Pages

Friday, May 31, 2013

ညစာစားပွဲ လက်မှတ်တစ်စောင် ကန်ဒေါ်လာ(၁၅၀)

Photo: ညစာစားပွဲ လက်မှတ်တစ်စောင် ကန်ဒေါ်လာ(၁၅၀)

မေလ ၃၁ ရက် ၊ ၂၀၁၃ခုနှစ်။

မန်ယူကစားသမားဟောင်း(၄)ဦးနှင့်အတူ ParkRoyal Hotel တွင် ညစာစား သုံးလိုသူများသည် လူတစ်ဦးလျင် အမေရိကန်ဒေါ်လာ(၁၅၀) ကုန်ကျ မည်ဖြစ်ကြောင်း ParkRoyal မှသိရသည်။

“လူတစ်ဦးကို ဒေါ်လာ ၁၅၀ သတ်မှတ်ထားပါတယ်။ ၁၀ ယောက်လာလဲ ဒီဈေးနှုန်းပါပဲ။ လက်မှတ်ကိုတော့ ကျွန်တော်တို့ ဟော်တယ်မှာပဲ လာဝယ်လို့ရပါတယ်”ဟု ParkRoyal Hotel  မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

မန်ယူကစားသမားဟောင်းလေးဦးမှာ ဒင်းနစ်အာဝင်၊ အန်ဒီကိုးလ်၊ လီရှပ်နှင့် ကလေတန်ဘလက်မိုးတို့ဖြစ်ပြီး ၎င်းတို့နှင့်အတူညစာစားခွင့်လက်မှတ်ကို ဇွန်လ(၁)ရက်နေ့တွင်စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ညစာစားပွဲကို ဇွန်လ(၉)ရက် ည(၇)နာရီတွင် ParkRoyal Hotel ၌ ကျင်းပပြု လုပ်သွားမည် ဖြစ်ပြီး ညစာ စားပွဲသို့ တက်ရောက်သူများမှာ မန်ယူကစားသ မားဟောင်းများနှင့် အတူ အမှတ်တရဓာတ်ပုံရိုက်ကူးခွင့် ရရှိမည်ဖြစ်သည်။

“ကျွန်တော်လည်းမန်ယူပရိသတ်ပါ။ ဒါပေမယ့် ကျွန်တော်တို့အနေ နဲ့ဆို ရင်တော့ ဒီဈေးနှုန်းကများလွန်းပါတယ်၊ မသွားနိုင်ပါဘူး။ ဒါပေမယ့် ဘော လုံးပွဲကိုတော့ သွားအားပေးမှာပါ”ဟု မန်ယူပရိတ်သတ်တစ်ဦးဖြစ်သည့် ကိုသီဟဇော်ကပြောသည်။

မန်ယူကစားသမားဟောင်း(၄)ဦးမှာ မြန်မာ့လက်ရွေးစဉ်အသင်း၊ MNL All Star အသင်းတို့နှင့်အတူ ရန်ပုံငွေ ခြေစမ်းပွဲ လာရောက် ကစားခြင်းဖြစ်သည်။ 
ရန်ပုံငွေ ဘောလုံးပွဲကို ဇွန်လ(၉)ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစား ကွင်း၌ ကျင်းပပြုလုပ် သွားမည် ဖြစ်ပြီး ကွင်းဝင်ကြေးမှာ အထူးတန်း တစ်ထောင်ကျပ်နှင့် ရိုးရိုးတန်း ငါးရာကျပ်သတ်မှတ်ထားကြောင်း မြန်မာနိုင် ငံ ဘောလုံးအဖွဲ့ချုပ်က သိရှိရသည်။

“ဘောလုံးပွဲက ရတဲ့ပိုက်ဆံတွေအားလုံးကို ကျွန်တော်တို့သတ်မှတ်တဲ့နေ ရာတွေမှာ လှူဒါန်းသွားမှာပါ။ ဘောလုံးပွဲလက်မှတ်ဈေးနှုန်းတွေကိုလည်း လူတိုင်းကြည့်နိုင်အောင် စီစဉ်ပေးထားပါတယ်”ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ကပြောသည်။

ဘောလုံးပွဲမှရရှိသော ကွင်းဝင်ကြေးများအား မဟာဂန္ဓာရုံဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ သီတဂူမျက်စိ ဆေးရုံနှင့် သုခရိပ်မြုံလူမှုထောက် ပံ့ရေးစီမံချက်တို့ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ၄င်းက ဆက် လက်ပြောဆိုသည်။
ကျော်ဇင်မန်း(မြစ်မခ) /မြန်မာခရိုနီကယ်

မေလ ၃၁ ရက် ၊ ၂၀၁၃ခုနှစ်။

မန်ယူကစားသမားဟောင်း(၄)ဦးနှင့်အတူ ParkRoyal Hotelတွင်ညစာစားသုံးလိုသူများသည်လူတစ်ဦးလျင်
အမေရိကန်ဒေါ်လာ(၁၅၀) ကုန်ကျ မည်ဖြစ်ကြောင်း ParkRoyal မှသိရသည်။ “လူတစ်ဦးကို ဒေါ်လာ ၁၅၀ သတ်မှတ်ထားပါတယ်။ ၁၀ ယောက်လာလဲ ဒီဈေးနှုန်းပါပဲ။ လက်မှတ်ကိုတော့ ကျွန်တော်တို့ ဟော်တယ်မှာပဲလာဝယ်လို့ရပါတယ်”ဟု ParkRoyal Hotel မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

မန်ယူကစားသမားဟောင်းလေးဦးမှာ ဒင်းနစ်အာဝင်၊ အန်ဒီကိုးလ်၊ လီရှပ်နှင့် ကလေတန်ဘလက်မိုးတို့ဖြစ်
ပြီး ၎င်းတို့နှင့်အတူညစာစားခွင့်လက်မှတ်ကို ဇွန်လ(၁)ရက်နေ့တွင်စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိ
ရှိရသည်။

ညစာစားပွဲကို ဇွန်လ(၉)ရက် ည(၇)နာရီတွင် ParkRoyal Hotel ၌ ကျင်းပပြု လုပ်သွားမည် ဖြစ်ပြီး ညစာ စားပွဲ
သို့ တက်ရောက်သူများမှာ မန်ယူကစားသ မားဟောင်းများနှင့် အတူ အမှတ်တရဓာတ်ပုံရိုက်ကူးခွင့် ရရှိ
မည်ဖြစ်သည်။

“ကျွန်တော်လည်းမန်ယူပရိသတ်ပါ။ ဒါပေမယ့် ကျွန်တော်တို့အနေ နဲ့ဆို ရင်တော့ ဒီဈေးနှုန်းကများလွန်းပါ
တယ်၊ မသွားနိုင်ပါဘူး။ ဒါပေမယ့် ဘော လုံးပွဲကိုတော့ သွားအားပေးမှာပါ”ဟု မန်ယူပရိတ်သတ်တစ်ဦးဖြစ်
သည့် ကိုသီဟဇော်ကပြောသည်။

မန်ယူကစားသမားဟောင်း(၄)ဦးမှာ မြန်မာ့လက်ရွေးစဉ်အသင်း၊ MNL All Star အသင်းတို့နှင့်အတူ ရန်ပုံငွေ
 ခြေစမ်းပွဲ လာရောက်ကစားခြင်းဖြစ်သည်။ရန်ပုံငွေ ဘောလုံးပွဲကိုဇွန်လ(၉)ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏ
 အားကစား ကွင်း၌ ကျင်းပပြုလုပ် သွားမည် ဖြစ်ပြီး ကွင်းဝင်ကြေးမှာ အထူးတန်း တစ်ထောင်ကျပ်နှင့် ရိုးရိုး
တန်း ငါးရာကျပ်သတ်မှတ်ထားကြောင်း မြန်မာနိုင် ငံ ဘောလုံးအဖွဲ့ချုပ်က သိရှိရသည်။

“ဘောလုံးပွဲက ရတဲ့ပိုက်ဆံတွေအားလုံးကို ကျွန်တော်တို့သတ်မှတ်တဲ့နေ ရာတွေမှာ လှူဒါန်းသွားမှာပါ။
 ဘောလုံးပွဲလက်မှတ်ဈေးနှုန်းတွေကိုလည်း လူတိုင်းကြည့်နိုင်အောင် စီစဉ်ပေးထားပါတယ်”ဟု မြန်မာနိုင်ငံ
 ဘောလုံး အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ကပြောသည်။

ဘောလုံးပွဲမှရရှိသော ကွင်းဝင်ကြေးများအား မဟာဂန္ဓာရုံဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ သီတဂူ
မျက်စိ ဆေးရုံနှင့် သုခရိပ်မြုံလူမှုထောက် ပံ့ရေးစီမံချက်တို့ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ၄င်းက ဆက် လက်ပြောဆိုသည်။

ကျော်ဇင်မန်း(မြစ်မခ),Rangonnewsdaily
RND:  :31.5.2013

0 comments:

Post a Comment