Pages

Wednesday, February 27, 2013

ဧရာဝတီတိုင်းဒေသကြီး၊မအူပင် မြို့နယ် မလက်တို ကျေးရွာအုပ်စုတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

ဖေဖော်ဝါရီလ ၂၆၊ ၂၀၁၃
မအူပင် မလက်တိုကျေးရွာအုပ်စုတွင် ယနေ့ညနေ ၆နာရီမှ စတင်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ကျေးရွာသားနှင့် ဒေသခံအာဏာပိုင်တို့
ပဋိပက္ခဖြစ်ပွားမှုကြောင့် သေဆုံးသူများနှင့်ပြင်းထန်စွာ ဒဏ်ရာရရှိသူများ ရှိနေကြောင်း မြစ်မခ ဧရာဝတီတိုင်း သတင်းထောက် မျိုးမင်းထွန်းက သတင်းပေးပို့သည်။ ဧရာဝတီတိုင်းဒေသကြီး၊မအူပင် မြို့နယ် အရှေ့ဘက်ရှိ ကျေးရွာ ၆ ရွာခန့်ပါဝင်သော မလက်တိုကျေးရွာအုပ်စု ၊ပလောင်ကျေးရွာတွင် လယ်မြေသိမ်းပိုက်မှုကြောင့် ကျေးရွာသားများနှင့် အာဏာပိုင်များ မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ စတင်ပြီး ပဋိပက္ခဖြစ်ပွားခဲ့သည်။ `ရွာသားတွေကလည်း သေချင်သေ မလျော့တော့ဘူးဆိုပြီးတော့ ဖြစ်နေတယ်၊ ပုဒ်မ ၁၄၄ ထုတ်လိုက်ရတယ်၊ အဲဒါလည်း ရဲတွေနဲ့ ရွာသားတွေ ဆက်ဖြစ်နေတုန်းပဲ`ဟု ပလောင်ကျေးရွာသားတဦးက ပြောသည်။

ယနေ့ ညနေ ၆ နာရီမှ စတင်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သော်လည်း ယနေ့ည ၁၀ နာရီ ကျော်အချိန်ထိ ပဋိပက္ခဖြစ်ပွားလျက်ရှိကြောင်း၊ ဒဏ်ရာရရှိသူများလည်း အများအပြားရှိကြောင်း မြစ်မခ သတင်းထောက်မှ သတင်းပေးပို့ချက်အရ သိရသည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ၂၁ ရက်နေ့မှ စတင်၍ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု ပလောင်းကျေးရွာအပိုင် ကွင်းအမှတ်(၉၆၉)အတွင်း လယ်သမားများစိုက်ပျိုးလုပ်ကိုင်စားသောက်လာသော ဘိုဘွားပိုင်လယ်ယာမြေ ဧက(၁၀၀၀)ခန့်ကို အောချက် ကုမ္မဏီပိုင်ရှင် ဒေါက်တာမြင့်စိန်မှ သိမ်းယူထားသည့်အတွက် ဒေသခံလယ်သမား(၅၀၀)ကျော်တို့သည် မိမိတိုလယ်ယာမြေများပြန်လည်ရရှိရေးကို ယနေ့အချိန်ထိ စုရုံးဆန္ဒထုတ်ဖော်ခဲ့သည်။ 
မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးမှ ယနေ့ နေ့လည် ၂း၀၀ နာရီနောက်ဆုံးထားပြီး လူစုခွဲရန် ပုဒ်မ ၁၄၄အမိန်ထုတ်ပြန်ခဲ့သည်။ လူစုမခွဲပါက သေနပ်ဖြစ်ပစ်ခက် လူစုခွဲမည်ဟု ဓါတ်စက်ဖြင့်ကြေငြာနေခြင်းဖြစ်သည်။ လက်ရှိအနေထားတွင် လယ်သမား(၅၀၀)ကျော်နှင့် ရဲတပ်ဖွဲ့ဝင်အင်းအား (၃၀၀)ကျော်တို့ အပြန်အလှန်တင်မာမှုများဖြင့် ရင်ဆိုင်နေကြသည်။ လယ်သမားများအနေဖြစ်လည်း မိမိတို့လယ်ယာမြေပြန်လည်ရရှိရေးကို အသက်ပေး၍ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယနေ့ည ၇း၀၀ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များမှ လယ်သမားများလူစုမကွဲသောကြောင့် သေနပ်ဖြင့် အချက်(၁၅၀)ခန့် ပစ်ခက်ခဲ့ရာ လယ်သမား(၈)ဦး သေနပ်ကျည်ဆံထိမှန်ပြီး အတွင်းလူနာအဖြစ် မအူပင်ဆေးရုံတွင်တင်ထားရသည်။ လယ်ယာမြေပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်နေသော လယ်သမားများမှ ယခုအချိန်ထိ ဆက်လက်ဆန္ဒထုတ်နေကြောင်း သတင်းရရှိသည်။
RND: 27.2.2013
မျိုးမင်းထွန်း(မြစ်မခ)

0 comments:

Post a Comment