Pages

Friday, May 31, 2013

လက်နက်ဝယ်ယူရေးအတွက် ရုရှားနှင့် သဘောတူညီမှုရပြီဟု အာဆတ် ပြောကြား

Photo: လက်နက်ဝယ်ယူရေးအတွက် ရုရှားနှင့် သဘောတူညီမှုရပြီဟု အာဆတ် ပြောကြား
Friday, May 31, 2013

အယ်လ်မာနာ ရုပ်မြင်သံကြားနှင့် ကြာသပတေးနေ့က ပြုလုပ်ခဲ့သော အင်တာဗျူးတွင် အာဆက်ဒ်က အစ္စရေးကို တိုက်ခိုက်ရန် အတွက် အာရပ်ကမ္ဘာမှ နိုင်ငံများ ပိုမို စည်းလုံးနေပြီ ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ခဲ့သည်။

ဆီးရီးယား သမ္မတ ဘာရှာ အာဆက်ဒ်က မိမိတို့ အနေဖြင့် ရုရှားနှင့် လက်နက်ဝယ်ယူရေး သဘောတူညီမှု တစ်ခု ရရှိထားသလို လက်ရှိ ပြည်တွင်း၌ သူပုန်တပ်များကို နှိမ်နင်းရာတွင်လည်း အစိုးရတပ်ဖွဲ့များက အထက်စီး အနေအထား ရောက်နေပြီဟု ပြောကြားခဲ့သည်။ ထို့အပြင် အယ်လ်မာနာ ရုပ်မြင်သံကြားနှင့် ကြာသပတေးနေ့က ပြုလုပ်ခဲ့သော အင်တာဗျူးတွင် အာဆက်ဒ်က အစ္စရေးကို တိုက်ခိုက်ရန် အတွက် အာရပ်ကမ္ဘာမှ နိုင်ငံများ ပိုမို စည်းလုံးနေပြီ ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ခဲ့သည်။ အစ္စရေးပိုင် ဂိုလန်ကုန်းပြင်မြင့် ဆီးရီးယားပိုင် လက်နက်ကြီး ကျည်ဆန်များ ကျရောက်သည့်နောက် အစ္စရေးဘက်က ပြန်လည် ပစ်ခတ်ခဲ့ရာ နှစ်နိုင်ငံကြား တင်းမာမှုများ ရှိနေချိန်တွင် အာဆက်ဒ်က "ဂိုလန်မှာ စစ်မျက်နှာသစ်တစ်ခု စတင်ဖို့ အားလုံးအတွက် ဖိအားတစ်ခုပါပဲ။ ခုဆိုရင် အာရပ်ကမ္ဘာမှာ အစ္စရေးကို တိုက်ခိုက်ရေးအတွက် ပူးပေါင်းကြဖို့ ပိုပြီး ရှင်းရှင်းလင်းလင်း ဆန္ဒပြင်းပြလာပါပြီ"ဟု ပြောဆိုသွားသည်။

အာဆက်ဒ်က လက်ရှိတွင် နှစ်ရှည်လများ ကြာမြင့်နေသော ပြည်တွင်း ပုန်ကန်မှုများကို မိမိတို့က အသာစီးဖြင့် ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်းနှင့် ရုရှားထံမှ S-300 ဒုံးကျည်များကိုလည်း ဝယ်ယူရန် သဘောတူညီထားကြောင်း စသည်တို့ကိုပါ ကြေညာသွားသည်။ "S-300 လေယာဉ်ပစ် ဒုံးကျည်တွေ ဝယ်ယူတဲ့ထဲက ပထမတစ်သုတ်ကို လက်ခံ ရရှိပြီးပါပြီ"ဟု အာဆက်ဒ်က ဆိုသည်။ "ရုရှားနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လက်ရှိ ပြည်တွင်းရေး အခြေအနေတွေနဲ့ ဘာမှ မဆိုင်ပါဘူး။ ရုရှားကလည်း ဒီစာချုပ်ကို ပြီးစီးအောင် အကောင်အထည် ဖော်ဖို့ စိတ်ဝင်စားတယ်လေ"ဟု အာဆက်ဒ်က ရှင်းပြခဲ့သည်။ S-300များသည် ကီလိုမီတာ (၂၀၀) အကွာအဝေးထိ ရှိနေသော ပစ်မှတ်များကို ချေမှုန်းနိုင်ရာ အစ္စရေး မြောက်ပိုင်းတွင် ပျံသန်းနေသည့် တိုက်လေယာဉ်များကိုပါ ခြိမ်းခြောက်နိုင်ခြေ ရှိနေသည်။

အာဆက်ဒ်က ပုန်ကန်မှုများနှင့် ပတ်သက်ပြီး "အကြမ်းဖက်သမားတွေဘက်က ထင်ထားတာထက် အားကောင်းကောင်း ခြေလှမ်းတွေ ရှိခဲ့တယ် ဆိုရင်တောင် ခုချိန်မှာတော့ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေက အသာစီး အခြေအနေကို ရောက်နေပါပြီ"ဟု ဆိုသည်။ အာဆက်ဒ်သည် သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် တော်လှန်ရေးသမားများကို အကြမ်းဖက်သမားဟုသာ အစဉ်တစိုက် သုံးနှုန်းလေ့ ရှိသည်။ လတ်တလောတွင်မူ အာဆက်ဒ်၏ အင်တာဗျူး အပြီးနောက် အစ္စရေးသည် ရုရှားနှင့် ဆီးရီးယားကြား လက်နက်တင်ပို့မှု အခြေအနေနှင့် ပတ်သက်၍ ပိုမို ခိုင်မာသော သတင်းအချက်အလက်များ စုဆောင်းနေကြောင်းလည်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ 

Planet.com.mm

အယ်လ်မာနာရုပ်မြင်သံကြားနှင့် ကြာသပတေးနေ့က ပြုလုပ်ခဲ့သောအင်တာဗျူးတွင် အာဆက်ဒ်က အစ္စရေး
ကို တိုက်ခိုက်ရန်အတွက်အာရပ်ကမ္ဘာမှ နိုင်ငံများပိုမိုစည်းလုံးနေပြီ ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ခဲ့သည်။ ဆီးရီးယား သမ္မတ ဘာရှာ အာဆက်ဒ်က မိမိတို့ အနေဖြင့် ရုရှားနှင့် လက်နက်ဝယ်ယူရေး သဘောတူညီမှု တစ်ခုရရှိထားသလိုလက်ရှိ ပြည်တွင်း၌သူပုန်တပ်များကို နှိမ်နင်းရာတွင်လည်းအစိုးရတပ်ဖွဲ့များကအထက်
စီး အနေအထား ရောက်နေပြီဟု ပြောကြားခဲ့သည်။ 
 
ထို့အပြင် အယ်လ်မာနာ ရုပ်မြင်သံကြားနှင့် ကြာသပတေးနေ့က ပြုလုပ်ခဲ့သော အင်တာဗျူးတွင် အာဆက်ဒ်
ကအစ္စရေးကိုတိုက်ခိုက်ရန်အတွက်အာရပ်ကမ္ဘာမှ နိုင်ငံများပိုမိုစည်းလုံးနေပြီ ဖြစ်ကြောင်းလည်းခြိမ်းခြောက်
ခဲ့သည်။ အစ္စရေးပိုင် ဂိုလန်ကုန်းပြင်မြင့် ဆီးရီးယားပိုင် လက်နက်ကြီး ကျည်ဆန်များ ကျရောက်သည့်နောက် အစ္စရေးဘက်က ပြန်လည် ပစ်ခတ်ခဲ့ရာ နှစ်နိုင်ငံကြား တင်းမာမှုများ ရှိနေချိန်တွင် အာဆက်ဒ်က "ဂိုလန်မှာ စစ်မျက်နှာသစ်တစ်ခု စတင်ဖို့ အားလုံးအတွက် ဖိအားတစ်ခုပါပဲ။ ခုဆိုရင် အာရပ်ကမ္ဘာမှာ အစ္စရေးကို တိုက်
ခိုက်ရေးအတွက် ပူးပေါင်းကြဖို့ ပိုပြီး ရှင်းရှင်းလင်းလင်း ဆန္ဒပြင်းပြလာပါပြီ"ဟု ပြောဆိုသွားသည်။

အာဆက်ဒ်ကလက်ရှိတွင် နှစ်ရှည်လများ ကြာမြင့်နေသော ပြည်တွင်းပုန်ကန်မှုများကိုမိမိတို့ကအသာစီးဖြင့်
ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်းနှင့်ရုရှားထံမှS-300ဒုံးကျည်များကိုလည်းဝယ်ယူရန်သဘောတူညီထားကြောင်း
စသည်တို့ကိုပါ ကြေညာသွားသည်။ "S-300 လေယာဉ်ပစ် ဒုံးကျည်တွေ ဝယ်ယူတဲ့ထဲက ပထမတစ်သုတ်ကို
လက်ခံ ရရှိပြီးပါပြီ"ဟု အာဆက်ဒ်က ဆိုသည်။
 
 "ရုရှားနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လက်ရှိ ပြည်တွင်းရေး အခြေအနေတွေနဲ့ ဘာမှ မဆိုင်ပါဘူး။ ရုရှားက
လည်း ဒီစာချုပ်ကို ပြီးစီးအောင် အကောင်အထည် ဖော်ဖို့ စိတ်ဝင်စားတယ်လေ"ဟု အာဆက်ဒ်က ရှင်းပြခဲ့
သည်။S-300များသည်ကီလိုမီတာ (၂၀၀)အကွာအဝေးထိ ရှိနေသော ပစ်မှတ်များကို ချေမှုန်းနိုင်ရာ အစ္စရေး
 မြောက်ပိုင်းတွင် ပျံသန်းနေသည့် တိုက်လေယာဉ်များကိုပါ ခြိမ်းခြောက်နိုင်ခြေ ရှိနေသည်။

အာဆက်ဒ်ကပုန်ကန်မှုများနှင့်ပတ်သက်ပြီးအကြမ်းဖက်သမားတွေဘက်ကထင်ထားတာထက်အားကောင်း
ကောင်း ခြေလှမ်းတွေ ရှိခဲ့တယ်ဆိုရင်တောင်ခုချိန်မှာတော့ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေက အသာစီး အခြေ
အနေကို ရောက်နေပါပြီ"ဟု ဆိုသည်။ 
 
အာဆက်ဒ်သည် သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် တော်လှန်ရေးသမားများကို အကြမ်းဖက်သမားဟု
သာ အစဉ်တစိုက် သုံးနှုန်းလေ့ ရှိသည်။ လတ်တလောတွင်မူအာဆက်ဒ်၏အင်တာဗျူး အပြီးနောက် အစ္စရေး
သည် ရုရှားနှင့် ဆီးရီးယားကြား လက်နက်တင်ပို့မှု အခြေအနေနှင့် ပတ်သက်၍ ပိုမို ခိုင်မာသော သတင်းအ
ချက်အလက်များ စုဆောင်းနေကြောင်းလည်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

Planet Myanmar Network, Rangonnewsdaily
RND:  :31.5.2013

0 comments:

Post a Comment