Pages

Friday, August 2, 2013

`ကိုယ်ခံပညာပေါင်းစုံ MMA ကမ္ဘာ့ချန်ပီယံလုပွဲမြန်မာနိုင်ငံတွင်ကျင်းပမည်´


RangonNewsDaily:: Aug 2, 2013

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံပေါင်း၍တိုက်ခိုက်ရ သော MMA ပြိုင်ပွဲအား Forever ကုမ္ပဏီ၊ Bec-Tero ကုမ္ပဏီနှင့် မြန်မာမီဒီယာဂရု(ပ်)တို့ ပူးပေါင်း၍ သြဂုတ် ၃၁ရက်ညနေ ၃ နာရီမှ ၆နာရီအထိ သုဝဏ္ဏအမျိုးသားအားကစားရုံ(၁) တွင် ကျင်းပမည်ဖြစ်ကြောင်း MMA ကမ္ဘာ့ ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲသတင်းစာရှင်းလင်း ပွဲမှသိရသည်။

ပြိုင်ပွဲတွင် အမေရိကန်၊အင်္ဂလန်၊သြစတြေး လျ၊ ပါကစ္စတန်၊ အီရန်၊ ဂျပန်၊ ဖိလစ်ပိုင်၊ ထိုင်း နှင့်မြန်မာအပါအဝင် ကိုးနိုင်ငံမှ ပြိုင်ပွဲဝင် ၁၄ဦး တို့က ဝိတ်တန်းခုနစ်တန်းတွင် ယှဉ်ပြိုင်ထိုးသတ် ကြရမည်ဖြစ်သည်။

MMA သည် ၂၄အကျယ် ထောင့်ရှစ် ထောင့်ရှိသောသံဆန်ခါကြိုးဝိုင်းအတွင်း ငါးမိနစ် သုံးချီ ယှဉ်ပြိုင်ထိုးသတ်ရပြီး ¤င်း၏ဥပဒေမှာ လဲကျနေစဉ် ဒူးဖြင့်တိုက်ခွင့်မရှိသော်လည်း လက်ဖြင့် ဆက်လက်ထိုးသတ်နိုင်သောကြောင့် ပြိုင်ဘက်မှအရှုံးပေးသည်အထိ ချုပ်ထားနိုင် သည်။ ခေါင်းဖြင့်တိုက်ခြင်း၊ ရိုက်ခြင်းများ ခွင့်မပြုသော်လည်း လက်သီး၊ တံတောင်၊ ခြေထောက်၊ ဒူးများကို အသုံးပြုတိုက်ခိုက်နိုင်ပြီး ကြမ်းပေါ်တွင်လဲကျနေစဉ် ဆက်လက်တိုက်ခိုက် ခြင်း၊ ချုပ်ခြင်းများပြုလုပ်နိုင်သည်။

MMA ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံလုပွဲနှစ်ပွဲ၊ ပါဝင်ပြီး အင်ဒိုချိုင်းနားဒေသ ချန်ပီယံလုပွဲ လေးပွဲနှင့် မြန်မာချန်ပီယံလုပွဲတစ်ပွဲ ပါဝင်ကာ အနိုင်ရသူ အင်ဒိုချိုင်းနားဒေသချန်ပီယံများသည် MMA ကမ္ဘာ့ချန်ပီယံလုပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံမှထက်အောင် ဦး(တောင်ကလေး)နှင့် လေးညို့ရှင်(သတ္တိ)တို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

''မြန်မာ့ရိုးရာလက်ဝှေ့ကို ပြည်ပကသိ အောင် မြန်မာ့ရိုးရာလက်ဝှေ့နဲ့ပဲ ယှဉ်ပြိုင်မှာပါ။ မတူတာလေးက သူတို့ ငါးမိနစ်သုံးချီ မြန်မာ့ လက်ဝှေ့က သုံးမိနစ်ငါးချီဆိုတာနဲ့ ခေါင်းနဲ့တိုက် တာဖယ်ရင် ကျန်တာအတူတူပါပဲ'' ဟု MMA ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် လေးညို့ရှင်(သတ္တိ) ကပြောသည်။

ကွင်းဝင်ကြေးအား ရိုးရိုးတန်း ကျပ် ၈ဝဝဝနှင့် အထူးတန်း ကျပ်၁၅ဝဝဝ သတ်မှတ် ထားပြီး MMA World League သည်သြစတြေး လျနိုင်ငံအခြေစိုက်အားကစားအဖွဲ့အစည်းဖြစ်၍ ဒေသဆိုင်ရာချန်ပီယံလုပွဲများနှင့် ကမ္ဘာ့ချန်ပီယံ လုပွဲများအား လစဉ်နိုင်ငံတကာတွင် လှည့်လည် ကျင်းပလျက်ရှိကာ ယခုယှဉ်ပြိုင်မည့်ပွဲစဉ်များ အား အမေရိကန်၊ တရုတ်၊ မြန်မာ အပါအဝင် ကမ္ဘာ့နိုင်ငံများသို့ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်ပြသ မည်ဖြစ်ကြောင်းသိရသည်။ စည်းမျဉ်းအနည်း ငယ်သာရှိပြီး လဲကျပြီးသည့်တိုင် ဆက်လက် တိုက်ခိုက်နိုင်သော သံဆန်ခါပိတ် MMA ပြိုင်ပွဲ များအား လူသားမဆန်ကြောင်း အမေရိကန် သမ္မတအိုဘားမားက ဝေဖန်ခဲ့ဖူးသည်။

The Union Daily , RangonNewsDaily
kolatt (Pabedan): 2.8.2013

0 comments:

Post a Comment