Pages

Friday, April 5, 2013

အလုံဓာတ်အားပေးစက်ရုံအတွင်း မီးလောင်မှုဖြစ်စဉ်အတွင်း မီဒီယာသမားများ သတင်းရယူခြင်းကို စက်ရုံ ၀န်ထမ်းနှင့် တာဝန်ရှိသူဟု ဆိုသူများက ကြမ်းတမ်းစွာ တားဆီးခြင်းများ ပြုလုပ်

အလုံဓာတ်အားပေးစက်ရုံအတွင်း ၀ါယာရှော့ဟု ယူဆရသည့် မီးလောင်မှုတစ်ခု ဧပြီလ ၄ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ် ၀န်းကျင်တွင် ဖြစ်ပွားခဲ့သည်။ 	   မီးလောင်မှုမှာ အလုံဓာတ်အားပေးစက်ရုံဝင်းအတွင်းရှိ ဓာတ်အားပေးစက်အသစ်များ ထားရှိရာ အခန်းအတွင်း ဖြစ်ပွာခဲ့ပြီး ၀ါယာရှော့မှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း အလုံမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ 		   ဖြစ်စဉ်အတွင်း ရောက်ရှိနေသော အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဖြစ်သူ ဦးမျိုးအောင်က ''အခုလောလောဆယ်တော့ ဘယ်ကစလောင်တယ်ဆိုတာ စစ်ဆေးဆဲပါပဲ''ဟု Eleven Media Group ၏ မေးမြန်းချက်အား  ပြန်လည်ဖြေကြားခဲ့သည်။  မီးလောင်မှုဖြစ်စဉ်မှာ နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီး မီးသတ်ကားအစီးရေး ၁၅ စီးထက်မနည်း ငြိမ်းသတ်ခဲ့ရကြောင်း တွေ့ရှိရသည်။ အဆိုပါ မီးလောင်မှုဖြစ်စဉ်အတွင်း မီဒီယာသမားများ သတင်းရယူခြင်းကို စက်ရုံ ၀န်ထမ်းနှင့် တာဝန်ရှိသူဟု ဆိုသူများက ကြမ်းတမ်းစွာ တားဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။

အလုံဓာတ်အားပေးစက်ရုံအတွင်း ၀ါယာရှော့ဟု ယူဆရသည့် မီးလောင်မှုတစ်ခု ဧပြီလ ၄ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ် ၀န်းကျင်တွင် ဖြစ်ပွားခဲ့သည်။ မီးလောင်မှုမှာ အလုံဓာတ်အားပေးစက်ရုံဝင်းအတွင်းရှိ ဓာတ်
အားပေးစက်အသစ်များ ထားရှိရာ အခန်းအတွင်း ဖြစ်ပွာခဲ့ပြီး ၀ါယာရှော့မှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့
ကြောင်း အလုံမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်အတွင်း ရောက်ရှိနေသော အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဖြစ်သူ ဦးမျိုးအောင်က ''အခုလောလော
ဆယ်တော့ ဘယ်ကစလောင်တယ်ဆိုတာ စစ်ဆေးဆဲပါပဲ''ဟု Eleven Media Group ၏ မေးမြန်းချက်အား
ပန်လည်ဖြေကြားခဲ့သည်။ မီးလောင်မှုဖြစ်စဉ်မှာ နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီးမီးသတ်ကားအစီးရေး ၁၅ စီးထက်
မနည်း ငြိမ်းသတ်ခဲ့ရကြောင်း တွေ့ရှိရသည်။ 
 
အဆိုပါ မီးလောင်မှုဖြစ်စဉ်အတွင်း မီဒီယာသမားများ သတင်းရယူခြင်းကို စက်ရုံ ၀န်ထမ်းနှင့် တာဝန်ရှိသူဟု ဆိုသူများက ကြမ်းတမ်းစွာ တားဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။ 
 
Eleven Media, Rangonnewsdaily
RND:5.4.2013 

0 comments:

Post a Comment