Pages

Monday, January 13, 2014

လားရှိုးဂျာမေဗလီကြီးကို ဖျက်ဆီးသူများအနက် ကျမ်းမြတ်ကုရ်အာန်ကို သေးဖြင့်ပန်းသူများ၏ အဖြစ်ဆိုး

RangonNewsDaily:: January . 12 .2014
လားရှိုးဂျာမေဗလီကြီးကို ဖျက်ဆီးသူများအနက် အချို့မှာ ဗလီအတွင်းသို့ဝင်ရောက်၍
ကျမ်းမြတ်ကုရ်အာန်များကို ဖျက်ဆီးပြီး သေးဖြင့်ပန်းခဲ့ကြပါသည်။
ထိုအချိန်မှစ၍ ၎င်းတို့သည် ဆီးသွားရာတွင် ခက်ခဲသောဝေဒနာကို စတင်ခံစားလာရပါသည်။ တဖြည်းဖြည်းနှင့် လုံးဝဆီးမသွားနိုင်သည်အထိဖြစ်လာခဲ့သဖြင့် လားရှိုးဆေးရုံသို့
တက်ရောက်ကုသမှုခံယူခဲ့သော်လည်း သက်သာပျောက်ကင်းမှုမရရှိခဲ့ကြပါ

ထို့နောက် လားရှိုးမြို့အနီးဝန်းကျင်ရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ ရှမ်းဗိန္ဓောပယောဂ
ဆရာများနှင့်ကုသသော်လည်းရောဂါအခြေအနေမှာ ပိုမိုဆိုးရွားလာသဖြင့် အားလုံးက
ဤရောဂါမှာ သူတစ်ပါးဘာသာတရားကို စော်ကားမိသဖြင့် နတ်ကိုင်ခြင်းဖြစ်ကြောင်း၊

၎င်းတို့၏ဘာသာရေးဆရာများမှတဆင့် တောင်းပန်ရန်ပြောကြားသဖြင့် လားရှိုးမြို့ရှိ
သွရီကာဆရာကြီးတစ်ဦးထံသို့ ရောက်ရှိလာပြီး ဖြစ်စဉ်အားလုံးကိုပြောပြ၍
တောင်းပန်ပေးပါရန်နှင့် မန်းမှုတ်ကုသပေးပါရန် မိဘများက ငိုယိုတောင်းပန်ကြသည်။

ဆရာကြီးက ရောဂါကိုကြည့်ရာ ကပ္ပါယ်အိတ်များမှာ ပေါင်လည်အထိ ယောင်ကိုင်းတွဲကျနေပြီး
လမ်းမလျှောက်နိုင်ပဲ ဝေဒနာကိုပြင်းထန်စွာခံစားနေရကြောင်း တွေ့ရှိခဲ့ပါသည်။
ဆရာကြီးက " ဤရောဂါသည် ဖန်ဆင်းရှင်နှင့်သာ သက်ဆိုင်သည်ဖြစ်၍ မိမိက
ကြားဝင်တောင်းပန်၍ မရကြောင်း "....... ပြောကြားခဲ့ပါသည်။

နောက်ဆုံးကြံရာမရသဖြင့် ဗလီကြီးရှေ့သို့သွားရောက်၍ အမွှေးတိုင်၊
ဖယောင်းတိုင်များထွန်း၍ ၎င်းတို့၏ ဓလေ့ထုံးစံအရ ပူဇော်ခဲ့ကြသော်လည်း
သက်သာပျောက်ကင်းခြင်းအလျင်းမရှိပဲ အသေဆိုးဖြင့် သေဆုံးခဲ့ကြပါသည်။

ဤဖြစ်စဉ်နှင့်ပတ်သက်၍ လားရှိုးမြို့ပေါ်တွင် မေးမြန်းစုံစမ်းနိုင်ကြပါသည်။
ကျွန်တော့အား ဆရာကြီးကိုယ်တိုင် ပြောပြခြင်းဖြစ်၍ ၁ဝဝ% မှန်ကန်ကြောင်း
အာမခံပါသည်။

( နောက်ထပ်တစ်ဦးမှာ ၎င်းတို့နှင့်အတူကျမ်းမြတ်ကုရ်အာန်ကို ခြေဖြင့်တက်နင်းခဲ့ပြီး
ယခုအခါ သေလုမျောပါးဝေဒနာခံစားနေရသူ ဘုန်းကြီးတစ်ပါးဖြစ်သည်။
၎င်း၏ အကြောင်းကို အသေးစိပ်ရေးပါဦးမည်။ )

Kyaw Win ::-- kolatt(PBDN)
RangonNewsDaily

2 comments:

Unknown said...

( 54 ) فَالْيَوْمَ لَا تُظْلَمُ نَفْسٌ شَيْئًا وَلَا تُجْزَوْنَ إِلَّا مَا كُنْتُمْ تَعْمَلُونَ
36|54| သို့ဖြစ်ပေရာ ယနေ့သော်ကား မည်သူတစ်ဦးတစ်ယောက်မျှပင် အနည်းငယ် စိုးစဉ်းမျှပင် မတရားပြုမူခြင်းကို ခံရမည်မဟုတ်ပေ။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့ကျင့်မူခဲ့ကြသော အမှုကိစ္စတို့၏ အစားပေးခြင်းကိုသာလျှင် ခံကြရကုန်အံ့သတည်း။

Unknown said...

စောက်ရှုး။

Post a Comment