Pages

Wednesday, February 27, 2013

"မအူပင်ရောက် သတင်းသမားများအား ရဲများကို ဓာတ်ပုံရိုက်ခွင့်မပြု၊ ရိုက်ပြီးဓာတ်ပုံများအားဖျက်ခိုင်း"

"မအူပင်ရောက် သတင်းသမားများအား ရဲများကို ဓာတ်ပုံရိုက်ခွင့်မပြု၊ ရိုက်ပြီးဓာတ်ပုံများအားဖျက်ခိုင်း"

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ ပလောင်ကျေးရွာသို့ သတင်းသွားယူသော Popular News ဂျာနယ်မှ ဓာတ်ပုံသတင်းထောက် အောင်နိုင်စိုး(ကစ္ဆပ) ရိုက်ခဲ့သော 
ရဲများတာဝန်ယူစောင့်ကြပ်နေသည့်ပုံများ၊ စုစည်းကာထိုင်နေကြသည့်ပုံများအား တာဝန်ကျရဲ တပ်ကြပ်ကြီးတစ်ဦးက ဖျက်ခိုင်းသဖြင့် ဖျက်ပေးခဲ့ရကြောင်းသိရသည်။

"လယ်သမားတွေပုံကိုတော့ ရိုက်ခွင့်ပေးပါတယ်။ ရဲတွေစောင့်ကြပ်နေတဲ့ပုံမျိုးတွေကိုတော့ရိုက်ခွင့်မပေးဘူး။ကျွန်တော်ရိုက်ထားတဲ့ ပုံတွေကိုဖျက်ခိုင်းတယ်။ ပြောတာကတော့ 
ပြေပြေလည်လည်ပြောတာပါပဲ။ ကျွန်တော်ဖျက်မှာကို စိတ်မချလို့ သူတို့ခေါ်လာတဲ့ ဗီဒီယိုကင်မရာမင်းတစ်ယောက်ကို Format ရိုက်ခိုင်းတယ်။ ကျွန်တော့် ကင်မရာ အဲဒီလူလက်ထဲပေးလိုက်တော့ 
သူက ကပ်ကို Format ချလိုက်တယ်။ အထဲက ပုံတွေ အကုန်ပျက်ကုန်တော့တာပေါ့" ဟု  အောင်နိုင်စိုး(ကစ္ဆပ)ကပြောသည်။

အခြားသတင်းဌာနများမှ ဓာတ်ပုံဆရာများအားလည်း ရဲများကို ဓာတ်ပုံရိုက်ခွင့်မပြုကြောင်းသိရသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ ရေးဆွဲထားသည့် ပုံနှိပ် နှင့် သတင်းမီဒီယာဥပဒေ(ပထမမူကြမ်း) အခန်း(၃)၊ ပုဒ်မ၁၁ တွင် "နိုင်ငံသားတိုင်းသတင်းကိုလွတ်လပ်စွာသိရှိခွင့်၊ 
သတင်းပေးခွင့်ရှိခြင်း"၊ ပုဒ်မ၁၂ တွင် "နိုင်ငံသားများသိခွင့်ရှိသောသတင်းအချက်အလက်များကိုတားမြစ်ခြင်း၊ ထိန်းချုပ်ခြင်း၊ အကျပ်ကိုင် ခြင်းများမှ ကင်းဝေးစေပြီး ကျင့်ဝတ်စည်းကမ်းနှင့်အညီ 
လွတ်လပ်စွာ စုံစမ်းဖော်ထုတ်ရေးသားခွင့်၊ ထုတ်လွှင့်ခွင့်ရှိခြင်း"၊ ပုဒ်မ ၂၃ တွင် "အရေးအခင်း၊ အဓိကရုန်း၊ ဆန္ဒပြနေသောနေရာ၌ သတင်းရယူနေသော သတင်းထောက်များကို 
ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်း (အသံ၊ အရုပ်၊ ဓါတ်ပုံ၊ အထောက်အထား၊ စာရွက် စာတမ်းများ) တို့ကိုသိမ်းဆည်းခြင်းအာဏာပိုင်များမှ မှတ်တမ်းတင်ထားခြင်းတို့မှ ကင်းလွတ်ခွင့် ရှိခြင်း" စသည်ဖြင့်ဖော်ပြထားသည်။

"Format ချလိုက်လဲ ကိစ္စမရှိဘူးလေ။ ရုံးက ကွန်ပျူတာ ဌာနကို အဲဒီကပ်ပေးလိုက်ရင် ပုံတွေ ပြန်ဖော်လို့ရတဲ့ ဆော့ဖ်ဝဲရှိတယ်။ ဒီတော့သူတို့ဘာပဲလုပ်လုပ် ကျွန်တော် လုပ်ခွင့်ပေးလိုက်ပါတယ်၊ အခုလဲ ပုံတွေ အကုန်ပြန်ရပါတယ်"ဟု  အောင်နိုင်စိုး(ကစ္ဆပ)ကပြောသည်။

အောင်နိုင်စိုး(ကစ္ဆပ)သည် အမျိုးသားသတင်းဆုကော်မတီက ချီးမြှင့်သော ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံးသတင်းဓာတ်ပုံဆု ရရှိခဲ့သူဖြစ်သည်။

PP


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ ပလောင်ကျေးရွာသို့ သတင်းသွားယူသော Popular News ဂျာ
နယ်မှ ဓာတ်ပုံသတင်းထောက် အောင်နိုင်စိုး(ကစ္ဆပ) ရိုက်ခဲ့သော ရဲများတာဝန်ယူစောင့်ကြပ်နေသည့်ပုံ
များ၊ စုစည်းကာထိုင်နေကြသည့်ပုံများအား တာဝန်ကျရဲ တပ်ကြပ်ကြီးတစ်ဦးက ဖျက်ခိုင်းသဖြင့် ဖျက်ပေး
ခဲ့ရကြောင်းသိရသည်။
"လယ်သမားတွေပုံကိုတော့ ရိုက်ခွင့်ပေးပါတယ်။ ရဲတွေစောင့်ကြပ်နေတဲ့ပုံမျိုးတွေကိုတော့ရိုက်ခွင့်မပေးဘူး။
ကျွန်တော်ရိုက်ထားတဲ့ပုံတွေကိုဖျက်ခိုင်းတယ်။ ပြောတာကတော့ ပြေပြေလည်လည်ပြောတာပါပဲ။ကျွန်
တော်ဖျက်မှာကို စိတ်မချလို့ သူတို့ခေါ်လာတဲ့ ဗီဒီယိုကင်မရာမင်းတစ်ယောက်ကို Format ရိုက်ခိုင်းတယ်။ ကျွန်တော့် ကင်မရာ အဲဒီလူလက်ထဲပေးလိုက်တော့ သူက ကပ်ကို Format ချလိုက်တယ်။ အထဲက ပုံတွေ အကုန်ပျက်ကုန်တော့တာပေါ့" ဟု အောင်နိုင်စိုး(ကစ္ဆပ)ကပြောသည်။

အခြားသတင်းဌာနများမှ ဓာတ်ပုံဆရာများအားလည်း ရဲများကို ဓာတ်ပုံရိုက်ခွင့်မပြုကြောင်းသိရသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ ရေးဆွဲထားသည့် ပုံနှိပ် နှင့် သတင်းမီဒီယာဥပဒေ(ပထမမူကြမ်း) အခန်း(၃)၊ပုဒ်မ၁၁ တွင် "နိုင်ငံသားတိုင်းသတင်းကိုလွတ်လပ်စွာသိရှိခွင့်၊သတင်းပေးခွင့်ရှိခြင်း"ပုဒ်မ၁၂ တွင်
"နိုင်ငံသားများသိခွင့်ရှိသောသတင်းအချက်အလက်များကိုတားမြစ်ခြင်း၊ ထိန်းချုပ်ခြင်း၊ အကျပ်ကိုင် ခြင်း
များမှ ကင်းဝေးစေပြီး ကျင့်ဝတ်စည်းကမ်းနှင့်အညီ လွတ်လပ်စွာ စုံစမ်းဖော်ထုတ်ရေးသားခွင့်၊ ထုတ်လွှင့်ခွင့်
ရှိခြင်း"၊ ပုဒ်မ ၂၃ တွင် "အရေးအခင်း၊ အဓိကရုန်း၊ ဆန္ဒပြနေသောနေရာ၌ သတင်းရယူနေသော သတင်း
ထာက်များကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်း (အသံ၊ အရုပ်၊ ဓါတ်ပုံ၊ အထောက်အထား၊ စာရွက် စာတမ်းများ) တို့ကိုသိမ်းဆည်းခြင်းအာဏာပိုင်များမှ မှတ်တမ်းတင်ထားခြင်းတို့မှ ကင်းလွတ်ခွင့် ရှိခြင်း" စသည်ဖြင့်ဖော်ပြထားသည်။

"Format ချလိုက်လဲ ကိစ္စမရှိဘူးလေ။ ရုံးက ကွန်ပျူတာ ဌာနကို အဲဒီကပ်ပေးလိုက်ရင် ပုံတွေ ပြန်ဖော်လို့ရ
တဲ့ ဆော့ဖ်ဝဲရှိတယ်။ ဒီတော့သူတို့ဘာပဲလုပ်လုပ် ကျွန်တော် လုပ်ခွင့်ပေးလိုက်ပါတယ်၊ အခုလဲ ပုံတွေ အ
ကုန်ပြန်ရပါတယ်"ဟု အောင်နိုင်စိုး(ကစ္ဆပ)ကပြောသည်။

အောင်နိုင်စိုး(ကစ္ဆပ)သည် အမျိုးသားသတင်းဆုကော်မတီက ချီးမြှင့်သော ၂၀၁၁ ခုနှစ်အတွက် အကောင်း
ဆုံးသတင်းဓာတ်ပုံဆု ရရှိခဲ့သူဖြစ်သည်။

 
RND: 27.2.2013
Popular Myanmar News Journal

0 comments:

Post a Comment