Pages

Wednesday, February 27, 2013

ဧရာဝတီတိုင်းဒေသကြီး ၊မအူပင်မြို့ နယ် အရှေ့ ဘက်ရှိ မလက်တိုကျေးရွာအုပ်စု နောက်ဆုံးရအခြေအနေ

ဧရာဝတီတိုင်း မအူပင် မြို့နယ် အရှေ့ဘက်ရှိ မလက်တိုကျေးရွာအုပ်စု တွင်ရှိနေသည့်လုံခြုံရေးတပ်ဖွဲ့များသည် ကန်ဘောင်သို့တက်လာပါက သေနတ်ဖြင့်ပစ်ခတ်မျာဟုပြောဆိုခဲ့သလို မီဒီယာများလည်းပစ်မည်ဟုပြောဆိုခဲ့သည်။
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
ဧရာဝတီတိုင်း မအူပင် မြို့နယ် အရှေ့ဘက်ရှိ မလက်တိုကျေးရွာအုပ်စု တွင်ရှိနေသည့်လုံခြုံရေးတပ်ဖွဲ့များ
သည် ကန်ဘောင်သို့တက်လာပါက သေနတ်ဖြင့်ပစ်ခတ်မျာဟုပြောဆိုခဲ့သလို မီဒီယာများလည်းပစ်မည်
ဟုပြောဆိုခဲ့သည်။

ဧရာဝတီတိုင်း မအူပင် မြို့နယ် အရှေ့ဘက်ရှိ မလက်တိုကျေးရွာအုပ်စု ၊ပလောင်ကျေးရွာတွင်လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ညနေ၆နာရီခန့်တွင်ပဋိပက္ခဖြစ်ပြီးနောက်ယနေ့ဆေးရုံရှေ့တွင်စောင့်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
ဧရာဝတီတိုင်း မအူပင် မြို့နယ် အရှေ့ဘက်ရှိ မလက်တိုကျေးရွာအုပ်စု ၊ပလောင်ကျေးရွာတွင်လုံခြုံရေး တပ်
ဖွဲ့ဝင်များနှင့် ညနေ၆နာရီခန့်တွင်ပဋိပက္ခဖြစ်ပြီးနောက်ယနေ့ဆေးရုံရှေ့တွင်စောင့်နေသည့် လုံခြုံရေးတပ်ဖွဲ့
ဝင်များ

ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု၌ လယ်ယာမြေ ပြန်လည် ရရှိရေး တောင်းဆိုမှုနှင့် ဆက်စပ်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ပွားခဲ့ရာ အဆိုပါ ပဋိပက္ခတွင် ဒဏ်ရာ ရရှိခဲ့သော ရဲတပ်ဖွဲ့ဝင်များအနက် ရဲတပ်သား ရဲကျော်သူသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီ အချိန်က ရန်ကုန်ဆေးရုံကြီး၌ ဦးခေါင်း ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ 

ယမန်နေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဒဏ်ရာ ရရှိခဲ့သူများအနက် ဒေသခံ ၁၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၂၇ ဦးကို မအူပင် ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဒဏ်ရာ ပြင်းထန်သဖြင့် ရန်ကုန်ဆေးရုံးကြီးသို့ ပို့ဆောင်ခဲ့သည့် ရဲတပ်သား ရဲကျော်သူမှာ ယနေ့ နံနက်ပိုင်းတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။ 

 ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ အချိန်အထိ သိရှိရသော သတင်းများအရ ပဋိပက္ခ ဖြစ်ပွားရာ နေရာတွင် လုံခြုံရေး အင်အား တိုးမြှင့်ထားပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ကန်ဘောင် နေရာများသို့ ၀င်ရောက်ခဲ့သော ဒေသခံများအား ဆုတ်ခွာပေးရန် အမိန့်ထုတ်ပြန်ခဲ့သဖြင့် ဒေသခံများမှ ပြန်လည် ဆုတ်ခွာသွားပြီး ပုဒ်မ ၁၄၄ ဧရိယာ ပြင်ပတွင် စုဖွဲ့လျက် ရှိနေဆဲ ဖြစ်ကြောင်း သိရပါသည်။ 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဒေသခံများက သိမ်းဆည်းခံထားရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေးနှင့် ဆက်စပ်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တောင်းဆိုမှု ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။
ယနေ့  နံနက်ဧရာဝတီတိုင်းဒေသကြီး ၊မအူပင်မြို့ နယ် အရှေ့ ဘက်ရှိ မလက်တိုကျေးရွာအုပ်စု ၊ ပလောင်ကျေးရွာတွင် လယ်ယာမြေကိစ္စကြောင့် ဆန္ဒပြုမှု ဖြစ်ပေါ်ခဲ့သော နေ့ ရောသို့  ပြည်တွင်း Media မှ သတင်းထောက်များ သတင်းသွားရောက်ယူနေစဉ် ရဲတပ်ဖွဲ့ အရှာရှိတစ်ဦး မှ "ငါလိုးမသား မီဒီယာ သမားတွေ တက်မလာခဲ့ နဲ့  ပစ်လိုက်မယ်" ဟု ရိုင်းပြစွာ ပြောဆိုခဲ့ကြောင်း ၄င်းနေရာသို့ သတင်းသွားယူနေသည့် သတင်းထောက်တစ်ဦး မှ သတင်းပေးပို့ သည်။

RND: 27.2.2013
Eleven Media Group
Myanmar News International

0 comments:

Post a Comment