Pages

Wednesday, February 27, 2013

ကချင်ပြည်နယ် ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ မိုးညှင်း မြို့ကို ရောက်ပြီ

ဒီနေ့ ၂၇-၃-၂၀၁၃ ကျနော်တို့ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့
ကချင်ပြည်နယ် မိုးညှင်း မြို့ကို ရောက်ပါပြီ။ သောင်းသောင်းဖျဖျ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။ လမ်းတလျှောက် တခြားမြို့တွေက ကြိုဆိုတာနဲ့ ဘာတွေများကွာခြားသလဲ ဆိုတဲ့ မေးခွန်းကို မိုးညှင်းဒေသခံ မီဒီယာ သမားတစ်ယောက်က ကျနော့်ကို မေးပါတယ်။ ကွာခြားပါတယ်။ ထူးခြားပါတယ်။ ရှမ်းတိုင်းရင်းသားတွေက ရှမ်းအိုးစည် ၀ိုင်းနဲ့ ကြိုဆိုတယ်။ ကချင်လူမျိုးတွေက ရိုးရာ စတ်စုံတွေနဲ့ ရိုးရာ တေးသံတွေ ၊အကတွေနဲ့ ကြိုကြတယ်။ ဒါများ ထူးခြားလို့လားကွာ လို့ ပြောရင်လည်း ဒီထက် ထူးခြားတာက တိုင်းရင်းသား(ကချင်လူမျိုး)တွေက ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ ခေါင်းဆောင် ကို ရန်နိုင်ထွန်း ကို ကချင်ရိုးရာ လွယ်အိတ်နဲ့ ငွေဓါး လက်ဆောင်ပေးပြီး တခမ်းတနားကြိုတာမို့ ထူးခြားတယ် လို့ပြောတာပါ။ 
 
စစ်ဘေးဒဏ်ခံနေရတဲ့သူတွေမို့ ငြိမ်းချမ်းရေး ကို တခြားသူတွေထက် မက်မောတာဘဲ ဖြစ်ပါတယ်။ ပြည်သူတွေ အားရပါးရ ကြိုဆိုကြတယ်။ သူတို့မျက်ရည်ကျတယ်။ ကျနော်တို့ မျက်ရည်ကျတယ်။ ဘယ်သူတွေအတွက်မှ မထူးခြားရင်တောင်မှ ခြေထောက်နဲ့ လမ်းလျှောက်ခဲ့တာမဟုတ်ဘဲ ရင်ဘတ်နဲ့ ခံစားပြီး လမ်းလျှောက်ခဲ့တဲ့ ကျနော် တို့ အတွက်တော့ မဟာ ဆုလာဘ် တစ်ခု ရခဲ့ ပြီ လို့မှတ်လိုက်ပါတယ်။ 
 
ကျနော်တို့ ပြည်သူတွေအတွက် လမ်းဆက်လျှောက်အုံးမယ်။ ဘယ်သူတွေ ဘာပြောပြောပေါ့လေ။ကျနော်
တို့ ပြည်သူတွေအတွက် လမ်းဆက်လျှောက်အုံးမယ်။ ဘယ်သူတွေ ဘာပြောပြောပေါ့လေကျနော်တို့ ပြည်
သူတွေအတွက် လမ်းဆက်လျှောက်အုံးမယ်။ ဘယ်သူတွေ ဘာပြောပြောပေါ့လေကျနော်တို့ ပြည်သူတွေ
အတွက် လမ်းဆက်လျှောက်အုံးမယ်။ ဘယ်သူတွေ ဘာပြောပြောပေါ့လေ

ဦးဝင်းချို ဆက်သွယ်ရန် ဖုံး ၀၉-၇၃၂၀၆၈၃၈
 
 
RND: 27.2.2013
ဦးဝင်းချို

0 comments:

Post a Comment