Pages

Friday, April 5, 2013

နေပြည်တော်မှမန္တလေးသွား အာကာသ””ခရီးသည်တင်မှန်လုံယာဉ်နှင့် လိုက်ထရပ်အဖြူရောင်ယာဉ် ရန်ကုန်-မန္တလေး အမြန်လမ်း ပေါ်တွင်တိုက်မိ ၁ဦးသေ ၃ဦးဒဏ်ရာရ

၃-၄-၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၃၈/၁-၂)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ပန်းတင်ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ နေပြည်တော်မှမန္တလေးသို့ ပြည်မြို့၊ တီတွတ်ရေနံမြေနေ တင့်ဆွေ(၄၂)နှစ်မောင်းနှင်လာသော၆ဃ/xxxx ““အာကာသ””ခရီးသည်တင်မှန်လုံယာဉ်မှ ရှေ့မှ မောင်းနှင်နေသည့် ၈ခ/xxxx လိုက်ထရပ်အဖြူရောင်ယာဉ်အားကျော်တက်စဉ် လိုက်ထရပ်ယာဉ်၏ ၀ဲဘက်နောက်ခြမ်းအား မှန်လုံယာဉ်၏ရှေ့ဘန်ကာနှင့်တိုက်မိသဖြင့် လိုက်ထရပ်ယာဉ်မှာ လမ်းယာဘက် ဘေးသို့ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့်မှန်လုံယာဉ်ပ်ါမှယာဉ်မောင်းနှင့်ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း လိုက်ထရပ် အဖြူရောင်ယာဉ် ပေါ်တွင်လိုက်ပါလာသည့် ယာဉ်မောင်းပါ ခရီးသည် ၄ ဦးအနက် တောင်ငူမြို့နေ သန်းထွဋ်အောင် (၃၉)နှစ်ပါ ၂ ဦးတွင် ဦးခေါင်းခွံရိုးကွဲ၊ နှာခေါင်းသွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး
 ပဲခူးမြို့၊ ဟင်္သာကုန်းနေ အောင်မျိုးဦး(၃၁)နှစ်ပါ ၂ ဦးတွင် ၀ဲဒူးပွန်း၊ ၀ဲရင်ဘတ်/ယာခါး နာကျင်၊ ယာပုခုံး/လက်ပြင်ပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀) ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ တင့်ဆွေအား ပန်းတင်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း[မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တရားဝင်သတင်းထုတ်ပြန်ချက် အရ သိရသည်။

News of Myanmar, Rangonnewsdaily
RND:5.4.2013

0 comments:

Post a Comment