Pages

Wednesday, February 27, 2013

ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူ ဘင်္ဂါလီ ၄ဝ ဦးအား မြိတ်မြို့တွင် ဖမ်းမိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ခိုးဝင်လာသူ ဘင်္ဂါလီလူမျိုး ၄ဝ ဦးအား ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် (ဝဝး၁၅) နာရီ အချိန်ခန့်တွင် မြိတ်မြို့ ကုန်တိုက်အနီးရှိ ကမ်းနားလမ်းတွင်နှင့် ရပ်ကွက်များ အတွင်း ဖမ်းဆီးမိကြောင်း သိရှိရသည်။ ၂၅ ရက်နေ့ ည ၁၂ နာရီ အချိန်ခန့်တွင် ဘင်္ဂါလီများသည် စက်လှေဖြင့် ကမ်းနားလမ်းသို့ရောက် ရှိလာပြီး ကမ်းပေါ်တက်နေကြောင်း ပြည်သူများ၏ သတင်းပေးပို့ချက် အရ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ပြည်သူများ၏ပူး ပေါင်းရှာဖွေမှုဖြင့် ဘင်္ဂါလီ ၄ဝ ဦး အား ကန်ကြီးရပ်ကွက်အတွင်းနှင့် ကမ်းနားလမ်းတစ်လျှောက်တွင် ဖမ်း ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းဒေသခံများထံမှ သိရသည်။

ထိုဘင်္ဂါလီလူမျိုး ၄ဝ ဦးတွင် အမျိုးသား ၃၈ ဦးနှင့် အမျိုးသမီး ၂ ဦးပါရှိပြီး အသက်အကြီးဆုံးမှာ ၃၈ နှစ်ဖြစ်ပြီး အသက်အငယ်ဆုံးမှာ ၁၄ နှစ်ဖြစ်ကာ ကျန်သူများမှာ လူ ငယ်ပိုင်းအရွယ် ၂ဝ ကျော်ခန့် အ များဆုံးပါဝင်ကြောင်းနှင့် ၄င်းတို့အား လုံးမှာ မြန်မာစကားတတ်ကျွမ်းခြင်း မရှိကြောင်း သိရသည်။

၎င်းတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှတစ်ဆင့် စစ်တွေမြို့ သက် ကယ်ပြင်ကျေးရွာနေ ဦးရှော်ဘီထံ အခကြေးငွေပေးကာ ထိုင်းနိုင်ငံ သို့ အလုပ်လုပ်ရန်အတွက် သွားရောက် ခြင်းဖြစ်ကြောင်း၊ ၄င်းတို့အဖွဲ့တွင် လူ ၆၈ ဦးခန့်ပါရှိပြီး လမ်းခရီးတွင် ၃ ဦးရေထဲခုန်ချရာ သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ ၂၆ ရက်နေ့တွင် လူ ၄ဝ ဦးအား မြိတ်မြို့ ကမ်းနားလမ်းသို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်သည့် ၂၅ ဦးမှာ စက်လှေဖြင့် ပြန်လည်ထွက် ခွာသွားကြောင်း ထပ်မံသိရသည်။

ဖမ်းဆီးရမိသော တရားမဝင် ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သား ၄ဝ ဦးအား မြိတ်မြို့ မြို့မ ရဲ စခန်းတွင် ခေတ္တထိန်းသိမ်းထားခဲ့ပြီး လက်ရှိတွင်မြို့နယ် လဝကဦးစီးဌာန သို့ လွှဲပြောင်းလိုက်ပြီဖြစ်ေ ကြာင်း ဒေသခံများထံမှ သိရသည်။

AKS
RND: 27.2.2013
Popular Myanmar News

0 comments:

Post a Comment