Pages

Thursday, May 30, 2013

မက္ကစီကိုတွင် ဟာရီကိန်းမုန်တိုင်း ဘာဘရာ ဝင်ရောက်တိုက်ခတ်


barbara

မက္ကစီကို နိုင်ငံတွင် ဝင်ရောက် တိုက်ခတ်သွားသော ဟာရီကိန်းမုန်တိုင်း ဘာဘရာကြောင့် လူ(၂)ဦး သေဆုံး
သွားပြီး (၁၀)ဦးကျော် ပျောက်ဆုံးနေကြောင်း သိရှိရသည်။ ဘာဘရာ မုန်တိုင်းသည် ဗုဒ္ဓဟူးနေ့ (မေလ ၂၉ ရက်) က မက္ကစီကို နိုင်ငံ၏ ပစိတ်ဖိတ် ကမ်းခြေ ဒေသကို ဖြတ်သန်းကာ ကုန်းတွင်း ဝင်ရောက်ခဲ့သည်။
မုန်တိုင်း တိုက်ခတ်မှုများအတွင်း (၂)ဦး အသေအပျောက် ရှိခဲ့သလို အော့ဆက်ကာ ပြည်နယ်တွင်လည်း တံ
ငါသည် (၁၄)ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ဆိုသည်။ အော့ဆက်ကာ ပြည်နယ် အုပ်ချုပ်ရေး ဌာနက အသက်(၂၅)နှစ်ရှိ လူတစ်ဦး ရေနစ် သေဆုံးပြီး ၎င်းသည် မြစ်တစ်ခုကို ကျော်ဖြတ်ရန် ကြိုးစားစဉ်
 ရေစီးနှင့်အတူ ပါသွားခြင်းဟု ပြောကြားခဲ့သည်။

ကမ်းရိုးတန်း ဒေသရှိပလာယာအဇူလ်တွင်လည်းအသက်(၆၁)နှစ်ရှိအမေရိကန် နိုင်ငံသား ရေလွှာလျှောစီး
သမားတစ်ဦးသည်လှိုင်းလုံးကြီးများ ရိုက်ခတ်မှုကြောင့် သေဆုံးသွားကြောင်းသိရသည်။မက္ကစီကိုအစိုးရ၏
တရားဝင် သတင်းဌာနဖြစ်သောNotimexကတာပန်နာတီပက်တွင်တံငါသည်(၁၄)ဦး ပျောက်ဆုံးနေကြောင်း
 ဖော်ပြခဲ့သည်။ မုန်တိုင်း သုတေသီများက ဘာဘရာ ဟာရီကိန်းသည် မက္ကစီကို တောင်ပိုင်းတွင် ကုန်းတွင်း ဝင်ရောက်ပြီးနောက် ကြာသပတေးနေ့ ညနေပိုင်းတွင် မက္ကစီကို ပင်လယ်ကွေ့ကို ပြန်လည် ဖြတ်သန်းကာ ထို့နောက်တွင်မူ အားပျော့ ပျောက်ကွယ်သွားမည်ဟု ခန့်မှန်းထားသည်။

barbara

အာဏာပိုင်များက လေတိုက်နှုန်း တစ်နာရီ မိုင်(၆၀)မျှ ပြင်းထန်နိုင်သေးသလို ရေလျှံခြင်းနှင့် မြေပြိုခြင်းတို့ ကြုံရနိုင်ကြောင်းလည်း မုန်တိုင်းသင့် ဒေသများတွင် သတိပေးမှုများ ပြုလုပ်ထားသည်။ လတ်တလောတွင် ပစိဖိတ် သမုဒ္ဒရာရှိ ဆိပ်ကမ်း အချို့ကိုလည်း အာဏာပိုင်များက ပိတ်ထားစေခဲ့ပြီး အကာပူလ်ကိုမြို့တွင် ဆိုး
ဆိုးရွားရွား ရေကြီးမှုများနှင့် ကြုံခဲ့ရကြောင်းလည်း သိရှိရသည်။

Source: LA Times
Rangonnewsdaily
RND:  :30.5.2013

0 comments:

Post a Comment