Pages

Monday, August 26, 2013

ကမာရွတ်မြို့နယ်တွင် လက်မထပ်နိုင်ကြောင်းငြင်းသောအမျိုးသမီး၏ ရင်အုံကို ရည်းစားဟောင်းက ဓားဖြင့်ထိုး

RangonNewsDaily:: Aug 26, 2013

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီး၏ ဝဲဘက်ရင်အုံကို ရည်းစားဟောင်းဖြစ်သူက ဓားဖြင့်ထိုးခဲ့သော မှုခင်းတစ်ခုဖြစ်ပွားခဲ့ကြောင်းတိုင်းဒေသကြီး မှုခင်းမှတ်တန်းများအရ သိရသည်။ ကမာရွတ်မြို့နယ် (၃)ရပ်ကွက်တွင်နေထိုင်သော အမျိုးသမီးတစ်ဦးအား တစ်ရပ်ကွက်ထဲနေသူ ယခင်ရည်းစားဟောင်း ဖြစ်ခဲ့ဘူးသူက အရေးကြီးစကား ပြောစရာရှိ၍ ၎င်းအိမ်သို့လိုက်ခဲ့ရန်ခေါ်ပြီးနောက် ပတ္တမြားလမ်းနှင့် မီးရထား လမ်းကြားတွင် စကားပြောစဉ် လက်ထပ်ရန်ပြောသဖြင့် အဆိုပါအမျိုးသမီးက ငြင်းလိုက်ရာ ရည်းစားဟောင်းဖြစ်သူက ဝဲဖက်ရင်အုံအောက်သို့စာရွက်ဖြတ်သော အဆစ်ဓားဖြင့် ထိုးလိုက်ရာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ) အဖြစ် တင်ထားရကြောင်း ဆက်လက်သိရသည်။

ယင်းအမှုအား ကမာရွတ်မြို့မ ရဲစခန်းမှ (ပ)၃၇၉/၁၃၊ ပြစ်မှုပုဒ်မ-၃၂၆ဖြင့် ယနေ့ နံနက် (၀၀း၃၀)အချိန်တွင် အမှုဖွင့်၍ အမှုစစ် ဒုရဲအုပ် ဟန်ထွန်းအောင်မှ တရားခံဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

RangonNewsDaily
kolatt (Pabedan): 26.8.2013

0 comments:

Post a Comment