Pages

Thursday, February 28, 2013

ဖုန်းမော်နေ့အခမ်းအနားမှာ ဦးသန်းရွှေနဲ့ ဦးခင်ညွန့် လာတောင်းပန်ပါ

“ဖုန်းမော်နေ့အခမ်းအနားမှာ ဦးသန်းရွှေနဲ့ ဦးခင်ညွန့် လာတောင်းပန်ပါ”

ကျွန်တော် ၁၉၉၀ စက်တင် ဘာ (၁) ရက်ကနေ ၁၉၉၄ စက်တင်ဘာ (၂၃)ထိ 
ဗကသ များအဖွဲ့ချုပ်စစ်ကြောရေးစခန်းနဲ့ ထောင်ထဲမှာလေးနှစ်နေခဲ့ရတယ်။  
အဲဒီတုန်းက ဗကသများအဖွဲ့ချုပ်  ဥက္ကဋ္ဌကိုမင်းကိုနိုင်ပါ။ ထောင်ကျတုန်း  
ထောင်ထဲမှာ စစ်ကြောရေး ညှင်းပန်းမှုတွေကို ထောင်ကထွက်လာတော့
စာအုပ်ရေးတယ်။ အဲဒီမှာ ၁၉၉၈ မှာ ထပ်အဖမ်းခံရပြီး ၂၀၀၉ စက်တင်ဘာ ၁၈ မှ
ပြန်လွတ်ခဲ့တယ်။ ဒီတော့ ဒီလို မတရားညှင်းပန်းမှုတွေနဲ့ ပတ်သက်ပြီးတော့ အဲဒီအချိန်က နိုင်ငံတော် အကြီးအကဲဖြစ်တဲ့ ဦးသန်းရွှေနဲ့ ကျွန်တော်တို့ ကို
နှိပ်စက်ခဲ့တဲ့ ထောက်လှန်းရေးတွေအတွက် အဲဒီတုန်းက ထောက်လှန်းရေး 
အရာရှိချုပ် ဦးခင်ညွန့်တို့မှာ တာဝန်အပြည့်အ၀ရှိတယ်လို့ ယူဆတယ်။   
ဒါကြောင့် တရားစွဲမှာပါ။ ဥပဒေ ပုဒ်မတွေကတော့ ကျွန်တော့်ကို သေကြောင်း
ကြံစည်မှု၊ အသရေ ဖျက်မှု၊ ညှင်းပန်းမှု၊ ပုဒ်မ ၅၀၀၊ ပုဒ်မ ၃၀၆၊ ပုဒ်မ ၃၀၇၊ ၃၀၈ 
ပြီးတော့ အခြားပုဒ်မတွေအပြင် ကမ္ဘာမှာရှိတဲ့ အခြား တရားစွဲဆို နိုင်တဲ့ 
ပုဒ်မတွေနဲ့ပါ စွဲဆိုသွားမှာပါ။

ကျွန်တော် ၂၀၁၂ ခုနှစ် အောက်တိုဘာကစပြီး အိတ်ဖွင့်ပေးစာ ငါးစောင်
ပေးခဲ့ပါတယ်။ ပထမအိတ်ဖွင့်ပေးစာက ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီးငြိမ်း)၊ 
ဒုတိယအိတ်ဖွင့်ပေးစာက ဦးခင်ညွန့် (၀န်ကြီးချုပ်ဟောင်း) ယခင် တပ်မတော်
ထောက်လှန်းရေးအရာရှိချုပ် အပါအ၀င် ယခင်တပ်မတော်အရာရှိတွေဖြစ်တဲ့ 
ဦးမြင့်ဆွေ၊ ဦးရဲမြင့်၊ ဦးကျော်ဝင်းနဲ့ ပြည်ထဲရေးဝန်ကြီးဟောင်းဗိုလ်ချုပ်မောင်ဦး၊ 
တတိယအိတ်ဖွင့်ပေးစာကိုတော့ ထောင်ဆရာဝန်တွေဖြစ်တဲ့ ဒေါက်တာထွန်းထွန်း၊
ဒေါက်တာအောင်သန်း၊ ဒေါက်တာစိုးရီ၊ ဒေါက်တာစိုးခိုင်တို့ကို ပေးခဲ့တယ်။ စတုတ္ထအိတ်ဖွင့်ပေးစာမှာတော့ အဲတုန်းက သတင်းစာရှင်းလင်းပွဲခေါင်းဆောင် 
ဗိုလ်ချုပ်ကျော်ဝင်း၊ အဲဒီမှာ ရဲချုပ်စိုးဝင်းလည်းပါတယ်။ ပဉ္စမအိတ်ဖွင့်ပေးစာမှာက
ယခင်အကျဉ်းဦးစီးညွှန်ချုပ်နဲ့ ၀န်ထမ်းတွေ စုစုပေါင်း ၅၀ ကျော်ကိုပေးခဲ့ပြီးပါပြီ။

ကျွန်တော်ကနေ စခဲ့တာပါ။  အစကတော့ တစ်ယောက်တည်းပါ။ နောက်ကျမှ 
ကျန်တဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေလည်း ပါလာကြတာ။ ထောင်ထဲမှာ 
စစ်ကြောရေးနှိပ်စက်ကလူပြုတာတွေကို ကျွန်တော်တစ်ယောက်တည်း ခံခဲ့ရတာ
မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်ရဲ့ ဒီလိုတရားစွဲဆိုမှုကိုလည်း တော်တော်
ထောက်ခံကြပါတယ်။ မကြာခင်မှာတော့ ဒီတရားစွဲဆိုမှုကြီးဟာ အုပ်စုကြီးအထိ
ဖြစ်လာမှာပါ။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကတော့  ဒီကိစ္စနဲ့ 
ပတ်သက်ပြီး ကျွန်တော့်ကို အကြောင်းပြန်ထားတယ်။ ဒီကိစ္စတွေက 
နောက်ကြောင်းပြန် အရေးယူလို့မရဘူးတဲ့။ ဒါပေမယ့်  နောင်မဖြစ်အောင်တော့ 
သူတို့ ကာကွယ်ပေးလို့ရတယ်ဆိုတဲ့သဘောနဲ့ ပြောတာ၊ သူတို့ရဲ့ပြောစကားနဲ့ 
လုပ်ရပ်အချို့တွေဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အဖွဲ့ကို အကာအကွယ်
ပေးနေသေးတဲ့ဆိုတဲ့ သဘောသက်ရောက်သွားရင်လည်း လက်ရှိသွားနေတဲ့  
အနေအထားက ပျက်သွားနိုင်တယ်။ ဦးသိန်းစိန်အစိုးရအပေါ်မှာ ဦးသန်းရွှေနဲ့ 
သြဇာရှိနေသေးတယ်ဆိုတာမျိုး အထင်ရောက်သွားနိုင်တယ်။ ပြည်တွင်းက 
ဥပဒေပညာရှင်တွေရော ပြည်ပက ဥပဒေပညာရှင်တွေကရော ဒီတရားစွဲဆိုမှုနဲ့ 
ပတ်သက်ပြီး တရားစွဲလို့ရတယ်လို့ ပြောပါတယ်။ ပြည်တွင်းက ဥပဒေပညာရှင်
တွေနဲ့လည်း တိုင်ပင်စီစဉ်ထားပါတယ်။

သူများနိုင်ငံတွေမှာ ခေါင်းဆောင်တစ်ယောက်က အမှားတစ်ခုခုကြောင့်
နှုတ်ထွက်သွားတဲ့အခါ လူထုကိုတောင်းပန်တယ်။ ခု ဦးသန်းရွှေနဲ့ ဦးခင်ညွန့်
အပါအ၀င် လူ ၅၀ ကျော်ကိုတရားစွဲမယ်ဆိုတဲ့ ကိစ္စမတိုင်ခင် ပထမအဆင့်၊ ဒုတိယအဆင့်တွေအနေနဲ့ အိတ်ဖွင့်ပေးစာတွေလည်း ပေးခဲ့ပြီးပါပြီ။ သူတို့ဘက်ကနေပြီးတော့ တောင်းပန်စာ၊ အသနားခံစာပြန် မပို့ရင် တရားစွဲဆိုမှု
လုပ်သွားမှာပါ။ အဲဒီတရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး ပွင့်လင်းမှုမရှိရင်လည်း 
ICC, ICJ စတဲ့ နိုင်ငံတကာတရားရုံးတွေအထိ တရားစွဲဆိုသွားမှာပါ။ ဒီအတွက်လည်း နိုင်ငံတကာရှေ့နေတွေ၊ ထိုင်းဝန်ကြီးချုပ် အဘီးစစ်ကို 
တရားစွဲခဲ့တဲ့ရှေ့နေတွေအပြင် ရှေ့နေကွန်ယက်နဲ့လည်း တိုင်ပင်ထားပြီးပါပြီ။

ကြားလူကနေတဆင့်ဘဲ ကြားရတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို 
မင်းတို့တရားစွဲလို့ မရပါဘူး။ ဗိုလ်ချုပ်မှူးကြီးက တပ်မတော်အရန်တပ်ရဲ့ 
တပ်မှူးချုပ်ဖြစ်နေလို့တဲ့။ ဦးခင်ညွန့်ကတော့ သဘောထားတစ်မျိုး။
ကြားလူကနေတဆင့်ကြားတာက  တစ်ချိန်ကျရင် သူ့အနေနဲ့ လာတောင်းပန်
ပါမယ်တဲ့။ ဇန်န၀ါရီ (၅)ရက်တုန်းကလည်း အဘယ့်ကြောင့် သူတို့ကိုတရားစွဲဆို
ထိုက်သနည်း  ဆိုတဲ့ စာကို နိုင်ငံတကာတရားရုံးတွေဖြစ်တဲ့ ICJ, ICC ကို 
ပို့ထားတယ်။ ပြီးတော့ နိုင်ငံပေါင်း ၁၉၉ နိုင်ငံက နိုင်ငံတော်တရားသူကြီးချုပ်တွေ ဆီကိုလည်းပို့ထားပြီးပါပြီ။ ဒီတရားစွဲဆိုမှုဟာ သူတို့ဘက်ကနေ ကာလတစ်ခုထိ
အကြောင်းမပြန်မှသာ စတင်မှာပါ။ သူတို့ဘက်က ပြန်တောင်းပန်ဖို့အတွက်
ဘာမှမတုန့်ပြန်ရင် သတင်းစာရှင်းလင်းပွဲကြီးလုပ်ပြီး တရားစွဲဆိုမှုကို စတင်မှာပါ။

ကျွန်တော်တို့အနေနဲ့ကတော့  မတ်လ (၁၃)ရက်နေ့ ဖုန်းမော်နေ့အခမ်းအနားမှာ 
ဦးသန်းရွှေနဲ့ ဦးခင်ညွန့်က တောင်းပန်လို့ရတယ်။ သူတို့လာရင် သူတို့ကို
မှဲ့ တစ်ပေါက်တောင် မစွန်းစေရဘူး။ ဒါမှမဟုတ် TV ကလည်း တောင်းပန်လို့
ရတယ်။ အဲသလိုမှ မတောင်းပန်ရင်တော့ ခုနကပြောသလို သတင်းစာရှင်းလင်းပွဲ 
လုပ်ပြီး တရားစွဲသွားမှာပါ။ ဒီအတွက်အများကြီးသော နိုင်ငံရေးအကျဉ်းသားတွေ 
အထူးသဖြင့် ဘဘဦးဝင်းတင်တို့  နိုင်ကျဉ်းက ကိုထွန်းကြည်တို့ကလည်း
ဒါကို ထောက်ခံတယ်။

ဒါကရှင်းရှင်းလေးပါ။ ဒုတိယကမ္ဘာစစ်တုန်းက နာဇီတွေက ဂျူးတွေကိုသတ်တယ်။ သတ်တဲ့အထဲမှာ နှိပ်စက်တဲ့အထဲမှာ နာဇီခေါင်းဆောင်တွေဖြစ်တဲ့ ဟစ်တလာတို့
ဂတ်စတာပို ဗိုလ်ချုပ်ဟင်းမလားတို့က ကိုယ်တိုင်မသတ်ပေမယ့် ခေါင်းဆောင်  
ဖြစ်တဲ့အတွက် စစ်ရာဇ၀တ်ကောင်တွေအဖြစ် သတ်မှတ်ခံရတာ၊ သူတို့မှာ
တာဝန်ရှိတယ်လေ။ နီးနီးလေးပြောရရင် မြန်မာ့လွတ်လပ်ရေးအကြောင်းပြောရင် ဗိုလ်ချုပ်အောင်ဆန်းက အဓိကပါနေတယ်။ လူတိုင်းဗိုလ်ချုပ်လို လွတ်လပ်ရေး 
ဗိသုကာ မဖြစ်နိုင်ဘူး။ ကွန်မြူနစ်တော်လှန်ရေးတွေမှာလည်း လီနင်တို့  
စတာလင်တို့ ဟိုချီမင်းတို့ ခေါင်းဆောင်ဖြစ်တာဘဲ။ ဒါကြောင့် ကျွန်တော်တို့
နိုင်ငံရေးအကျဉ်းသားတွေ နှိပ်စက်ခံရမှုနဲ့ ပတ်သက်ပြီး  အဲဒီတုန်းက တိုင်းပြည်
ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်။ တာဝန်မယူနိုင်ရင် ခေါင်းဆောင်မလုပ်နဲ့လေ။
အောက်လူတွေလုပ်တာပါဆိုပြီး ဘယ်ခေါင်းဆောင်မှ ပြောလို့မရဘူး။  တာဝန်ယူရဲမှ ခေါင်းဆောင်လုပ်လေ။ လစ်ဗျားကိစ္စ ကဒါဖီမှာ တာဝန်ရှိတယ်။ 
ဆီးရီးယားကိစ္စ အာဆတ်မှာ တာဝန်ရှိတယ်။ ကိုယ့်ကိုယ်ကို သိက္ခာရှိတယ်လို့
ယူဆရင် ယုံကြည်ရင် ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ အောက်ခြေက လုပ်တာပါ
ဆိုတာမျိုးမပြောရဘူး။ ခေါင်းဆောင်လုပ်ပြီးသိက္ခာမရှိရင် လူထုက ဘယ်ယုံကြည်
ပါ့မလဲ။ လူထုကိုဂရုမစိုက်ဘဲ ငါတို့ကလက်နက်တွေပိုင်တယ်။ စစ်တပ်ကြီးပိုင်တယ်
ဆိုပြီးလုပ်လို့ရတဲ့ခေတ် မရှိတော့ပါဘူး။

မေးမြန်းသူ၊ ခန့် ခန့်  (ဒဿနိက)

(ပုံနှင့်စာကို HOT NEWS ဂျာနယ် အတွဲ ၃၊ အမှတ် ၁၃၁ မှ ယူပါတယ်)

ကျွန်တော် ၁၉၉၀ စက်တင် ဘာ (၁) ရက်ကနေ ၁၉၉၄ စက်တင်ဘာ (၂၃)ထိ ဗကသ များအဖွဲ့ချုပ်စစ်ကြော
ရေးစခန်းနဲ့ ထောင်ထဲမှာလေးနှစ်နေခဲ့ရတယ်။ အဲဒီတုန်းက ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌကိုမင်းကိုနိုင်ပါ။
ထောင်ကျတုန်း ထောင်ထဲမှာ စစ်ကြောရေး ညှင်းပန်းမှုတွေကို ထောင်ကထွက်လာတော့စာအုပ်ရေးတယ်။
အဲဒီမှာ ၁၉၉၈ မှာ ထပ်အဖမ်းခံရပြီး
၂၀၀၉ စက်တင်ဘာ ၁၈ မှ ပြန်လွတ်ခဲ့တယ်။ ဒီတော့ ဒီလို မတရားညှင်းပန်းမှုတွေနဲ့ ပတ်သက်ပြီးတော့ အဲဒီ
အချိန်က နိုင်ငံတော် အကြီးအကဲဖြစ်တဲ့ ဦးသန်းရွှေနဲ့ ကျွန်တော်တို့ ကို နှိပ်စက်ခဲ့တဲ့ ထောက်လှန်းရေးတွေ
အတွက် အဲဒီတုန်းက ထောက်လှန်းရေးအရာရှိချုပ် ဦးခင်ညွန့်တို့မှာတာဝန်အပြည့်အ၀ရှိတယ်လို့ယူဆတယ်
။ဒါကြောင့် တရားစွဲမှာပါ။ ဥပဒေ ပုဒ်မတွေကတော့ ကျွန်တော့်ကို သေကြောင်း ကြံစည်မှု၊ အသရေ ဖျက်မှု၊ 
ညှင်းပန်းမှု၊ ပုဒ်မ ၅၀၀၊ ပုဒ်မ ၃၀၆၊ ပုဒ်မ ၃၀၇၊ ၃၀၈ ပြီးတော့ အခြားပုဒ်မတွေအပြင် ကမ္ဘာမှာရှိတဲ့ အခြား တရားစွဲဆို နိုင်တဲ့ ပုဒ်မတွေနဲ့ပါ စွဲဆိုသွားမှာပါ။
 
ကျွန်တော် ၂၀၁၂ ခုနှစ် အောက်တိုဘာကစပြီး အိတ်ဖွင့်ပေးစာ ငါးစောင် ပေးခဲ့ပါတယ်။ ပထမအိတ်ဖွင်ပေး
စာက ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီးငြိမ်း)၊ ဒုတိယအိတ်ဖွင့်ပေးစာက ဦးခင်ညွန့် (၀န်ကြီးချုပ်ဟောင်း) ယခင် တပ်မတော် ထောက်လှန်းရေးအရာရှိချုပ် အပါအ၀င် ယခင်တပ်မတော်အရာရှိတွေဖြစ်တဲ့ ဦးမြင့်ဆွေ၊ ဦးရဲ
မြင့်၊ ဦးကျော်ဝင်းနဲ့ ပြည်ထဲရေးဝန်ကြီးဟောင်းဗိုလ်ချုပ်မောင်ဦး၊ တတိယအိတ်ဖွင့်ပေးစာကိုတော့ ထောင်
ဆရာဝန်တွေဖြစ်တဲ့ ဒေါက်တာထွန်းထွန်း၊ ဒေါက်တာအောင်သန်း၊ ဒေါက်တာစိုးရီ၊ ဒေါက်တာစိုးခိုင်တို့ကို ပေးခဲ့တယ်။ စတုတ္ထအိတ်ဖွင့်ပေးစာမှာတော့ အဲတုန်းက သတင်းစာရှင်းလင်းပွဲခေါင်းဆောင် ဗိုလ်ချုပ်ကျော်ဝင်း၊ အဲဒီမှာ ရဲချုပ်စိုးဝင်းလည်းပါတယ်။ ပဉ္စမအိတ်ဖွင့်ပေးစာမှာက ယခင်အကျဉ်းဦးစီးညွှန်ချုပ်နဲ့ ၀န်ထမ်းတွေ စုစုပေါင်း ၅၀ ကျော်ကိုပေးခဲ့ပြီးပါပြီ။

ကျွန်တော်ကနေ စခဲ့တာပါ။ အစကတော့ တစ်ယောက်တည်းပါ။ နောက်ကျမှ ကျန်တဲ့နိုင်ငံရေးအကျဉ်းသား
ျေဟာင်းတွေလည်း ပါလာကြတာ။ ထောင်ထဲမှာ စစ်ကြောရေးနှိပ်စက်ကလူပြုတာတွေကို ကျွန်တော်တစ်
ယောက်တည်း ခံခဲ့ရတာမဟုတ်ဘူး။ ဒါကြောင့်ကျွန်တော်ရဲ့ဒီလိုတရားစွဲဆိုမှုကိုလည်း တော်တော် ထောက်
ခံကြပါတယ်။ မကြာခင်မှာတော့ ဒီတရားစွဲဆိုမှုကြီးဟာ အုပ်စုကြီးအထိ ဖြစ်လာမှာပါ။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ကိုအကြောင်း
ပြန်ထားတယ်။ ဒီကိစ္စတွေက နောက်ကြောင်းပြန် အရေးယူလို့မရဘူးတဲ့။ ဒါပေမယ့် နောင်မဖြစ်အောင်တော့
သူတို့ ကာကွယ်ပေးလို့ရတယ်ဆိုတဲ့သဘောနဲ့ ပြောတာ၊ သူတို့ရဲ့ပြောစကားနဲ့ လုပ်ရပ်အချို့တွေဟာ ဗိုလ်
ချုပ်မှူးကြီးသန်းရွှေနဲ့ အဖွဲ့ကိုအကာအကွယ် ပေးနေသေးတဲ့ဆိုတဲ့သဘောသက်ရောက်သွားရင်လည်းလက်
ရှိသွားနေတဲ့ အနေအထားက ပျက်သွားနိုင်တယ်။ ဦးသိန်းစိန်အစိုးရအပေါ်မှာ ဦးသန်းရွှေနဲ့ သြဇာရှိနေသေး
တယ်ဆိုတာမျိုး အထင်ရောက်သွားနိုင်တယ်။ ပြည်တွင်းက ဥပဒေပညာရှင်တွေရော ပြည်ပက ဥပဒေပညာ
ရှင်တွေကရော ဒီတရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး တရားစွဲလို့ရတယ်လို့ ပြောပါတယ်။ ပြည်တွင်းက ဥပဒေပညာ
ရှင် တွေနဲ့လည်း တိုင်ပင်စီစဉ်ထားပါတယ်။

သူများနိုင်ငံတွေမှာ ခေါင်းဆောင်တစ်ယောက်က အမှားတစ်ခုခုကြောင့် နှုတ်ထွက်သွားတဲ့အခါ လူထုကို
တောင်းပန်တယ်။ ခု ဦးသန်းရွှေနဲ့ ဦးခင်ညွန့် အပါအ၀င် လူ ၅၀ ကျော်ကိုတရားစွဲမယ်ဆိုတဲ့ ကိစ္စမတိုင်ခင်
ပထမအဆင့်၊ ဒုတိယအဆင့်တွေအနေနဲ့ အိတ်ဖွင့်ပေးစာတွေလည်း ပေးခဲ့ပြီးပါပြီ။ သူတို့ဘက်ကနေပြီး
တော့ တောင်းပန်စာ၊ အသနားခံစာပြန် မပို့ရင် တရားစွဲဆိုမှု လုပ်သွားမှာပါ။ အဲဒီတရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး
 ပွင့်လင်းမှုမရှိရင်လည်း ICC, ICJ စတဲ့ နိုင်ငံတကာတရားအထိ တရားစွဲဆိုသွားမှာပါ။ ဒီအတွက်လည်း
 နိုင်ငံတကာရှေ့နေတွေ၊ ထိုင်းဝန်ကြီးချုပ် အဘီးစစ်ကို တရားစွဲခဲ့တဲ့ရှေ့နေတွေအပြင် ရှေ့နေကွန်ယက်နဲ့လည်း တိုင်ပင်ထားပြီးပါပြီ။

ကြားလူကနေတဆင့်ဘဲ ကြားရတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို မင်းတို့တရားစွဲလို့ မရပါဘူး။ ဗိုလ်ချုပ်မှူး
ကြီးက တပ်မတော်အရန်တပ်ရဲ့ တပ်မှူးချုပ်ဖြစ်နေလို့တဲ့။ ဦးခင်ညွန့်ကတော့သဘောထားတစ်မျိုး။ ကြား
လူကနေတဆင့်ကြားတာက တစ်ချိန်ကျရင် သူ့အနေနဲ့ လာတောင်းပန် ပါမယ်တဲ့။ ဇန်န၀ါရီ (၅)ရက်တုန်းက
လည်း အဘယ့်ကြောင့် သူတို့ကိုတရားစွဲဆို ထိုက်သနည်း ဆိုတဲ့ စာကို နိုင်ငံတကာတရားရုံးတွေဖြစ်တဲ့ ICJ, ICC ကို ပို့ထားတယ်။ ပြီးတော့ နိုင်ငံပေါင်း ၁၉၉ နိုင်ငံက နိုင်ငံတော်တရားသူကြီးချုပ်တွေ ဆီကိုလည်းပို
့ထားပြီးပါပြီ။ ဒီတရားစွဲဆိုမှုဟာ သူတို့ဘက်ကနေ ကာလတစ်ခုထိ အကြောင်းမပြန်မှသာစတင်မှာပါ။ သူတို့
ဘက်က ပြန်တောင်းပန်ဖို့အတွက် ဘာမှမတုန့်ပြန်ရင်သတင်းစာရှင်းလင်းပွဲကြီးလုပ်ပြီးတရားစွဲဆိုမှုကိုစတင်
မှာပါ။

ကျွန်တော်တို့အနေနဲ့ကတော့ မတ်လ (၁၃)ရက်နေ့ ဖုန်းမော်နေ့အခမ်းအနားမှာ ဦးသန်းရွှေနဲ့ ဦးခင်ညွန့်
က တောင်းပန်လို့ရတယ်။ သူတို့လာရင် သူတို့ကိုမှဲ့ တစ်ပေါက်တောင် မစွန်းစေရဘူး။ ဒါမှမဟုတ် TV က
လည်း တောင်းပန်လို့ ရတယ်။ အဲသလိုမှ မတောင်းပန်ရင်တော့ ခုနကပြောသလို သတင်းစာရှင်းလင်းပွဲ
လုပ်ပြီး တရားစွဲသွားမှာပါ။ ဒီအတွက်အများကြီးသော နိုင်ငံရေးအကျဉ်းသားတွေ အထူးသဖြင့် ဘဘဦးဝင်း
တင်တို့  နိုင်ကျဉ်းက ကိုထွန်းကြည်တို့ကလည်း ဒါကို ထောက်ခံတယ်။

ဒါကရှင်းရှင်းလေးပါ။ ဒုတိယကမ္ဘာစစ်တုန်းက နာဇီတွေက ဂျူးတွေကိုသတ်တယ်။သတ်တဲ့အထဲမှာ နှိပ်စက်
တဲ့အထဲမှာ နာဇီခေါင်းဆောင်တွေဖြစ်တဲ့ ဟစ်တလာတို့ ဂတ်စတာပို ဗိုလ်ချုပ်ဟင်းမလားတို့က ကိုယ်တိုင်
မသတ်ပေမယ့် ခေါင်းဆောင် ဖြစ်တဲ့အတွက် စစ်ရာဇ၀တ်ကောင်တွေအဖြစ် သတ်မှတ်ခံရတာ၊ သူတို့မှာ
တာဝန်ရှိတယ်လေ။ နီးနီးလေးပြောရရင် မြန်မာ့လွတ်လပ်ရေးအကြောင်းပြောရင် ဗိုလ်ချုပ်အောင်ဆန်းက အဓိကပါနေတယ်။ 

လူတိုင်းဗိုလ်ချုပ်လို လွတ်လပ်ရေး ဗိသုကာ မဖြစ်နိုင်ဘူး။ ကွန်မြူနစ်တော်လှန်ရေးတွေမှာလည်း လီနင်တို့ 
စတာလင်တို့ ဟိုချီမင်းတို့ ခေါင်းဆောင်ဖြစ်တာဘဲ။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေ နှိပ်
စက်ခံရမှုနဲ့ ပတ်သက်ပြီး အဲဒီတုန်းက တိုင်းပြည် ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်။ တာဝန်မယူနိုင်
ရင် ခေါင်းဆောင်မလုပ်နဲ့လေ။ အောက်လူတွေလုပ်တာပါဆိုပြီးဘယ်ခေါင်းဆောင်မှ ပြောလို့မရဘူး။ တာဝန်
ယူရဲမှ ခေါင်းဆောင်လုပ်လေ။ လစ်ဗျားကိစ္စ ကဒါဖီမှာ တာဝန်ရှိတယ်။

ဆီးရီးယားကိစ္စ အာဆတ်မှာ တာဝန်ရှိတယ်။ ကိုယ့်ကိုယ်ကို သိက္ခာရှိတယ်လို့ ယူဆရင် ယုံကြည်ရင် ကျွန်
တော်တို့နဲ့ မဆိုင်ပါဘူး။ အောက်ခြေက လုပ်တာပါ ဆိုတာမျိုးမပြောရဘူး။ ခေါင်းဆောင်လုပ်ပြီးသိက္ခာမရှိ
ရင် လူထုက ဘယ်ယုံကြည် ပါ့မလဲ။ လူထုကိုဂရုမစိုက်ဘဲ ငါတို့ကလက်နက်တွေပိုင်တယ်။ စစ်တပ်ကြီးပိုင်
တယ် ဆိုပြီးလုပ်လို့ရတဲ့ခေတ် မရှိတော့ပါဘူး။

မေးမြန်းသူ၊ ခန့် ခန့်  (ဒဿနိက)
RND: 28.2.2013

HOT NEWS

0 comments:

Post a Comment