Pages

Monday, January 13, 2014

မီးဘေးသင့် မယ်လဒုက္ခသည်စခန်း ပြန်လည်ထူထောင်ရေး ခက်ခဲနေဟုဆို

RangonNewsDaily:: January . 13 .2014
ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံ မဲဆောက်မြို့ မြောက်ဘက် ကီလိုမီတာ ၅၀ ခန့်အကွာရှိ မယ်လဒုက္ခ သည်စခန်းတွင် ဒီဇင်ဘာအတွင်း မီးလောင်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ ပြန်လည်ဆောက်လုပ် ရန် အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု Karen Refugee Committee ဥက္ကဋ္ဌ စောရောဘတ်ထီး က မဇ္ဈိမကို ပြောသည်။ ဒီဇင်ဘာ ၂၇ ရက် မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေစုစုပေါင်း ၁၂၂ လုံး ပျက်စီးဆုံးရှုံးခဲ့ရာ လက်ရှိအချိန် ထိ နေအိမ်တစ်လုံးမှ ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးဟု ၎င်းက ဆိုသည်။

“အခု မီးလောင်တဲ့နေရာကို ရှင်းထားတုန်းပဲရှိသေးတယ်။ NGO တွေကတော့ ပေးတယ်လေ ၀ါးတို့ အ ခြားထောက်ပံ့ငွေတို့၊ ဒါပေမဲ့ အပြင်ထွက်ဝယ်တာတို့ ဘာတို့ လုပ်လို့မရတာရယ် မ၀ယ်နိုင်တာရယ် ကြောင့် အခုထိ ဆောက်ဖို့ အခက်အခဲဖြစ်နေတယ်”ဟု စောရောဘတ်ထီးက ပြောသည်။

မယ်လဒုက္ခသည်စခန်းတွင် ပြည်တွင်းစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ နှစ်သောင်းငါးထောင် ကျော် ခိုလှုံနေထိုင်ကြခြင်းဖြစ်ပြီး စခန်းတွင် နေထိုင်သူများကို TBC(Thailand Burma Consortium) UNHCR နှင့် အခြားနိုင်ငံတကာ အရပ်ဘက်လူ့အဖွဲ့စည်းများက ကူညီထောက်ပံ့ပေးလျက်ရှိသော်လည်း KNU အနေဖြင့်မူ နယ်မြေကျော်လွန် သွားရောက်နိုင်ခြင်းမရှိ၍ မကူညီနိုင်သေးဟု ကရင်အမျိုးသားအ စည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး(၁) စောစီဘွဲ့က ပြောသည်။

“ဒုက္ခသည်တွေကိုအဲဒီက INGO UNHCRလို အဖွဲ့တွေကကူညီနေပါတယ်။ကျွန်တော်တို့ကတော့ အဲဒီဘက်
ကို သွားလို့မရသေးတာရယ်ကြောင့်ကူညီပေးနိုင်တာမရှိသေးဘူး”ဟု၎င်းက ဆိုသည်။မီးဘေးသင့်မှုကြောင့်
အိမ်ထောင်စုပေါင်း ၁၁၀ ကျော် အကျပ်အတည်းတွေ့နေပြီး ကလေးငယ်များ ပညာသင်ကြားနိုင်မှု နှောင့်
နှေးစသည်ဟု Karen Refugee Committeeတာဝန်ရှိသူတို့က ဆိုသည်။

ထိုင်းနိုင်ငံဘက်ခြမ်းရှိ ခရိုင်လေးခုတွင် ကရင်ဒုက္ခသည်စခန်းခုနစ်ခုနှင့် အခြားတိုင်းရင်းသားတို့
ရောနှော

နေထိုင်သည့်စခန်းနှစ်ခုရှိပြီးလူဦးရေတစ်သိန်းခုနစ်သောင်းခန့် နေထိုင်လျက်ရှိသည်ဟု KRC ၏ထုတ် ပြန်
ချက်တွင် ဖော်ပြထားသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment