Pages

Wednesday, February 27, 2013

လယ်ယာမြေပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်နေသော မအူပင်မြို့နယ်မှ လယ်သမားများအား ရဲတပ်ဖွဲ့ဝင်များမှ သေနပ်ဖြင့်ပစ်ခက်

လုပ်ရက်လိုက်တာ။ လုပ်ရက်လိုက်ကြတာ.... ဂဠုန်တွေကိုယ်စား အသည်းနာ ကမ္ဘာမကျေပဲဟေ့....!!!
ဦးသိန်းစိန်အစိုးရလဲ လက်နက်အားကိုးနဲ့ပြည်သူတွေကိုအနိုင်ကျင့်အုပ်ချုပ်ပြီလား
ဧရာဝတီတိုင်း၊ မအူပင်မြို့မှ (၁၂)မိုင်ဝေးသည့် ပလောင်ရွာတွင် လယ်သမားများ၏ ဆန္ဒဖော်ထုတ်မှုကိုရဲများကတားဆီးရာမှ အရပ်သား(၁၁) ယောက်နှင့်ရဲ (၂၉)ယောက် ဒါဏ်ရာ အပြင်းအထန်ရရှိပြီး မအူပင်ဆေးရုံကြီးသို့ တင်ထားရကြောင်း မအူပင်ဆေးရုံမှ သတင်းရရှိသည်။
မလက်တို ကျေးရွာအုပ်စု အတွင်းရှိ ရွာ(၆)ရွာမှ လယ်သမားများသည် သူတို့၏လယ်ဧက(၁၀၀၀)ကို၂၀၀၄ခုနှစ်ကတည်းက လျော်ကြေးမရပဲ သိမ်းခံထားခဲ့ရ၍ လယ်မြေများ ပြန်လည်ရရှိရေးအတွက် တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း၊ ဆန္ဒဖော်ထုတ်သည်မှာယနေ့(၆)ရက်မြောက်နေ့ဖြစ်ကြောင်း၊ ညနေ(၂း၀၀)နာရီတွင် ရဲဌာနမှ ပုဒ်မ(၁၄၄) ထုတ်ပြန်ကြေငြာခဲ့ပြီး ညနေ(၅း၀၀)နာရီခန့်တွင် ရဲအင်အား(၃၀၀)ခန့်ဖြင့် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ကြောင်းသိရသည်။

"အရပ်သားတစ်ဦးဖြစ်တဲ့ ကိုနိုင်ဝင်းကတော့ နောက်ကျောမှာ သေနတ်ဒါဏ်ရာ ရထားတယ်၊ ဦးခေါင်းကိုလည်းရိုက်ခံထားရတယ်၊ လက်မောင်းမှာလည်း သေနတ်ဒါဏ်ရာ ရထားလို့ ဒါဏ်ရာပြင်းထန်ပြီး မအူပင်ဆေးရုံကိုပို့ထား ရပါတယ်။အခြားဒါဏ်ရာရတဲ့ ရွာသားတွေလည်း ကြောက်ပြီးပုန်းနေကြတယ်။ အခုအဲဒီလို ဒါဏ်ရာ ပြင်းထန်ရပြီး ပုန်းနေတဲ့ရွာသားတွေကို ကူညီ ကုသပေးဖို့ အရပ်ဘက် အဖွဲ့အစည်းတွေ လိုက်ရှာနေကြပါတယ် ” ဟု ပျိုးခင်းသစ်ဖောင်ဒေးရှင်းမှ ကိုထိုက်ထိုက်က ပြောကြားသည်။

လုပ်ရက်လိုက်တာ။ လုပ်ရက်လိုက်ကြတာ.... ဂဠုန်တွေကိုယ်စား အသည်းနာ ကမ္ဘာမကျေပဲဟေ့....!!!
လုပ်ရက်လိုက်တာ။ လုပ်ရက်လိုက်ကြတာ.... ဂဠုန်တွေကိုယ်စား အသည်းနာ
ယခုသိမ်းဆည်းခံထားရသော လယ်မြေဧက(၁၀၀၀)ကို ဒေါက်တာမြင့်စိန်ဆိုသူက ပိုင်ဆိုင်လျက်ရှိကာ ဧက(၅၅၀) ကို ငါးကန်များတူးထားပြီး၊ ကျန်ဧက(၄၅၀)ကို သီးစားချပေးထားကြောင်း ကိုလယ်(၁၅)ဧကသိမ်းခံထားရသည့် ပလောင်ရွာသား ကိုငြိမ်းမောင်ကပြောပြခဲ့ပါသည်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ၂၁ ရက်နေ့မှ စတင်၍ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု ပလောင်းကျေးရွာအပိုင် ကွင်းအမှတ်(၉၆၉)အတွင်း လယ်သမားများစိုက်ပျိုးလုပ်ကိုင်စားသောက်လာသော ဘိုဘွားပိုင်လယ်ယာမြေ ဧက(၁၀၀၀)ခန့်ကို အောချက် ကုမ္မဏီပိုင်ရှင် ဒေါက်တာမြင့်စိန်မှ သိမ်းယူထားသည့်အတွက် ဒေသခံလယ်သမား(၅၀၀)ကျော်တို့သည် မိမိတိုလယ်ယာမြေများပြန်လည်ရရှိရေးကို ယနေ့အချိန်ထိ စုရုံးဆန္ဒထုတ်ဖော်ခဲ့သည်။ 
မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးမှ ယနေ့ နေ့လည် ၂း၀၀ နာရီနောက်ဆုံးထားပြီး လူစုခွဲရန် ပုဒ်မ ၁၄၄အမိန်ထုတ်ပြန်ခဲ့သည်။ လူစုမခွဲပါက သေနပ်ဖြစ်ပစ်ခက် လူစုခွဲမည်ဟု ဓါတ်စက်ဖြင့်ကြေငြာနေခြင်းဖြစ်သည်။ 
လက်ရှိအနေထားတွင် လယ်သမား(၅၀၀)ကျော်နှင့် ရဲတပ်ဖွဲ့ဝင်အင်းအား (၃၀၀)ကျော်တို့ အပြန်အလှန်တင်မာမှုများဖြင့် ရင်ဆိုင်နေကြသည်။ လယ်သမားများအနေဖြစ်လည်း မိမိတို့လယ်ယာမြေပြန်လည်ရရှိရေးကို အသက်ပေး၍ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယနေ့ည ၇း၀၀ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များမှ လယ်သမားများလူစုမကွဲသောကြောင့် သေနပ်ဖြင့် အချက်(၁၅၀)ခန့် ပစ်ခက်ခဲ့ရာ လယ်သမား(၈)ဦး သေနပ်ကျည်ဆံထိမှန်ပြီး အတွင်းလူနာအဖြစ် မအူပင်ဆေးရုံတွင်တင်ထားရသည်။ လယ်ယာမြေပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်နေသော လယ်သမားများမှ ယခုအချိန်ထိ ဆက်လက်ဆန္ဒထုတ်နေကြောင်း သတင်းရရှိသည်။

အကြောင်းစုံကို ဆက်လက်ရှိချင် စုံစမ်းလိုပါက ၀၉ ၄၂၀၁၈၀၃၆၆ ဒေါ်ဝင်းချိုသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
RND: 27.2.2013
Myanmar Age

0 comments:

Post a Comment