Pages

Wednesday, February 27, 2013

မြန်မာပြည်ဖြတ်သွားမယ့် ဂျာမနီယာဉ်တန်း မန္တလေးရောက်ပြီ

မြန်မာပြည်ဖြတ်သွားမယ့် ဂျာမနီယာဉ်တန်း မန္တလေးရောက်ပြီ
Tuesday, 26 February 2013

ဂျာမနီမှ အောက်တိုဘာလလယ်ပိုင်းတွင် စတင်ထွက်ခွာခဲ့သော
မော်တော်ယာဉ် ၂၈ စီးပါ ယာဉ်တန်းသည်  ယနေ့ နေ့လယ် ၃း၀၀ နာရီခန့်က မန္တလေးမြို့ သို့ ရောက်ရှိလာခဲ့သည်။ 

ယခုလ ၂၄ ရက်နေ့ တွင်အိန္ဒိယ -မြန်မာ နယ်စပ် တမူးမြို့ သို့ 
ရောက်ရှိလာခဲ့သော ထိုယာဉ်တန်းအဖွဲ့၏ ခရီးစဉ် အမည်မှာ Panamericana Motorhome Tour  ဖြစ်သည်။

မုံရွာ၊  ပုဂံ၊ ကလော၊ နေပြည်တော်၊ ရန်ကုန်၊ ဘားအံမြို့ များတွင် လည်ပတ်ပြီး မြဝတီ-မဲဆောက် နယ်စပ်မှတဆဆင့် ထိုင်းနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။ 

မန္တလေးတွင် ၃ ညအိပ်ရပ်နားစဉ် အနီးတဝိုက်ဒေသများသို့ သွားရောက်လည်ပတ်ကြမည်ဖြစ်ကြောင်း သိရသည်။

ထိုယာဉ်တန်းသည် ကီလိုမီတာပေါင်း ၂၀,၄၀၀ ကျော်
မောင်းနှင်ခဲ့ ပြီး ဖြစ်ကြောင်း၊ကမ္ဘာအနှံ့ မောင်းနှင် လှည့်လည်ကြမည့် 
ကာလမှာ ရက်ပေါင်း ၇၀၀ ခန့်  ကြာမည် ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံတွင် အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲမှုများ
ဆောင်ရွက်လာပြီးနောက်ပိုင်း ခရီးသွားလုပ်ငန်း တဟုန်ထိုး တိုးတက်လာပြီး နိုင်ငံတကာ ခရီးသည် အများအပြား ဝင်ရောက်နေကြသည်။ 

ဟိုတယ်၊ စားသောက်ဆိုင်၊ သယ်ယူပို့ ဆောင်ရေး၊  ခရီးသည်လုံခြုံရေး၊ အခြား အထွေတွေဝန်ဆောင်မှုများတွင် လိုအပ်ချက်များရှိနေဆဲ
ဖြစ်ကြောင်း၊ ဒေသန္တရအာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှုများမှာ
အရေးပါကြောင်း ခရီးသွားလုပ်ငန်း ရှင်တဦးက ပြောသည်။

သတင်းနှင့် ဓာတ်ပုံ - တေဇလှိုင် 
ဧရာဝတီ

ဂျာမနီမှ အောက်တိုဘာလလယ်ပိုင်းတွင် စတင်ထွက်ခွာခဲ့သော မော်တော်ယာဉ် ၂၈ စီးပါ ယာဉ်တန်းသည်၂၆ရက်နေ့ နေ့လယ် ၃း၀၀ နာရီခန့်က မန္တလေးမြို့ သို့ ရောက်ရှိလာခဲ့သည်။ ယခုလ ၂၄ ရက်နေ့ တွင်အိန္ဒိယ -မြန်မာ နယ်စပ် တမူးမြို့ သို့ 
ရောက်ရှိလာခဲ့သော ထိုယာဉ်တန်းအဖွဲ့၏ ခရီးစဉ် အမည်မှာ Panamericana Motorhome Tour ဖြစ်သည်။

မုံရွာ၊ ပုဂံ၊ ကလော၊ နေပြည်တော်၊ ရန်ကုန်၊ ဘားအံမြို့ များတွင် လည်ပတ်ပြီး မြဝတီ-မဲဆောက် နယ်စပ်မှတဆဆင့် ထိုင်းနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

မန္တလေးတွင် ၃ ညအိပ်ရပ်နားစဉ် အနီးတဝိုက်ဒေသများသို့ သွားရောက်လည်ပတ်ကြမည်ဖြစ်ကြောင်း သိရသည်။

ထိုယာဉ်တန်းသည် ကီလိုမီတာပေါင်း ၂၀,၄၀၀ ကျော် မောင်းနှင်ခဲ့ ပြီး ဖြစ်ကြောင်း၊ကမ္ဘာအနှံ့ မောင်းနှင် လှည့်လည်ကြမည့် ကာလမှာ ရက်ပေါင်း ၇၀၀ ခန့်  ကြာမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လာပြီးနောက်ပိုင်း ခရီးသွားလုပ်ငန်း တဟုန်ထိုး တိုးတက်လာပြီး နိုင်ငံတကာ ခရီးသည် အများအပြား ဝင်ရောက်နေကြသည်။

ဟိုတယ်၊ စားသောက်ဆိုင်၊ သယ်ယူပို့ ဆောင်ရေး၊ ခရီးသည်လုံခြုံရေး၊ အခြား အထွေတွေဝန်ဆောင်မှုများတွင် လိုအပ်ချက်များရှိနေဆဲ ဖြစ်ကြောင်း၊ ဒေသန္တရအာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှုများမှာ အရေးပါကြောင်း ခရီးသွားလုပ်ငန်း ရှင်တဦးက ပြောသည်။

သတင်းနှင့် ဓာတ်ပုံ - တေဇလှိုင် 

RND: 27.2.2013
ဧရာဝတီ

0 comments:

Post a Comment