Pages

Wednesday, February 27, 2013

လမ်းဖြတ်ကူးသူတစ်ဦးအား တိုက်မိပြီး တစ်ဖက်ယာဉ်ကြောအတွင်းလဲကျသည့် ဆိုင်ကယ်ယာဉ်မောင်း ကားကြိတ်၍သေဆုံး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇
၂၅-၂-၂၀၁၃ ရက်နေ့ ၁၇၅၀ အချိန် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ၀န်ပြန်ရွာ၊ ရန်ကုန်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၂၆၆)အနီးတွင် ပျဉ်းမနားမှ တပ်ကုန်းသို့ မိတ်္ထီလာမြို့နယ်၊ ပေါက်ချောင်းရပ်ကွ က်နေ အောင် ကိုမင်း(၃၀)နှစ် စီးနင်းလာသည့် ၂၃ယ/xxxxx ရာမဟာ ဆိုင်ကယ်သည် လမ်းဖြတ်ကူးသူတစ်ဦးအား တိုက်မိပြီး တစ်ဖက်ယာဉ်ကြောအတွင်းသို့ ရောက်ရှိလဲကျသွားခဲ့သည်။ ထိုသို့ လဲကျသွားစဉ် တစ်ဖက်ယာဉ်ကြောအတွင်း တပ်ကုန်းမှ ပျဉ်းမနားသို့ တောင်သာ မြို့နယ်၊ မင်္ဂလာဦးရပ် ကွက်နေ အောင်မင်းလတ် (၂၇)နှစ် မောင်းနှင်လာသည့် ၂ဂ/xxxx ၁၂ ဘီး ဖူဆို ယာဉ်၏ ၀ဲဘက်နောက်ဘီးနှင့်ကြိတ်မိ၍ ဦးခေါင်းနောက်စေ့၊ ယာနဖူး၊ ၀ဲဒူး၊ ၀ဲ/ယာ တတောင်ဆစ်တို့၌ ပေါက်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ တွင် သေဆုံးသွားခဲ့သဖြင့် ၂၆-၂-၂၀၁၃ရက်နေ့ ၀၀၂၀ အချိန် အောင်ကိုမင်း အား ရွှေတွင်းကုန်း ရဲစခန်းယာဉ်(ပ)၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
RND: 27.2.2013

0 comments:

Post a Comment