Pages

Monday, August 26, 2013

ဘာတဲ့ အားတိုင်းဒေါသထွက်နေတတ်တဲ့ လူအုပ်ကြီး.....ဒေါသထွက်နေတဲ့ လူအုပ်ကြီး....ဒေါသ ထွက်နေတဲ့ လူအုပ်ကြီး...............................

RangonNewsDaily:: Aug 26, 2013

အခု အဲ့ဒီစကားလုံးကိုပဲ ထိုင်စဉ်းစားနေမိတယ်။ အဲ့ဒါမျိုး ရှိခဲ့ဘူးသလား ဆိုဒါကိုပါ...
ရှိတယ်၊ ကျနော်ကိုယ်တိုင်လည်း အဲ့ဒီလို ဒေါသဖြစ်နေတဲ့ လူအုပ်ကြီးထဲမှာ ပါခဲ့ဘူးတယ်၊
၁၉၈၈ တုန်းကတစ်ခါ၊ အခုလို ဟိုမြို့ ကွက်ကြား ဒီမြို့ ကွက်ကြား ဒေါသထွက်တာ မဟုတ်ဘူး၊
တစ်နိုင်ငံလုံး အနှံ့ ဒေါသထွက်ကြတာ၊ အာဏာရှင် တစ်ပါတီအစိုးရရဲ့ လက်အောက်မှာ မျက်စိပိတ်နားပိတ်နဲ့ ၂၆ နှစ်နေခဲ့ကြရလို့ ဒေါသထွက်တာ၊ အာဏာရှင်ကို တော်လှန်တာ၊ ဘယ်သူ့ပိုင်ဆိုင်မှုမှ အချောင်မလိုချင်ကြဘူး၊ မဖျက်စီးကြဘူး၊အပြန်အလှန် ရိုင်းပင်းကြရင်းနဲ့ ဒေါသထွက်ကြတာ၊

ပြီးတော့ ၁၉၉၆ ခုနှစ်၊ ကျောင်းသားတွေကို မတရားလုပ်ကြလွန်းလို့ ဒေါသထွက်ကြတာ၊ စစ်အာဏာရှင်ကို ဒေါသထွက်ကြတဲ့ လူအုပ်ကြီးထဲမှာ ပါဘူးတာ၊

ပြီးတော့ ၂၀၀၄ ခုနှစ်၊ ကိုယ်တိုင်တော့ မပါဖြစ်တော့ဘူး၊ဒါပေမယ့် စစ်အစိုးရကို ဒေါသထွက်နေတဲ့ ကျောင်းသားအုပ်ကြီးက ငြိမ်းချမ်းစွာ ဆန္ဒပြကြတာ၊

ပြီးတော့ ၂၀၀၇ ခုနှစ်၊ ပခုက္ကူမှာ သံဃာတွေကို မတရားလုပ်လို့ ဒေါသတွေ တစ်နိုင်ငံလုံး ကူးသွားပြီးတော့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက မေတ္တာပို့ဆန္ဒပြခဲ့ကြတဲ့ သံဃာတွေကို ဝန်းရံတဲ့ အထဲမှာ ပါခဲ့ကြတာ။

အဲ့ဒီလို နိုင်ငံနဲ့ အဝန်းလူအုပ်ကြီးက ဒေါသထွက်လာရင် အာဏာရှင်တွေ အကျပ်တွေ့ခဲ့ရစမြဲဘဲလေ...

အခုပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ အဲ့ဒီလိုမျိုး ဆန်ဆန် လူထုကြီးက ဒေါသထွက်ခဲ့ကြတာတွေ ရှိတယ်၊

မြစ်စုံ စီမံကိန်းကြီးမှာ....

ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေးမှာ..

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာ.....

တစ်နိုင်ငံလုံးအနှံ့ လယ်မြေတွေ အဓမ္မသိမ်းခဲ့ရာမှာ...

တရုတ်၊ ကိုရီးယား အလုပ်ရုံ စက်ရုံတွေက အလုပ်သမားတွေမှာ...

ငါးအင်းတွေမှာ....

အဲ့ဒီတော့ အခုလုပ်နေတဲ့ အကြမ်းဖက်သမား တစ်စုက တကယ်ပဲ ဒေါသထွက်နေတဲ့ လူအုပ်ကြီးလား၊

ဒါမှမဟုတ် လူအုပ်ကြီး ဒေါသထွက်လာမှာ ကြောက်လို့ မွေးထားပြီး အကြမ်းဖက်မှု ဖန်တီးနေတာလား စဉ်းစားနေမိတယ်....

Zaw Min Oo , RangonNewsDaily
kolatt (Pabedan): 26.8.2013

0 comments:

Post a Comment