Pages

Thursday, May 30, 2013

ကေအိုင်အိုနှင့် အစိုးရ အချက် ၇ ချက်သ ဘောတူ

Thursday, May 30, 2013

ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)နဲ့ အစိုးရအြကား နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်ရေး အပါအ၀င် အချက် ၇ ချက်ကို မေ ၃၀ရက်ညေနပိုင်းမှာ သေဘာတူလက်မှတ်ထိုး လိုက်နိုင်ပြီလို့ မြစ်ကြီးနားမြို့မှာ အဲဒီဆွေးနွေးပွဲကိုတက်နေတဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှေမာင်ရွှေက ဒီဗွီဘီကို လက်မှတ်ထိုးနေချိန် မေးမြန်းရာမှာ ဖြေဆိုပါတယ်။ နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲကို ကုလသမဂ္ဂ အေထွေထွအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ကိုယ်စားလှယ်တွေ ရှေ့မှောက် လက်မှတ်ထိုးကြတာ ဖြစ်ပါတယ်။

ဦးလှေမာင်ရွှေက “၇ ချက်အေသးစိတ်ကို ဦးရဲထွဋ်က ပြန်ပါလိမ့်မယ်။ အခုက လက်မှတ်ထိုးနေတုန်းမို့လို့။ အြကမ်းဖျဉ်းဆိုရင်တော့ နံပါတ် ၁ က နိုင်ငံတော်အစိုးရနဲ့ ကေအိုင်အိုအဖွဲ့တို့ နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားရန် သေဘာတူတယ်။ နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်မှုများလျှော့ချစဉ် နှစ်ဖက်တိုက်ပွဲများ ထပ်မံမြဖစ်ပွားအောင် ထိန်းသိမ်းခြင်းကို ဆောင်ရွက်ဖို့ သေဘာတူတယ်။ နှစ်ဖက်ကိုယ်စားလှယ်များပါဝင်တဲ့ စောင်ကြပ်ကြည့်ရှုရေးအဖွဲ့ဖွဲ့ဖို့ သေဘာတူတယ်။ နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာရွှေ့ပြောင်းတဲ့ အိုင်ဒီပီတွေအတွက် ပြန်လည်ထူထောင်ရေးကိစ္စေတွကို သေဘာတူတယ်။ တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများ ဆက်ပြီးဆောင်ရွက်ကြဖို့ သေဘာတူတယ်။ လိုအပ်တဲ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်နိုင်ဖို့အတွက် ကေအိုင်အိုကိုယ်စားလှယ်နဲ့ အလုပ်အဖွဲ့ တဖွဲ့ကို မြစ်ကြီးနားမြို့မှာ ထားရှိဖို့ သေဘာတူတယ်။ ”

“နောက်ဆုံးတချက်ကေတာ့ နောက်တြကိမ်ဆွေးနွေးပွဲများတွင် ကေအိုင်အို ကိုယ်စားလှယ်များ၊ အဖွဲ့များ အပါအ၀င် လိုအပ်ပါက တြခားပုဂ္ဂိုလ်များကိုပါ ဖိတ်ကြားရန်သေဘာတူတယ်။ အေသးစိတ်ကို ဦးရဲထွဋ် ထုတ်ပြန်ပါမယ်။ အခု အြပန်အလှန် လက်မှတ်လဲလှယ်နေပါတယ်။”

DVB ,Rangonnewsdaily
RND:  :30.5.2013

0 comments:

Post a Comment