Pages

Wednesday, February 27, 2013

မအူပင် လယ်မြေပဋိပက္ခ တောင်သူလယ်သမားများထိခိုက်မှုသတင်းနှင့် ဓါတ်ပုံများ

Photo: လယ်ယာမြေပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်နေသော မအူပင်မြို့နယ်မှ လယ်သမားများအား ရဲတပ်ဖွဲ့ဝင်များမှ သေနပ်ဖြင့်ပစ်ခက်

လယ်ယာမြေပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်နေသော မအူပင်မြို့နယ်မှ လယ်သမားများအား ရဲတပ်ဖွဲ့ဝင်များမှ သေနပ်ဖြင့်ပစ်ခက်  ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ၂၁ ရက်နေ့မှ စတင်၍ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု ပလောင်းကျေးရွာအပိုင် ကွင်းအမှတ်(၉၆၉)အတွင်း လယ်သမားများစိုက်ပျိုးလုပ်ကိုင်စားသောက်လာသော ဘိုဘွားပိုင်လယ်ယာမြေ ဧက(၁၀၀၀)ခန့်ကို အောချက် ကုမ္မဏီပိုင်ရှင် ဒေါက်တာမြင့်စိန်မှ သိမ်းယူထားသည့်အတွက် ဒေသခံလယ်သမား(၅၀၀)ကျော်တို့သည် မိမိတိုလယ်ယာမြေများပြန်လည်ရရှိရေးကို ယနေ့အချိန်ထိ စုရုံးဆန္ဒထုတ်ဖော်ခဲ့သည်။ မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးမှ ယနေ့ နေ့လည် ၂း၀၀ နာရီနောက်ဆုံးထားပြီး လူစုခွဲရန် ပုဒ်မ ၁၄၄အမိန်ထုတ်ပြန်ခဲ့သည်။ လူစုမခွဲပါက သေနပ်ဖြစ်ပစ်ခက် လူစုခွဲမည်ဟု ဓါတ်စက်ဖြင့်ကြေငြာနေခြင်းဖြစ်သည်။ လက်ရှိအနေထားတွင် လယ်သမား(၅၀၀)ကျော်နှင့် ရဲတပ်ဖွဲ့ဝင်အင်းအား (၃၀၀)ကျော်တို့ အပြန်အလှန်တင်မာမှုများဖြင့် ရင်ဆိုင်နေကြသည်။ လယ်သမားများအနေဖြစ်လည်း မိမိတို့လယ်ယာမြေပြန်လည်ရရှိရေးကို အသက်ပေး၍ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။  ယနေ့ည ၇း၀၀ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များမှ လယ်သမားများလူစုမကွဲသောကြောင့် သေနပ်ဖြင့် အချက်(၁၅၀)ခန့် ပစ်ခက်ခဲ့ရာ လယ်သမား(၈)ဦး သေနပ်ကျည်ဆံထိမှန်ပြီး အတွင်းလူနာအဖြစ် မအူပင်ဆေးရုံတွင်တင်ထားရသည်။ လယ်ယာမြေပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်နေသော လယ်သမားများမှ ယခုအချိန်ထိ ဆက်လက်ဆန္ဒထုတ်နေကြောင်း သတင်းရရှိသည်။  အကြောင်းစုံကို ဆက်လက်ရှိချင် စုံစမ်းလိုပါက ၀၉ ၄၂၀၁၈၀၃၆၆ ဒေါ်ဝင်းချိုသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လယ်ယာမြေပြန်လည်ရရှိရေးဆန္ဒထုတ်ဖော်နေသောမအူပင်မြို့နယ်မှလယ်သမားများအား ရဲတပ်ဖွဲ့ဝင်
များမှ သေနပ်ဖြင့်ပစ်ခက် လယ်ယာမြေပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်နေသော မအူပင်မြို့နယ်မှ လယ်သ
မားများအား ရဲတပ်ဖွဲ့ဝင်များမှ သေနပ်ဖြင့်ပစ်ခက် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ၂၁ ရက်နေ့မှ စတင်၍
Photo: မအူပင် လယ်သမားတွေနဲ့ ရဲ ထိပ်တိုက်ရင်ဆိုင်မှု လူ ၄၀ ဒဏ်ရာရ 
VOA Burmese/ မအေးအေးမာ/ 26.02.2013 
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တို ကျေးရွာ အုပ်စုဝင် ပလောင်း ကျေးရွာ အပိုင် ကွင်းအမှတ် ၉၆၉ မှာ  လယ်သမားတွေက သူတို့ရဲ့ ဘိုးဘွားပိုင် လယ်ယာမြေတွေကို ပြန် ရဖို့ ကြိုးစားရာကနေ လယ်သမားတွေကို နှိမ်နင်းဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

၁၉၉၆ ခုနှစ် ကတည်းက Orchard ကုမ္ပဏီက သိမ်းယူခဲ့တဲ့ လယ်မြေတွေကို လယ်သမားတွေက ခုတ်ထွင်ရှင်းလင်း မှုတွေ ပြုလုပ်ရာကနေ ဖေဖော်ဝါရီလ၂၆ ရက်နေ့မှာတော့ အကြမ်းဖက် နှိမ်နင်း မှုတွေ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူတွေလည်း အများအပြား ရှိခဲ့တာပါ။ အသေးစိတ်ကို မအေးအေးမာ က တင်ပြထားပါတယ်။
 
မအူပင်မြို့နယ်၊ မလက်တို ကျေးရွာအုပ်စုက လယ်သမား ၅၀၀ ကျော်ဟာ  မိမိတို့ရဲ့ လယ်မြေတွေ ပြန်လည် ရရှိရေးအတွက် သိမ်းဆည်းခံထားရတဲ့ လယ်မြေတွေကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က စပြီး ခုတ်ထွင် ရှင်းလင်းမှုတွေ လုပ်ခဲ့တာပါ။
 
၁၉၉၆ ခုနှစ် လောက်ကတည်းက လယ်သမားတွေထံကနေ ကုမ္ပဏီက လယ်မြေဧကပေါင်း ၁၀၀၀ ကျော်ကို သိမ်းယူခဲ့ရာကနေ လယ်သမားတွေက ဧက ၄၅၀ လောက်ကို ဖယ်ရှားမပေးဘဲ ဆက်လုပ် နေခဲ့တာပါ။

ကျန်ဧက ၅၀၀ ကျော်ကိုတော့ သိမ်းယူပြီး ကုမ္ပဏီက ငါးကန် တူးထားတယ်လို့ ဆိုပါတယ်။ ဒီငါးကန်ကို အသုံးပြုခြင်း မရှိတော့တဲ့အတွက် လယ်သမားတွေဟာ သိမ်းဆည်းခံရတဲ့ သူတို့တွေရဲ့ မြေယာတွေကို ခုတ်ထွင် ရှင်းလင်းမှုတွေ စတင် လုပ်ဆောင်ခဲ့ပါတယ်။
 
သိမ်းထားတဲ့ လယ်မြေမှာ ပြန်ပြီးတော့ စိုက်ပျိုးဖို့ ကြိုးစားတဲ့ လယ်သမားတွေကို ဖယ်ရှားပေးဖို့ အာဏာပိုင်တွေက ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဆွေးနွေးပွဲ လုပ်ခဲ့သလို ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး လူစု မခွဲရင် ပစ်ခတ်မယ်လို့ ရဲတွေဘက်က အသံချဲ့စက်တွေနဲ့ နေ့လည်ပိုင်းက စပြီး ကြေညာခဲ့ပါ တယ်။
 
လယ်သမား အင်အား ၅၀၀ ကျော်ကို ရဲအင်အား ၃၀၀ လောက်က ပစ်ခတ်မယ် ဆိုတဲ့အကြောင်း ကို နေ့လည်ပိုင်း ကတည်းက သတိပေး ပြောကြားနေတာပါ။
 
ညနေပိုင်းမှာတော့ နှစ်ဘက် အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း လူနာတွေကို ကယ်ဆယ်ရေး လုပ်နေတဲ့ ပျိုးခင်းသစ် ဖောင်ဒေးရှင်း တည်ထောင်သူ ကိုထိုက်ထိုက် က အခုလို ပြောပါတယ်။
 
“ကျနော်တို့ ဆေးရုံကို အရပ်သား ၁၁ ယောက်၊ ရဲ ၂၉ ယောက် ရောက်လာတယ် လောလောဆယ်။ ရဲက ဘာဖြစ်လို့လဲဆိုတော့ ဒုတ်နဲ့ အရိုက်ခံရတယ်၊ တချို့ မျက်နှာတွေ ထိတယ်။ ရဲတယောက် ဆိုရင် ဒဏ်ရာ အခြေအနေ စိုးရိမ်ရလို့ ရန်ကုန်ဆေးရုံကို သယ်ဖို့ သူတို့ လုပ်နေကြပြီ။ အဲ့ဒီရွာမှာက ဒဏ်ရာရတဲ့သူတွေ ကျန်သေးတယ်။ တချို့က အဖမ်းခံရမှာ ကြောက်လို့ပေါ့နော် ပုန်းနေတယ် တဲ့။ ဖြစ်ကြပြီ၊ လူတွေ သေကြပြီလို့ ကြားလို့ ကျနော်တို့ သွားကြတာမှာ ကျနော်တို့က အခင်းဖြစ် ပွားပြီးမှ ရောက်သွားတာကိုး။ သေနတ်ဒဏ်ရာ ပြင်းတာဆိုလို့ ကျောကုန်း ပေါက်သွားတဲ့တယောက် တွေ့တယ်။ ပါးပေါက်သွားတဲ့ တယောက်တွေ့တယ်။”
 
၁၀မိုင်ခန့် ကွာဝေးတဲ့ မအူပင်ဆေးရုံကို လူနာ လာရောက် ပို့ဆောင်ခဲ့တဲ့ လယ်သမားကြီး တဦး ကတော့ ပြင်းထန်စွာ ဒဏ်ရာရသူ လယ်သမား ၅ ဦး ရှိတယ်လို့ ဆိုပါတယ်။
 
“၉ ယောက် ဒဏ်ရာရပါတယ်။ ပြင်းထန်ပါတယ်။ ကျည်ဆန်လည်း ထိသွားပါတယ်။ သူတို့ကို ပြည်သူ့ဆေးရုံကြီး ပို့ထားပါတယ်။ ကျနော်တို့ ရောက်တဲ့အချိန်ကတော့ မရပ်သေးဘူး။ အရေးပေါ်ကတော့ ၅ ယောက်လောက်ရှိတယ်။ ညနေ ၅ နာရီခွဲလောက်ကနေ စပြီးတော့ ဖြစ် တာပါ။ဆေးရုံပေါ်မှာက ၉ ယောက်၊ ရွာမှာ ကြံ့ဖွံ့က ၂ ယောက်လို့ ကြားတယ်။ သေဆုံးတယ်လို့ လည်း ပြောတယ်။ ကျနော်တို့က ရွာပြန်မရောက်သေးဘူး။ ဒီကိုလည်း အလောင်း မရောက်သေး ဘူး။ ကျနော်တို့ဘက်ကတော့ ကျနော်တို့ လိုချင်တဲ့ အတိုင်းအတာကို ဆက်လုပ်မှာပဲ။ သူတို့က ရဲအင်အား ၃၀၀ လောက်နဲ့ ကျနော်တို့ကို ၀ိုင်းထားတယ်။”
 
မအူးပင် မြို့နယ်ထဲက လူမှုရေး အသင်းအဖွဲ့တွေနဲ့ ရဲတွေ စုစည်းပြီး ဒဏ်ရာ ရသူတွေအတွက် ကယ်ဆယ် ကူညီရေးတွေ လုပ်ဆောင်နေတဲ့အကြောင်း ဒဏ်ရာရသူတွေ ဆက်ပြီး ရှိနေသေး
ကြောင်းတွေကိုလည်း ကိုထိုက်ထိုက် က ဆက်ပြောပြပါတယ်။

“လောလောဆယ် ကျနော်တို့ မအူပင်မှာရှိတဲ့ လူမှုရေးအသင်းတွေ အားလုံးက စုပေါင်းထားပြီးတော့ မအူပင် NGO Network ဆိုတာ ကျနော်တို့ လုပ်ထားတယ်လေ။ လုပ်ထားတော့ ကျနော်တို့ ဒီလူနာတွေနဲ့ ပတ်သက်ပြီးတော့ ရဲလည်း ပါတယ်ပေါ့။ ကျနော်တို့ အားလုံးအတွက် စားဖို့ သောက်ဖို့ရော အ၀တ်အစားရော၊ ရေရော ကျနော်တို့ စီစဉ်ပေးနေတယ်
ပေါ့နော် အခု။ ရွာမှာ လူနာ ကျန်နိုင်တယ်လို့ ဖုန်းဆက် ပြောတဲ့အတွက် ကျနော်တို့တွေ အခု လူ စုပြီးတော့ သွားပြီးတော့ လူနာရှိသေးလား သွားကြည့်ပြီးတော့ ကျနော်တို့ ဆေးရုံပို့ဖို့ ဆက်လုပ် မယ်ပေါ့။ ကျနော်တို့”
 
မအူပင်ခရိုင် မအူပင်မြို့နယ်ထဲက ပလောင်၊ ပသင်၊ အဒိတ်၊ ဇီးကုန်း လက်ပံကုန်း အပါအ၀င် ရွာ ၆ ရွာက လယ်မြေ ဧကပေါင်း ၁ ထောင်ကျော်ကို သိမ်းယူထားတာလို့ ဆိုပါတယ်။ လယ်သမားတွေ ဘက်ကတော့ မိမိတို့ လယ်မြေတွေ ပြန်ရရှိဖို့အတွက် ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုလိုက်ပါတယ်။
 
ဒီကိစ္စနဲ့ပတ်သက်ပြီး မအူပင် ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ 
http://burmese.voanews.com/content/burmese-authorities-crackdown-farmers-40-people-wounded/1611484.html

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု ပလောင်းကျေးရွာအပိုင် ကွင်းအမှတ်(၉၆၉)အတွင်း လယ်သမားများစိုက်ပျိုးလုပ်ကိုင်စားသောက်လာသော ဘိုဘွားပိုင်လယ်ယာမြေ ဧက(၁၀၀၀)ခန့်ကိုအာချက်ကုမ္မဏီပိုင်ရှင်ဒေါက်တာမြင့်စိန်မှ သိမ်းယူထားသည့်အတွက် ဒေသခံလယ်သ
မား(၅၀၀)ကျော်တို့သည်မိမိတိုလယ်ယာမြေများပြန်လည်ရရှိရေးကိုယနေ့အချိန်ထိ စုရုံးဆန္ဒထုတ်ဖော်ခဲ့
သည်။ 
 
မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးမှ ယနေ့ နေ့လည် ၂း၀၀ နာရီနောက်ဆုံးထားပြီး လူစုခွဲရန် ပုဒ်မ ၁၄၄အမိန်ထုတ်ပြန်ခဲ့သည်။ လူစုမခွဲပါက သေနပ်ဖြစ်ပစ်ခက် လူစုခွဲမည်ဟု ဓါတ်စက်ဖြင့်ကြေငြာနေခြင်းဖြစ်သည်။ 
 
လက်ရှိအနေထားတွင် လယ်သမား(၅၀၀)ကျော်နှင့် ရဲတပ်ဖွဲ့ဝင်အင်းအား (၃၀၀)ကျော်တို့ အပြန်အလှန်တင်မာမှုများဖြင့် ရင်ဆိုင်နေကြသည်။ လယ်သမားများအနေဖြစ်လည်း မိမိတို့လယ်ယာမြေပြန်လည်ရရှိရေးကို အသက်ပေး၍ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 
 
 ယနေ့ည ၇း၀၀ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များမှ လယ်သမားများလူစုမကွဲသောကြောင့် သေနပ်ဖြင့် အချက်(၁၅၀)ခန့် ပစ်ခက်ခဲ့ရာ လယ်သမား(၈)ဦး သေနပ်ကျည်ဆံထိမှန်ပြီး အတွင်းလူနာအဖြစ် မအူပင်ဆေးရုံတွင်တင်ထားရသည်။ လယ်ယာမြေပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်နေသော လယ်သမားများမှ ယခုအချိန်ထိ ဆက်လက်ဆန္ဒထုတ်နေကြောင်း သတင်းရရှိသည်။ 
 
အကြောင်းစုံကို ဆက်လက်ရှိချင် စုံစမ်းလိုပါက ၀၉ ၄၂၀၁၈၀၃၆၆ ဒေါ်ဝင်းချိုသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။၂၀၀၄ခုနှစ်က ဒေသခံရွာသားတွေဆီကနေ လျော်ကြေးမဲ့ သိမ်းယူခဲ့တာဖြစ်ပါတယ်။

0 comments:

Post a Comment