Pages

Monday, August 26, 2013

Black Lists စာရင်းဝင် တရုတ်နိုင်ငံသား မန္တလေးလေဆိပ်မှ ပြန်လွှတ်

RangonNewsDaily:: Aug 25, 2013

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်း လေဆိပ်မှ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ လာသော ပြည်ပ ခရီးသည်များကို သြဂုတ်လ ၂၄ ရက်နေ့တွင် စိစစ်ရာ မြန်မာနိုင်ငံက အမည်မည်း စာရင်း (Black Lists) ကြေညာထားသူ တရုတ်နိုင်ငံသားကို တွေ့ရှိရသဖြင့် ကူမင်း လေဆိပ်သို့ ချက်ချင်း ပြန်လည် ပို့ဆောင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သြဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်၌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၏ အမည်မည်း စာရင်း (Black Lists) စာရင်းဝင်သူ တရုတ်နိုင်ငံသား Mr. Feng Shuiaing အား လေဆိပ် (လဝက) က စိစစ်တွေ့ရှိရသဖြင့် ပြည် ဝင်ခွင့် မပြုခဲ့ကြောင်း၊ သြဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ် အချိန်တွင် အဆိုပါ တရုတ်နိုင်ငံသားကို ယင်းလေယာဉ်ဖြင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကူမင်း လေဆိပ်သို့ ပြန်လည် စေလွှတ် ခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲမှူး ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ကလည်း အမည်မည်း စာရင်း(Black Lists) ဝင်နေသော တရုတ် နိုင်ငံသား တစ်ဦးအား မန္တလေးမြို့တော် ချမ်းအေးသာစံ မြို့နယ်တွင် နေထိုင်လျက်ရှိသည်ကို တွေ့ရှိရ၍ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ် အက်ဥပဒေ ၁၅ (၂) ဖြင့် အမှုဖွင့် အရေးယူ ခဲ့ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

The Voice , RangonNewsDaily
kolatt (Pabedan): 25.8.2013

0 comments:

Post a Comment