Pages

Monday, January 13, 2014

မန္တလေးတိုင်းတွင် လူသတ်မှုနှင့် အဓမ္မပြုကျင့်မှုများ တိုးလာ

RangonNewsDaily:: January . 13 .2014
မန္တလေးတိုင်းအတွင်း ၂၀၁၂ ခုနှစ်ထက် ၂၀၁၃ ခုနှစ်တွင် လူသတ်မှုနှင့်အဓမ္မပြုကျင့်မှုနှုန်း မြင့်တက်လာရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တိုင်း၊ မြို့နယ်၊ ရပ်ကွက်အလိုက် ပညာပေးဟောပြောပွဲများကို လုပ်ဆောင်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီးဦးဇော်မင်းဦးက ပြောသည်။

လူသတ်မှုနှင့် မုဒိမ်းမှုများတွင် ကျူးလွန်သူများမှာ အသိပညာ အတတ်ပညာ အားနည်းခြင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများကို နားမလည်ခြင်း၊ ဥပဒေလေ့လာလိုက်စားမှုနည်းခြင်းနှင့် ဘာသာတရားကိုင်းရှိုင်းမှု အားနည်းခြင်းတို့ကြောင့် ဖြစ်ပွားမှုများလာသည်ဟု ၎င်းက ဆိုသည်။

ယင်းကြောင့် ကြိုတင်ပြင်ဆင်မှုများအဖြစ် မှုခင်းဖြစ်ပွားမှုနှုန်းများသောနေရာများတွင် လုံခြုံရေး ပိုမိုဂရု စိုက်ခြင်း၊ လေဆိပ်၊ ဘူတာ၊ ကားလိုင်းများတွင် စောင့်ကြပ်ခြင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံ များတွင် စောင့်ကြည့်ခြင်း၊ ကျောင်းများတွင် မှုခင်းနှင့်ပတ်သက်သော ပညာပေးမှုများ ပြုလုပ်ခြင်း၊ နယ် မြေအလိုက် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အားများကို ဖြန့်ကျက်ထားရှိခြင်းတို့ကို လုပ်ဆောင်သွားမည်။

“ရဲတပ်ဖွဲ့ဝင်အင်အားအနေနဲ့တော့ လက်ရှိ မန္တလေးတိုင်းအတွင်းက လူဦးရေနဲ့ဆိုရင် လုံလောက်မှုမရှိ သေးပါဘူး။ ရာနှုန်းအားဖြင့် ၅၅ရာနှုန်းလောက် လိုပါသေးတယ်။ တိုင်းတစ်တိုင်းလုံးမှာ ရဲတစ်ဦးကို ပြည် သူနှစ်ထောင်လောက်ကို စောင့်ကြည့်ရသလို ဖြစ်နေပါသေးတယ်။ အဲဒါတွေ ပြင်ဆင်ဖို့အတွက် တပ်ဖွဲ့ ၀င်အင်အားတွေကိုတော့ တိုးချဲ့နေပါတယ်”ဟု ဒုတိယရဲမှူးကြီး ဦးဇော်မင်းဦးက ပြောသည်။

မန္တလေးတိုင်းအတွင်း လူသတ်မှုများမှာ ၂၀၁၂ခုနှစ်တွင် ၁၁၂မှုဖြစ်ပွားခဲ့ပြီး ၂၀၁၃ခုနှစ်တွင် ၁၂၈မှု ဖြစ် ပွားခဲ့သည်။ အမှုများတွင် ရန်ငြိုးကြောင့်လူသတ်မှုဖြစ်ခြင်း၊ အရက်သေစာသောက်စားခြင်းကြောင့် လူ သတ်မှုဖြစ်ခြင်း၊ လက်နက်ဖြင့် တိုက်ခိုက်ခြင်းကြောင့် လူသတ်မှုဖြစ်ခြင်းနှင့် ဒေါသအလျောက် လူသတ် မှုဖြစ်ခြင်းတို့တွင် ရန်ငြိုးကြောင့် လူသတ်မှုဖြစ်ပွားခဲ့ခြင်းမှာ အများဆုံးဖြစ်သည်ဟု သိရသည်။

အဓမ္မပြုကျင့်မှုများတွင် ဆွေးမျိုးနီးစပ်သူများက ကျူးလွန်ခြင်း၊ မိဘအုပ်ထိန်းမှုအားနည်းနေခြင်း၊ အသိ ပညာ၊ ဗဟုသုတ အားနည်းခြင်း၊ လူပြတ်လပ်သောနေရာများ၌ ဖြစ်ပွားခြင်းတို့ကြောင့်ဖြစ်ကြောင်း ဖော် ပြထားသည်။

အမှုကြီးဆယ်မျိုးစာရင်းတွင် ၂၀၁၂ ခုနှစ်တွင် လူသတ်မှု ၁၁၂မှု၊ အဓမ္မမှု ၆၀ရှိခဲ့ပြီး ၂၀၁၃ခုနှစ်တွင် လူ သတ်မှု ၁၂၈မှု၊ အဓမ္မမှု ၇၅မှုထိရှိခဲ့ရာ ရာနှုန်းအားဖြင့် တိုးလာခဲ့သည့်အပြင် တခြားအမှုသေးများ ဖြစ်ပွား မှုနှုန်းများမှာလည်း တိုးမြင့်လာခဲ့သည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များအရ သိရ သည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment