Pages

Friday, April 5, 2013

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကာလအတွင်း ပြည်ခိုင်ဖြိုးပါတီကို မဲပေးရန် မတရားခြိမ်းခြောက်ပြောဆိုခဲ့သည့် မြို့နယ်အဆင့်ရှိ ပါတီဝင်တစ်ဦး ပြစ်ဒဏ်ချမှတ်ခံရ

ရန်ကုန်၊ ဧပြီ ၅

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကာလအတွင်း ပြည်ခိုင်ဖြိုးပါတီကို မဲပေးရန် မတရားခြိမ်းခြောက်ပြောဆိုခဲ့သည့် မြို့နယ်အဆင့်ရှိ ပါတီဝင်တစ်ဦးကို မင်္ဂလာတောင်ညွန့် တရားရုံးက အပြစ်ရှိကြောင်း ယနေ့တွင် ဆုံးဖြတ်ချက်ချ၍ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ခြိမ်းခြောက်ခံလိုက်ရသူ ဒေါ်သန်းသန်းဌေးက တရားလိုအဖြစ် တရားစွဲဆိုလိုက်သည့် အမှုအပေါ် တရားရုံးအနေဖြင့် ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ရာ တရားခံကို ဒဏ်ငွေ ကျပ် ၅၀၀၀ (သို့မဟုတ်) ထောင်ဒဏ် ၃ လ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း တရားလိုက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ “ဒေါ်သန်းသန်းဌေး ခင်ဗျားသားက NLD ပါတီမှာ အရမ်းတက်ကြွနေပါလား၊ ခင်ဗျားတို့လိုင်းခန်းပျောက်ချင် ပြီလား၊ ဒါမှမဟုတ် ရခိုင်ကို ပြောင်းလိုက်ရမလား၊ အရက်သောက်လို့ ထောင်ကျတာက ၇ ရက်ပဲ၊ နိုင်ငံရေးအမှုနဲ့ ကျမယ်ဆိုရင် ဘယ်နှနှစ်မှန်း မသိဘူး၊ 
အခု ပါတီက ခင်ဗျားတို့ကို ပိုက်ဆံထုတ်ချေးပေးနေတာ၊ ပါတီကို မဲထည့်မယ်ဆိုရင် ငါးသောင်း ထပ်ထုတ်ချေးပေးမယ်လို့ အဲ့ဒီပါတီဝင်က ကျွန်မကို ခြိမ်းခြောက်ပါတယ်၊ ဒါကြောင့် ကျွန်မက ဥပဒေအရ တရားစွဲဆိုတာပါ” ဟု ၎င်းက ပေါ်ပြူလာနယူးစ်သို့ ဆိုသည်။

အဆိုပါအမှုကို တရားလိုအနေဖြင့် တရားရုံးသို့ အမှုစွဲတင်မှုမှာ တစ်နှစ်ကျော်လာခဲ့ပြီး ယခုမှ တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

YN Popular Myanmar News, Rangonnewsdaily
RND:5.4.2013
 

0 comments:

Post a Comment