Pages

Tuesday, August 27, 2013

ရွှေ့ပြောင်းလုပ်သားများ စီးနင်းလာသော မက္ကဆီကိုကုန်ရထား လမ်းချော်

Photo: ရွှေ့ပြောင်းလုပ်သားများ စီးနင်းလာသော မက္ကဆီကိုကုန်ရထား လမ်းချော်
Tuesday, August 27, 2013

အမေရိကန်သို့ ဦးတည်နေ သော ရွှေ့ပြောင်းလုပ်သားများ ကို သယ်ဆောင်လာသည့် ကုန် ရထားတစ်စီး ဩဂုတ် ၂၅ ရက်က မက္ကဆီကိုတောင်ပိုင်း ရွှံ့ညွန်ထူ သောအရပ်တွင် တွဲချော်ခဲ့ရာ အ နည်းဆုံး လူခြောက်ဦး သေဆုံးခဲ့ ပြီး အများအပြား ဒဏ်ရာရရှိခဲ့ ကြောင်း အရာရှိများက ပြော ကြားခဲ့သည်။

လူမှောင်ခိုများကို ငွေပေး ၍ ကုန်ရထားတွဲများ၏ထိပ်တွင် ထိုင်လျက်လိုက်ပါလာသော ဗဟို အမေရိက ရွှေ့ပြောင်းလုပ်သား များကို သယ်ဆောင်လာသော The Beast ဟုခေါ်ဆိုသော ကုန်ရထား သည် အရုဏ်မတက်မီ တာဘက် စကိုပြည်နယ်ရှိ မြစ်တစ်ခုအနီး တွင် လမ်းချော်ခဲ့ပြီး တွဲရှစ်တွဲ မှောက်ခဲ့ကြောင်း သိရသည်။

အားလုံး အသက် ၁၉နှစ်မှ ၅၄ နှစ်အရွယ် ဟွန်ဒူးရပ်စ်မှ ၁ရ ဦးနှင့် ဂွာတီမာလာမှ တစ်ဦးအ ပါအဝင် ၁၈ ဦးကို ဆေးရုံသို့ တင် ပို့ခဲ့ရကြောင်း အမျိုးသားပြည်သူ့ ကာကွယ်ရေး ညှိနှိုင်းရေးမှူး လီး ဝစ်ဖီလစ်ပီပွန်တီက ပြောကြား ခဲ့သည်။ အစောပိုင်းက လူ ၂၂ ဦး ဒဏ်ရာရခဲ့သည်ဟု ၎င်းကပြော ကြားထားသည်။ လူခြောက်ဦး သေဆုံးခဲ့ကြောင်း တာဘက်စကို ပြည်သူ့လုံခြုံရေးနှင့် ပြည်သူ့ကာ ကွယ်ရေး အရာရှိများက အေ အက်ဖ်ပီသို့ ပြောကြားခဲ့သည်။ သေဆုံးသူများအနက် သုံးဦးမှာ ဟွန်ဒူးရပ်စ်မှဖြစ်ကြောင်း မက္ကဆီ ကိုနှင့် ဟွန်ဒူးရပ်စ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ရထားပေါ်တွင် ရွှေ့ပြောင်း လုပ်သား ၂၅၀ မှ ၃၀ဝအထိ လိုက် ပါလာပြီး တွဲချော်သောနေရာမှာ ကုန်းတွင်းလမ်းမရှိဘဲ လေကြောင်း၊ ရေကြောင်းကိုသာ အသုံးပြုနိုင် သော နေရာဖြစ်သည်ဟု ဟီမန် ဂွီလိုစည်ပင်သာယာနယ်မှ အရာ ရှိများက ပြောကြားခဲ့သည်။
မှောက်နေသာ တွဲများကို မချီရန်နှင့် ရှင်သန်သူ၊ ဒဏ်ရာ ရသူ သို့မဟုတ် အလောင်း ရှိ၊ မရှိ စစ်ဆေးရန် ကရိန်းများကို ည တွင်းချင်း စေလွှတ်ခဲ့သည်ဟု သိ ရသည်။ တွဲချော်သည့်နေရာတွင် မကြာသေးမီ ရက်များအတွင်းက မိုးများ အလွန်သည်းထန်စွာ ရွာ သွန်းခဲ့သည်။ 

တွဲချော်သည့် အ ကြောင်းရင်းကိုမူ မသိရသေးဟု အရာရှိများက ပြောသည်။
တွဲငါးတွဲတွင် မည်သည့်ကုန် ပစ္စည်းမျှ မပါသော်လည်း တွဲကိုး တွဲတွင် သတ္တုအပိုင်းအစ ၅၅ တန် တင်ဆောင်ထားပြီး ရထားမှာ တစ် နာရီလျှင် ၁၀ ကီလိုမီတာ (ခြောက် မိုင်)သာ မောင်းနှင်လာခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ် ပြန်ခဲ့သည်။ ဝန်နှင့်အမြန်နှုန်းမှာ သတ်မှတ်ချက်အတွင်းသာ ရှိသည် ဟုလည်းဆိုသည်။ မတော်တဆ မှု ဖြစ်ပွားသည့် လမ်းပိုင်းအား ၂၀၀၉ ခုနှစ်က ပြန်လည်တည် ဆောက်ခဲ့ပြီး မကြာသေးမီ က စစ်ဆေးခဲ့သည်ဟု သိရသည်။

ဂွာတီမာလာအနီး ဘူတာ ရုံများမှ မက္ကဆီကို မြောက်ပိုင်း အထိ သွားရောက်ရန်အတွက် လူ မှောင်ခိုများကို ဒေါ်လာ ၁၀၀ ပေး ခဲ့ရသည်ဟုဆိုသည်။

Yangon Media Group

RangonNewsDaily:: Aug 27, 2013

အမေရိကန်သို့ ဦးတည်နေ သော ရွှေ့ပြောင်းလုပ်သားများ ကို သယ်ဆောင်လာသည့် ကုန် ရထားတစ်စီး ဩဂုတ် ၂၅ ရက်က မက္ကဆီကိုတောင်ပိုင်း ရွှံ့ညွန်ထူ သောအရပ်တွင် တွဲချော်ခဲ့ရာ အ နည်းဆုံး လူခြောက်ဦး
 သေဆုံးခဲ့ ပြီး အများအပြား ဒဏ်ရာရရှိခဲ့ ကြောင်း အရာရှိများက ပြော ကြားခဲ့သည်။ လူမှောင်ခိုများကို ငွေပေး ၍ ကုန်ရထားတွဲများ၏ထိပ်တွင် ထိုင်လျက်လိုက်ပါလာသော ဗဟို အမေရိက ရွှေ့
ပြောင်းလုပ်သားများကိုသယ်ဆောင်လာသော The Beast ဟုခေါ်ဆိုသော ကုန်ရထား သည် အရုဏ်မတက်မီ တာဘက် စကိုပြည်နယ်ရှိ မြစ်တစ်ခုအနီး တွင် လမ်းချော်ခဲ့ပြီး တွဲရှစ်တွဲ မှောက်ခဲ့ကြောင်း သိရသည်။

အားလုံး အသက် ၁၉နှစ်မှ ၅၄ နှစ်အရွယ် ဟွန်ဒူးရပ်စ်မှ ၁ရ ဦးနှင့် ဂွာတီမာလာမှ တစ်ဦးအ ပါအဝင် ၁၈ ဦး
ကို ဆေးရုံသို့ တင် ပို့ခဲ့ရကြောင်း အမျိုးသားပြည်သူ့ ကာကွယ်ရေးညှိနှိုင်းရေးမှူးလီးဝစ်ဖီလစ်ပီပွန်တီက ပြော
ကြား ခဲ့သည်။ အစောပိုင်းက လူ ၂၂ ဦး ဒဏ်ရာရခဲ့သည်ဟု ၎င်းကပြော ကြားထားသည်။ 
 
လူခြောက်ဦး သေဆုံးခဲ့ကြောင်း တာဘက်စကို ပြည်သူ့လုံခြုံရေးနှင့် ပြည်သူ့ကာကွယ်ရေးအရာရှိများက အေ
 အက်ဖ်ပီသို့ ပြောကြားခဲ့သည်။ သေဆုံးသူများအနက်သုံးဦးမှာဟွန်ဒူးရပ်စ်မှဖြစ်ကြောင်း မက္ကဆီ ကိုနှင့် ဟွန်
ဒူးရပ်စ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ရထားပေါ်တွင် ရွှေ့ပြောင်း လုပ်သား ၂၅၀ မှ ၃၀ဝအထိ လိုက် ပါလာပြီး တွဲချော်သောနေရာမှာ ကုန်းတွင်း
လမ်းမရှိဘဲ လေကြောင်း၊ ရေကြောင်းကိုသာ အသုံးပြုနိုင် သော နေရာဖြစ်သည်ဟု ဟီမန် ဂွီလိုစည်ပင်သာ
ယာနယ်မှ အရာ ရှိများက ပြောကြားခဲ့သည်။

မှောက်နေသာတွဲများကိုမချီရန်နှင့်ရှင်သန်သူ၊ ဒဏ်ရာ ရသူ သို့မဟုတ် အလောင်း ရှိ၊ မရှိ စစ်ဆေးရန် ကရိန်း
များကို ည တွင်းချင်း စေလွှတ်ခဲ့သည်ဟု သိ ရသည်။ တွဲချော်သည့်နေရာတွင် မကြာသေးမီ ရက်များအတွင်း
က မိုးများ အလွန်သည်းထန်စွာ ရွာ သွန်းခဲ့သည်။

တွဲချော်သည့်အ ကြောင်းရင်းကိုမူမသိရသေးဟုအရာရှိများက ပြောသည်။တွဲငါးတွဲတွင်မည်သည့်ကုန် ပစ္စည်း
မျှ မပါသော်လည်း တွဲကိုး တွဲတွင် သတ္တုအပိုင်းအစ ၅၅ တန် တင်ဆောင်ထားပြီး ရထားမှာ တစ် နာရီလျှင် ၁၀ ကီလိုမီတာ (ခြောက် မိုင်)သာ မောင်းနှင်လာခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ် ပြန်ခဲ့သည်။
 
ဝန်နှင့်အမြန်နှုန်းမှာ သတ်မှတ်ချက်အတွင်းသာ ရှိသည် ဟုလည်းဆိုသည်။ မတော်တဆ မှု ဖြစ်ပွားသည့် လမ်းပိုင်းအား ၂၀၀၉ ခုနှစ်က ပြန်လည်တည် ဆောက်ခဲ့ပြီး မကြာသေးမီ က စစ်ဆေးခဲ့သည်ဟု သိရသည်။

ဂွာတီမာလာအနီး ဘူတာ ရုံများမှ မက္ကဆီကို မြောက်ပိုင်း အထိ သွားရောက်ရန်အတွက် လူ မှောင်ခိုများကို
 ဒေါ်လာ ၁၀၀ ပေး ခဲ့ရသည်ဟုဆိုသည်။

Yangon Media Group, RangonNewsDaily
kolatt (Pabedan): 27.8.2013

0 comments:

Post a Comment