Pages

Friday, April 5, 2013

ဧပြီ ၂၄ ရက် စရောင်းမည့် CDMA 800 MHz ကို 0931 နဲ့စပြီး စုစုပေါင်း နံပါတ် ၁၀ လုံး ပါဝင်မည်

ဧပြီလ၂၄ရက်ရက်နေ့ကစပြီးပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်နဲ့ ရောင်းချပေးမှာ ဖြစ်တယ်၊ 
ရောင်းချပေးမယ့်နံပါတ်တွေကတော့800MHzကို0931 နဲ့စပြီး စုစုပေါင်း နံပါတ် ၁၀ လုံး ပါဝင်မှာ ဖြစ်ပါတယ်။ တယ်လီဖုန်းလျှောက်ထားဖို့မှတ်ပုံတင်မိတ္တူ၊အိမ်ထောင်စုစာရင်းနဲ့အတူလစဉ်အလုံးရေ သုံးသိန်းခွဲ ရောင်းချ
ပေးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ အင်တာနက်ကိုတော့သီးသန့်လျှောက်ထားဖို့လိုတယ်လို့သိရပါတယ်။ကိုယ်စားလှယ်ကုမ္ပဏီတွေနဲ့ မိုဘိုင်း
ရောင်းဆိုင်တွေကိုတော့ ရောင်းချခွင့် မပြုသေးပါဘူး။ တစ်နိုင်ငံလုံးကို အလုံးရေခွဲတမ်းနဲ့ ရောင်းချပေးမှာလို့ ဆိုပါတယ်။ ခေါ်ဆိုခနှုန်းထား ပြောင်းလဲခြင်း မရှိဘူးလို့ သိရပါတယ်။ 
 
စတင်ရောင်းချတဲ့ ရက်ကစပြီး လစဉ်အလုံးရေ သုံးသိန်းခွဲ ရောင်းချပေးသွားမှာဖြစ်ပြီး အော်ပရေတာတွေနဲ့ အကျိုးတူ ပူးပေါင်းတည်ဆောက်မယ့် တာဝါတိုင် တိုးချဲ့စီမံကိန်းတွေ ပြီးသွားခဲ့ရင်တော့ ဖုန်းတွေကို အကန့်အသတ်မရှိ ရောင်းချပေးမယ်လို့ ရုပ်မြင်သံကြား ပြည်တွင်းသတင်းမှာ ကြေညာပါတယ်။ 
 
ဘယ်နေရာ၊ ဘယ်ဌာနတွေမှာ ရောင်းချမယ် ဆိုတာကိုတော့ မတွေ့ရပါဘူးဟု ၂၀၁၃ ခုနှစ် ဧပြီလ ၅ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

ခေတ်လူငယ်, Rangonnewsdaily
RND:5.4.2013

0 comments:

Post a Comment