မှပြုတ်ကျသေဆုံး

Friday, April 5, 2013

၎-၄-၂၀၁၃ ရက်နေ့ ၀၈၀၀ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာအမှတ်(၁)ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မုံရွာမြို့နယ်၊မိုးညှင်းရွာအနီးရှိနည်းပညာတက္ကသိုလ်ပင်မဆောင်ရှေ့မျက်နှာစာညာဘက်ခြမ်း ရေနှုတ်မြောင်း
အတွင်း အမျိုးသားတစ်ဦးသေဆုံးနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ မုံရွာနည်းပညာတက္ကသိုလ်၊ EP ဌာနမှ လက်ထောက်ကထိက ဦးဥက္ကာဗိုလ် (၃၀)နှစ်အား မေးရိုးကွဲ၊ ရှေ့သွားများကျိုး၊ နားမှသွေးယိုစီးဒဏ်ရာများဖြင့်
ရေနှုတ်မြောင်းအတွင်း၌ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်။ ထိုသို့သေဆုံးနေမှုနှင့်ပတ်သက်၍ စုံစမ်းခဲ့ရာ ပင်မကျောင်းဆောင်တတိယထပ် ကော်ရစ်တာတွင် ၎င်းစီးသည့် ဖိနပ် ၁ ရံနှင့် မျက်မှန် ၁ လက် တို့ကို တွေ့ရှိရပြီး ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၏ ပြောပြချက်အရ ဦးဥက္ကာဗိုလ်မှာ လူပျို တစ်ဦးဖြစ်ကြောင်း၊ အရက်သောက်တတ်ကြောင်း၊ စိတ်အနေအထား ပုံမှန်မဟုတ်ကြောင်းနှင့် ရန်ငြိုးရန်စမရှိကြောင်း၊ 
၃-၄-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် ၎င်းနေထိုင်သည့်အဆောင်မှ ပင်မကျောင်းဆောင်ဘက်သို့ တစ်ဦးတည်းထွက်သွားကာ အရက်မူးပြီးကော်ရစ်တာပေါ်ထိုင်ရာက ပြုတ်ကျ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် အတွက် မုံရွာအမှတ်(၁)ရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၃/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်, Rangonnewsdaily
RND:5.4.2013

1 comments:

Anonymous said...

ဖက်မရဘူး အတုံးတွေဖြစ်နေတယ်

Post a Comment