Pages

Friday, April 5, 2013

တန်ဖိုးနည်းဆင်းကဒ် မှောင်ခိုဈေး မဖြစ်စေရေး ထိန်းသိမ်းသင့်


ဧပြီ(၂၄)ရက်နေ့တွင် ရောင်းချပေးမည့် တန်ဖိုးနည်းဖုန်းများအား အစိုးရအဖွဲ့တစ်ခုတည်းမှသာ ရောင်းချပေးမည် ဆိုလျှင် ပြင်ပဈေးကွက်၌ ဆင်းကဒ်တစ်ခုလျှင် ကျပ်နှစ်သောင်းဝန်းကျင်ခန့်ဖြစ်သွားနိုင်ဖွယ်ရှိသည်ဟု   ပြည်သူများထံက သိရှိရသည်။

“တခြားလူတွေက မှတ်ပုံတင်တွေနဲ့ သွားဝယ်လာပြီး အန်တီတို့ကို ပြန်ရောင်းမယ်ဆိုရင် ဈေးကြီးသွားမယ်အဲဒါကို အန်တီတို့ ငါးထောင်တန်ထပ်ဖြည့်ထားပြီပဲထားတော့ တစ်သောင်းခွဲ၊ နှစ်သောင်းလောက်ဖြစ်သွားပြီ”ဟု ကမာရွတ်မြို့နယ်၊ ပြည်ရိပ်မွန်အိမ်ရာရှိ စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
 
ဆင်းကဒ်များကို တဆင့်ပြန်လည် ရောင်းချခြင်းမှကာကွယ်နိုင်ရန်အတွက် ၁၅ ရက်အတွင်း ငွေဖြည့်ကဒ်ထည့်၍ အသုံးမပြုသည့်ဖုန်းကဒ်များကို အစိုးရက လိုင်းပိတ်သွားမည်ဟု ကြေငြာထားသော်လည်း ဆင်းကဒ်များအား ဟန်းဆက်တစ်ခုအတွင်းထည့်၍ ငါးထောင်တန်ငွေဖြည့်ကဒ်ထည့်ကာ ဖုန်းတစ်ခါခေါ်ဆိုပြီး ဆင်းကဒ်အား  ၂လခန့် ပြန်သိမ်းထား၍ ရကြောင်းကိုလည်း ကမာရွတ်မြို့နယ်နေ လူငယ်တစ်ဦးက ပြောသည်။
 
ဖုန်းက သုံးသိန်းခွဲပဲ ချပေးမယ်ဆိုတော့ ၀ယ်လိုအားကများနေအုံးမှာပဲ ရန်ကုန်မြို့မှာတင် လူဦးရေက သန်းနဲ့ချီရှိနေတာ။ ဟု အဆိုပါလူငယ်က ဆက်ပြောသည်။
 
အစိုးရအနေဖြင့် လစဉ်ဖုန်းကဒ်အရေအတွက် သုံးသိန်းခွဲပုံမှန်ချပေးနေမည်ဆိုလျှင် တဆင့်ပြန်လည်   ရောင်းချသာဈေးကွက်မှာ ခဏအတွင်းပျောက်သွားနိုင်ကြောင်းကို ပြည်ရိပ်မွန်အိမ်ရာနေ အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
 
ထို့ပြင် တန်ဖိုးနည်းဖုန်းများအား အစိုးရအဖွဲ့တစ်ခုတည်းမှမဟုတ်ဘဲ ပုဂ္ဂလိကအရောင်းဆိုင်များကပါ ၁၅၀၀ ကျပ်ဖြင့်သာ ရောင်းချပေးမည်ဆိုလျှင် ပြင်ပတွင်တဆင့်ပြန်လည်ရောင်းချနေသော ဖုန်းများအား မည်သူမျှ ၀ယ်ယူတော့မည်မဟုတ်ဟု ထိုပုဂ္ဂိုလ်က ဆက်ရှင်းပြသည်။
 
တန်ဖိုးနည်းဖုန်းများအား ဧပြီ(၂၄)ရက်နေ့တွင်စတင်ရောင်းချပေးမည့်အစီအစဉ်များအား   မြန်မာ့အသံနှင့် မြ၀တီရုပ်သံတို့မှ ဧပြီ(၃)ရက်နေ့ ည ၈း၀၀ နာရီသတင်းတွင် ကြေငြာခဲ့ခြင်းဖြစ်သည်။
 
ထိုရောင်းချမည့်ဖုန်းများတွင် CDMA 800 MHz ဖုန်းများနှင့် CDMA 800 MHz စနစ် စက်ပစ္စည်းများ တပ်ဆင်ထားခြင်း မရှိသေးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်မူ WCDMA (3G)ဖုန်းများအားရောင်းချပေးသွားမည်ဟု သိရှိရသည်။
 
WCDMA ဆိုတာကတော့ပြောရရင် GSM ပါပဲ ဒီမှာကဘယ်လိုဖြစ်လို့ အဲ့လိုခေါ်လည်းတော့မသိဘူး သူက 900 MHz နဲ့ 2100 MHz ဆိုတော့ GSM ပဲ၊ ကြိမ်နှုန်းက 2100 ဆိုတော့ လိုင်းစိတ်တယ် လိုင်းစိတ်တော့ လိုင်းမိတာပေါ့ ဟု ထိုင်းနိုင်ငံမှ Telecommunication Science ဖြင့် ကျောင်းပြီးထားသော လူငယ်တစ်ဦးက ပြောသည်။
 
ထိုကဲ့သို့ CDMA တန်ဖိုးနည်းဖုန်းများ ချထားပေးခြင်းကြောင့် ဖုန်းဆိုင်များအနေဖြင့် အရောင်းထိုင်းခဲ့သော CDMAဟန်းဆက်များမှာလည်း ပြန်လည်အရောင်းသွက်လာမည်ဟု ခန့်မှန်းနေကြသည်။
 
 
မြစ်မခသတင်း, Rangonnewsdaily
RND:5.4.2013

0 comments:

Post a Comment