Pages

Thursday, November 29, 2012

လက်ပံတောင်းတောင် စီမံကိန်းရှိ သပိတ်စခန်းများအား မီးလောင်စေသော ဓါတုပစ္စည်းပါဝင်သည့် လက်နက် (ဓါတုလက်နက်) ဖြင့် အင်အားသုံးနှိမ်နင်းခဲ့ကြောင်း သိရ


နိုဝင်ဘာလ ၁၉ ရက်နေ့နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သောလက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိသပိတ်စခန်

းများအား အင်းအားသုံးဖြိုခွင်းရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သပိတ်စခန်း တည်ရှိရာနေရာများသို့ မီးလောင်ေ
စသော ဓါတုပစ္စည်းပါဝင်သည့် လက်နက် (ဓါတုလက်နက်) ဖြင့် အင်အားသုံးနှိမ်နင်းခဲ့ကြောင်း ယင်းဖြစ်စဉ်တွင် ကိုယ်တွေ့ကြုံခဲ့သူများ၏ ပြောကြားချက်များအရ သိရသည်။ "ကျွန်တော်တို့က စဖြစ်တဲ့အချိန်မှာ ၀မ်ပေါင်ကုမ္ပဏီရှေ့မှာရှိတဲ့ ပင်မသပိတ်စခန်းမှာ ရှိနေခဲ့တာပါ။ သူတို့က ပထမပိုင်းတုန်းက အင်းအား သုံးပြီး ဖြိုခွင်းမယ်ဆိုပြီး ကြေညာပါတယ်။ မနက် ၃နာရီကျော် လောက်မှာတော့ မီးသတ်ကားနှစ်စီးက ပိုက်တွေနဲ့လေး၊ငါးကြိမ်လောက်ထိုးပြီး လူစုခွဲခဲ့ပါတယ်။ ဒါပေမယ့် လူစုက ကွဲမသွားတဲ့အတွက် နောက်ပိုင်းကျတော့ မီးကျည်ဗုံးလို့ခေါ်မလား၊ မီးလောင်ဗုံးလို့ခေါ်မလား။ အဲဒီဗုံးတွေနဲ့ ပစ်ကုန်ရော။ အဲဒီဗုံးတွေက ပစ်လိုက်တဲ့အခါ လေပေါ်မှာပေါက်ပြီး မီးကျည်တွေ ပြန်ကျဲပြီး ကျလာပါတယ်။ အဲဒီမီးကျည်ကျတဲ့ နေရာတွေအကုန်လုံး မီးလောင်တာတွေ ဖြစ်ကုန်တယ်။ အဲဒီမီးကျည်ထိတဲ့ သူတွေအကုန်လုံး မီးလောင်ပြီးတော့ အရေပြားတွေ လန်ကုန်တယ်။ 
 
အဲဒီဗုံးက မျက်ရည်ယိုဗုံးမဟုတ်ဘူး။ ဗုံးကျလာတဲ့အချိန်မှာ မျက်ရည်ကျတာမျိုးတွေ မရှိဘူး။ မီးကျည်ကျတဲ့နေ
ရာ၊ ထိမှန်တဲ့သူတွေ အကုန်လုံး မီးလောင်ကုန်တယ်။ လက်ရှိအချိန်မှာတော့ သပိတ်စခန်းတွေမှာရှိတဲ့ သံဃာ
တော်တွေနဲ့ လူတွေကို ပတ်ဝန်းကျင်က ဘုန်းကြီးကျောင်းတွေ၊ အိမ်တွေမှာ ဆေးကုသနေရတယ်။ ထိခိုက်တဲ့အ
ထဲမှာ လူတွေထက် သံဃာတော်တွေက ပိုပြီးဒဏ်ရာရကြတာ တွေ့ရတယ်။ တစ်ချို့  ကို မုံရွာဆေးရုံကို ပို့ပေးပြီး
တော့ ဒဏ်ရာပြင်းထန်သည့် သံဃာတော်တစ်ပါးကို မန္တလေးဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်" ဟု ကိုယ်တွေ့ကြုံခဲ့သူ
တစ်ဦးမှ ပြောကြားခဲ့သည်။

”စဖြစ်တာက နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီအချိန်မှာ စတင်ဖြစ်သွားခဲ့တာပါ။ အစဦးဆုံး မီးသတ်ပိုက်နဲ့ မထိုးခင်မှာ ကျော်ရွာဂိတ်ဆီက သေနတ် ၃ ချက် ဖောက်လိုက်သံကြားလိုက်ရတယ်။ အဲဒီနောက်မှာပဲ စတော့တာ
ပါပဲ။ ပထမ မီးသတ်ပိုက်နဲ့ သပိတ်စခန်းထဲမှာ ရှိနေတဲ့သူတွေကို ရေတွေနဲ့ စဖျန်းပါတယ်။ ၁၀ မိနစ်လောက်ကြာ
တဲ့အခါမှာတော့ မီးကျည်လိုအရာတွေနဲ့ စပစ်တယ်။ နောက်မီးခိုးတွေထွက်တယ် နောက်ပေါက်ကွဲတယ်။ 
 
အစကတော့ သပိတ်စခန်းထဲမှာ နေရင် အခြေအနေ မဟန်တော့ဘူးဆိုတာ သိပါတယ်။ အဲဒီတော့ သပိတ်စခန်း
တွေ ပျက်ဆီးချင် ပျက်ဆီးသွားပါစေ။ လူတွေကိုတော့ လွတ်ရာကိုပြေးကြဖို့အတွက် ဆရာတော်တွေက ဆော်သြ
ပေးတယ်။ ဒါနဲ့ပဲ လွတ်ရာကိုတောင် ကြား၊ တောင်ပေါ်တွေကနေ ပြေးခဲ့ကြရပါတယ်။ သံဃာအများစု ထိခိုက်ဒဏ်
ရာရကြတယ် လူတွေလည်းအနည်းငယ် ထိခိုက်မှုတွေရှိပါတယ်။ သံဃာတချို့ကိုလည်း ရဲကားတွေအပေါ်မှာ ပါ
သွားတာမြင်လိုက်ရပါတယ်။ အခုချိန် ထိဖြိုခွဲခံရတဲ့ သပိတ်အဖွဲ့ဝင်တွေဟာ လုံခြုံတဲ့နေရာမှာ ရှိနေ ကြပါတယ်”ဟု
 မောင်းတန်ဂိတ်(တောင်ပေါ်ဂိတ်) သပိတ်အဖွဲ့ဝင်တစ်ဦးက ကိုယ်တွေ့ကြုံခဲ့သည်များကို ပြောပြခဲ့သည်။

ဖြစ်စဉ်ကြောင့် ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီး အများစုမှာ သံဃာတော်များဖြစ်ကြောင်း သိရသည်။ လတ်တ
လော ရရှိထေားသော သတင်းများအရ မုံရွာဆေးရုံတွင် ရောက်ရှိကုသခံနေရသူ ၅၀ကျော်ခန့်ရှိပြီး အများစုမှာ မီး
လောင်ဒဏ်ရာများဖြစ်ကြောင်း သိရသည်။အဆိုပါဒဏ်ရာရသူများထဲမှဒဏ်ရာအခြေအနေ ပြင်းထန်သည့် သံဃာ
တော်တစ်ပါးကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ အင်အားသုံးဖြိုခွင်းမှုကြောင့် ဒဏ်
ရာရရှိသူ ရာဂဏန်းခန့်ရှိပြီး အတည်မပြုနိုင်သော သတင်းများအရ ယခုဖြစ်စဉ်ကြောင့် သေဆုံးသူများရှိပြီး ဖမ်း
ဆီးထိန်းသိမ်းခံရသူများလည်း ရှိနေကြောင်း သိရှိရသည်။

”စစ်လက်နက်ပစ္စည်းတွေထဲမှာမီးသေနတ်Flame Throwerဆိုတာရှိတယ်။ ပေနှစ်ဆယ်လောက်ထိ မီးညွှန့်ပန်း
ထွက်တဲ့ သေနတ် မျိုးပေါ့။ ဒါပေမယ့် အဲဒီလက်နက် အမျိုးအစားက စစ်မြေပြင်မှာတောင် သာမာန်လက်နက်နဲ့ ပစ်ခတ်ဖြိုခွင်းလို့ မရတဲ့ (ဥပမာ- ဘန်ကာ၊ ကတုက်ကျင်း ဒါမှမဟုတ် အဆောက်အဦးတွင်းမှာနေရာယူထားတဲ့) ရန်သူ့တပ်ဖွဲ့ဝင်တွေကို ချေမှုန်းရာမှာသာ အသုံးပြုပိုင်ခွင့်ရှိပြီး ကွင်းပြင်မှာ ချီတက်လာတဲ့ တပ်ဖွဲ့တွေကို ရင်ဆိုင်
ရာမှာ အသုံးပြုပိုင်ခွင့် မရှိဘူး။ လူမဆန်တဲ့ လက်နက်မို့လို့ ဂျီနီဗာကွန်ဗင်းရှင်းအရ တားမြစ်ထားတယ်။ ပစ်မှတ်
တွေကို မီးလောင်ပျက်စီးစေတဲ့ နောက်ထပ်ဗုံးတမျိုးက မီးစုံးဗုံး Incendiary rounds တွေပဲ။ Napalm နပမ်းဗုံးလို့
လဲ ခေါ်တယ်။ 
 
အထဲမှာဓါတုဆေးရည် ဒါမှမဟုတ် အမှုန်တွေထည့်ထားပြီး ပစ်မှတ်ပေါ်မှာစွဲကပ်နေတဲ့အဲဒီ ဓါတုပစ္စည်းတွေ မကုန်
မချင်း မီးလောင် စေတယ်။ ဘာနဲ့မှ ငြိမ်းလို့ မရဘူး။ တစ်ကိုယ်လုံး မီးစွဲနေတဲ့ ခလေးမလေး လမ်းတလျှောက် ငိုယို
ပြေးထွက်လာတာကို သတင်းထောက်တွေ ဗီဒီယိုမှတ်တမ်းတင်လိုက်နိုင်လို့ ဗီယက်နမ်စစ်မှာယန်းကီးတွေရှုံးပိုင်း
ပိုင်း လိုက်ရတာလည်း မှတ်မိကြမှာပေါ့။ 
 
အခု ဆန္ဒပြသံဃာတော်တွေကို အစိုးရက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတဲ့ နေရာမှာလည်း မီးလောင်ပြီး ဒဏ်ရာရကြတယ်လို့ သတင်းတွေ ကြားနေရတယ်။ မျက်ရည်ယို ဗုံးဆိုတာက မီးလောင်ဗုံးမှမဟုတ်ပဲ။ ဆန္ဒပြ
အရပ်သားတွေကို ထိခိုက်အနာတရမဖြစ်စေပဲနဲ့ လူစုခွဲနိုင်ရုံ ရည်ရွယ် တီထွင်ထားတဲ့ မီးခိုးဗုံးအမျိုးအစားသာဖြစ်
တယ်။ 
 
အခု အစိုးရ ရဲတပ်ဖွဲ့ကသာ ဆန္ဒပြလူထုကို မီးလောင်စေတဲ့ လက်နက်နဲ့ တိုက်ခိုက်ခဲ့ကြောင်းမှန်ရင် နိုင်ငံတကာ ရာဇ၀တ်မှုအကြီး ကြီးတစ်ခု ကျူးလွန်လိုက်ပြီလို့ပဲ ပြောရမယ်” ဟု အမှတ်(၂) စစ်လက်နက်ပစ္စည်းစက်ရုံတွင် တာ
ဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ပြည်ပတွင် တိမ်းရှောင်နေရသူ ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်းက ၄င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့် လက်နှက်များ အသုံးပြုနှိမ်နင်းခဲ့သည် ဆိုသည်ကို သိရှိနိုင်ရန်အတွက် မြန်
မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ရုံးသို့ ဆက်သွယ် စုံစမ်းလျက်ရှိပြီး မြန်မာနိုင်ငံ ရဲချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံတော် သမ္မတရုံးတွင် ယခုကိစ္စနှင့် ပတ်သက်ပြီး အစည်းအဝေး ပြုလုပ်နေကြောင်း သိရသည်။

Eleven Media:

0 comments:

Post a Comment

 
world time