Pages

Friday, April 5, 2013

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် တရုတ်နိုင်ငံလုပ် လက်နက်ပုန်းသေနတ်များ ဖမ်းဆီးရမိ

Friday, April 5, 2013

၎-၄-၂၀၁၃ ရက်နေ့ ၁၃၃၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ (၁၀)လမ်း ရှိ ““ဦးချစ်ဟို”” ဆောက်လုပ်ရေး/လျှပ်စစ်/အိမ်သုံးပစ္စည်းအရောင်းဆိုင်အား ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေခဲ့ရာ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ (၁၀)လမ်းနေ ဆိုင်အရောင်းတာဝန်ခံ မယဉ်ယဉ်အေး (၂၉)နှစ်အား တွေ့ရှိရပြီး ဆိုင်အတွင်းမှ ANDALAS AIR RIFFLE စာတမ်းပါ ဒင်မှပြောင်းအထိ အရှည် ၃ ပေ ၃လက်မခန့်ရှိ တရုတ်နိုင်ငံလုပ် လေသေနတ် ၅ လက်နှင့် JANDAO စာတမ်းပါ တရုတ်နိုင်ငံလုပ် ဒူးလေးသေနတ် ၁ လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် တရားဝင်ခွင့်ပြုချက် မရှိဘဲ လက်ဝယ်ထားရှိသူ မယဉ်ယဉ်အေးအား မြိတ်မြို့မရဲစခန်း(ပ)၁၇၄/၂၀၁၃၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
, Rangonnewsdaily
RND:5.4.2013

0 comments:

Post a Comment