Pages

Wednesday, February 27, 2013

မအူပင် အကြမ်းဖက်ဖြိုခွဲသည့်ကိစ္စရပ်အား လက်ပံတောင်းတောင်ဒေသခံ ပြည်သူများက ရှုတ်ချကြောင်း ပြောဆို..။

မအူပင် အကြမ်းဖက်ဖြိုခွဲသည့်ကိစ္စရပ်အား လက်ပံတောင်းတောင်ဒေသခံ ပြည်သူများက ရှုတ်ချကြောင်း ပြောဆို..။
မုံရွာ၊ ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး မအူမြို့နယ်၊ ပလောင်ကျေးရွာတွင် လယ်ယာမြေအငြင်ပွားသည့်ကိစ္စရပ်အား သေနတ်ဖြင့် ပစ်ခတ် ၍ ဖြိုခွဲခဲ့သည့်အပေါ် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် လက်ပံတောင်းတောင် ဒေသခံပြည်သူများမှ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ ပြောကြားပါတယ်..။
“လက်နက်သုံးပြီး အကြမ်းဖက်ဖြိုခွင်းတဲ့ ကိစ္စဟာ ပြဿာနာကို ဖြေရှင်းတဲ့နည်းလမ်းမဟုတ်သလို ပြည်သူကိုလည်း အနိုင်ကျင့် စော်ကားရာရောက်ပါတယ်..” ဟု တုံကျေးရွာ သပိတ်စခန်းရှိ လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှား သူ ဒေသခံတောင်သူတစ်ဦးမှ ပြောပါတယ်..။
လယ်ယာမြေသိမ်းဆီးခြင်းခံတောင်သူများမှ မိမိပိုင်လယ်ယာမြေပြန်လည်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုရာမှ ရဲဝန်ထမ်း များနှင့်ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် သေနတ်ဖြင့်ပစ်ခတ်၍ ဆန္ဒပြလူအုပ်ကြီးအား အကြမ်းဖက်ဖြိုခွဲရာမှ ယင်းကဲသို့ နှစ်ဘက် အထိနာခဲ့ရကြောင်း သိရပါတယ်..။
“ ယခု မအူပင်ဆေးရုံမှာ သေနတ်ဒဏ်ရာရလူနာ ၂၀ ကျော်တက်ရောက်ပြီးဆေးကုသမှုခံယူနေရပါတယ်..။ မိဘတွေ အခုလို ဆေးရုံတက်နေရတော့ စာမေးပွဲဖြေဆိုမဲ့ သားသမီးတွေဟာ ဘယ်ကလာပြီး စိတ်ကောင်းနိုင်တော့မှာလည်း..”ဟု ကျောင်းသားမိဘတစ်ဦးကလည်း ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြောဆိုပါတယ်..။
မအူပင်မြို့နယ်အတွင်းရှိ ရှားခဲအင်းပြသနာ ငါးလေလံအငြင်းပွားမှုတွင် ပြည်သူနှစ်ဦးသေနတ်ဒဏ်ရာဖြင့်သေဆုံးခဲ့ရပြီးနောက် လပိုင်းအတွင်း လက်ပံတောင်းတောင်ဒေသတွင် သံဃာတော်များနှင့် လူပုဂ္ဂိုလလ်အချို့ မီးလောင်ဗုံးဒဏ်ရာများရရှိခဲ့သော ဖြစ်စဉ်များရှိခဲ့ကြောင်း၊ ယခုလည်း လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အခေချာသပ်အစီရင်ခံစာ ထွက်ပေါ်လာရန် ရက်ပိုင်းအလိုတွင် မအူပင်ဒေသတွင် အကြမ်းဖက်အင်းအားသုံးဖြိုခွဲမှုများ ထပ်မံပေါ်ပေါက်လာခဲ့မှုအပေါ်  ပြည်သူများက အထူးပူပန်လျက်ရှိကြောင်း သိရှိရပါတယ်..။
မုံရွာ၊ ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး မအူမြို့နယ်၊ ပလောင်ကျေးရွာတွင် လယ်ယာမြေအငြင်ပွားသည့်ကိစ္စရပ်အား သေ
နတ်ဖြင့် ပစ်ခတ် ၍ ဖြိုခွဲခဲ့သည့်အပေါ်စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်လက်ပံတောင်းတောင် ဒေသခံပြည်
သူများမှ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ ပြောကြားပါတယ်..။ “လက်နက်သုံးပြီး အကြမ်းဖက်ဖြိုခွင်းတဲ့ ကိစ္စဟာ ပြဿာနာကို ဖြေရှင်းတဲ့နည်းလမ်းမဟုတ်သလို ပြည်သူကို
လည်း အနိုင်ကျင့် စော်ကားရာရောက်ပါတယ်..” ဟု တုံကျေးရွာ သပိတ်စခန်းရှိ လက်ပံတောင်းတောင်အ
ရး တက်ကြွလှုပ်ရှား သူ ဒေသခံတောင်သူတစ်ဦးမှ ပြောပါတယ်..။

လယ်ယာမြေသိမ်းဆီးခြင်းခံတောင်သူများမှ မိမိပိုင်လယ်ယာမြေပြန်လည်ရရှိရေးအတွက် ဆန္ဒပြတောင်း
ဆိုရာမှ ရဲဝန်ထမ်း များနှင့်ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် သေနတ်ဖြင့်ပစ်ခတ်၍ ဆန္ဒပြလူအုပ်ကြီးအား အကြမ်း
ဖက်ဖြိုခွဲရာမှ ယင်းကဲသို့ နှစ်ဘက် အထိနာခဲ့ရကြောင်း သိရပါတယ်..။

“ ယခု မအူပင်ဆေးရုံမှာ သေနတ်ဒဏ်ရာရလူနာ ၂၀ ကျော်တက်ရောက်ပြီးဆေးကုသမှုခံယူနေရပါတယ်..။ မိဘတွေ အခုလို ဆေးရုံတက်နေရတော့ စာမေးပွဲဖြေဆိုမဲ့ သားသမီးတွေဟာ ဘယ်ကလာပြီး စိတ်ကောင်း
နိုင်တော့မှာလည်း..”ဟု ကျောင်းသားမိဘတစ်ဦးကလည်း ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြောဆိုပါတယ်..။

မအူပင်မြို့နယ်အတွင်းရှိ ရှားခဲအင်းပြသနာ ငါးလေလံအငြင်းပွားမှုတွင် ပြည်သူနှစ်ဦးသေနတ်ဒဏ်ရာဖြင်
့သေဆုံးခဲ့ရပြီးနောက် လပိုင်းအတွင်း လက်ပံတောင်းတောင်ဒေသတွင် သံဃာတော်များနှင့် လူပုဂ္ဂိုလလ်
အချို့ မီးလောင်ဗုံးဒဏ်ရာများရရှိခဲ့သော ဖြစ်စဉ်များရှိခဲ့ကြောင်း၊ ယခုလည်း လက်ပံတောင်းတောင် စုံစမ်း
စစ်ဆေးရေးကော်မရှင်၏ အခေချာသပ်အစီရင်ခံစာ ထွက်ပေါ်လာရန် ရက်ပိုင်းအလိုတွင် မအူပင်ဒေသတွင် အကြမ်းဖက်အင်းအားသုံးဖြိုခွဲမှုများ ထပ်မံပေါ်ပေါက်လာခဲ့မှုအပေါ် ပြည်သူများက အထူးပူပန်လျက်ရှိ
ကြောင်း သိရှိရပါတယ်..။
 
RND: 27.2.2013
Monywa Times
 

0 comments:

Post a Comment