Pages

Friday, April 5, 2013

မြောက်ကိုရီးယားအစိုးရ၏ Twitter နှင့် Flickr ကို Hacker များ ထိန်းချုပ်

kim-north-korea
(Flickr တွင် တင်ထားသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို လှောင်ပြောင်သရော်ထားသည့်ပုံ)
မြောက်ကိုရီးယားအစိုးရ၏Twitterနှင့်Flickrရှိဝါဒဖြန့်accountများကိုHackerများကထိန်းချုပ် ရယူသွားကြောင်း သိရှိရသည်။အာရှတိုက်အရှေ့ပိုင်းရှိအထီးကျန်ကွန်မြူနစ်နိုင်ငံသည်စစ်ပွဲအတွက် ကြိမ်းမောင်းမှုများ ပြုလုပ်
နေစဉ်တွင် Anonymous Hackerအဖွဲ့က ၎င်းတို့၏ Accountများကို ထိန်းချုပ် သိမ်းယူသွားခြင်း ဖြစ်သည်။
ထို့အပြင်မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်း၏မျက်နှာတွင်ဝက်နှာခေါင်းနှင့်နားရွက်များ တပ်ထား
သည့်ရွှတ်နောက်နောက်ကာတွန်းပုံကိုတင်ထားကာဆုငွေထုတ်ထားသည့်ရာဇဝတ်ကောင် ပုံစံမျိုး လှောင်
ပြောင်ဖော်ပြထားသည်။

ယင်းပုံနှင့်အတူ "ကမ္ဘာ့ငြိမ်းချမ်းရေးကို ICBM တိုက်ချင်းပစ် ဒုံးကျည်တွေ၊ နျူကလီးယား လက်နက်တွေနဲ့ ခြိမ်းခြောက်နေသူ၊ ကိုယ့်နိုင်ငံက ပြည်သူတွေ ငတ်သေနေချိန်မှာ ပိုက်ဆံဖြုန်းတီးနေသူ"ဟူသော စာသားကိုပါ ရေးထိုးထားသည်ကို တွေ့ရသည်။ အခြားပို့စ် တစ်ခုတွင်မူ "ကျုပ်တို့ဟာ Anonymousပဲ"ဟုလည်း မည်သူ့လက်ချက် ဖြစ်သည်ကို အသိပေးထားကြောင်း သတင်းများက ဆိုသည်။

မြောက်ကိုရီးယား၏ ဝါဒဖြန့် Uriminzokkri အမည်ရှိ Twitter Accountတွင် Followerပေါင်း (၁၃၀၀၀)ကျော် ရှိနေသည်။ လတ်တလောတွင် အမေရိကန်၊ တောင်ကိုရီးယား နိုင်ငံများနှင့် မြောက်ကိုရီးယားတို့ကြား ဆက်ဆံရေး တင်းမာ ဆိုးရွားလာချိန်တွင် ယခု Hacker ပြဿနာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မြောက်ကိုရီးယားသည် ၎င်း၏ Social Media Accountများကို အသုံးပြုကာ ဝါဒဖြန့်ခြင်း၊ အမေရိကန်ကို ခြိမ်း
ခြောက် ကြိမ်းဝါးခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်။

Source: NY Post, Planet Myanmar Network, Rangonnewsdaily
RND:5.4.2013

0 comments:

Post a Comment