Pages

Monday, August 26, 2013

"မြန်မာစစ်တပ် နယ်မြေ ကျူးကျော် စခန်းချတယ်လို့ အိန္ဒိယသတင်းစာပြော"

RangonNewsDaily:: Aug 25, 2013

မြန်မာ-အိန္ဒိယနယ်စပ်မိုရေးမြို့ ကို မြန်မာစစ်တပ်က ကြာသပတေးနေ့က ဖြတ်ကျော် ဝင်ရောက်ပြီး၊ Chandal

ခရိုင် Holenphai ရွာမှာ ကျူးကျော် စခန်းချထားတယ်လို့ အိန္ဒိယနိုင်ငံထုတ်Times of Indiaသတင်းစာကြီးက ရေး
သားဖော်ပြထားပါတယ်။
မြန်မာစစ်တပ်က အဲဒီ နယ်မြေဟာ မြန်မာနိုင်ငံပိုင်နယ်မြေ ဖြစ်တယ်လို့ ပြောကြောင်း၊ မဏိပူရပြည်နယ် အ
စိုးရက ဘယ်လိုဆက်လက် ဆောင်ရွက်ရမယ်ဆိုတာ ဗဟိုအစိုးရအဖွဲ့ကို အကြောင်းကြားထားကြောင်းလဲ သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီ နယ်မြေမှာ လုံခြုံရေး တာဝန်ယူထားတဲ့ အာသံ သေနတ်ကိုင်တပ်ရင်းကတော့ အဲဒီ Holenphai နယ်မြေ

မှာ အင်အား တိုးမြှင့်ချထားပြီး အခြေအနေကို အကဲခတ်နေကြောင်း၊ အဲဒီ ဒေသမှာ အလျား ၁၀ ကီလိုမီတာ
ရှိတဲ့ ခြံစည်းရိုး ကာရံမယ့် ကိစ္စနဲ့  ပတ်သက်ပြီး၊သူတို့ မြေတချို့ မြန်မာဖက် ပါနေပြီဆိုပြီး၊ ဒေသခံမဏိပူရ အ
တိုက်အခံ ပါတီတွေက ကန့်ကွက်နေကြကြောင်း သတင်းမှာ ဆက်လက် ဖော်ပြထားပါတယ်။

မိုရေးမြို့ တောင်ဖက်၂ မိုင်လောက်မှာ ရှိတဲ့ နယ်စပ်ကျောက်တိုင်အနီးမှာ အမှတ် ၇၆ မှာ မြန်မာ့ တပ်မတော်

အမှတ်၈၇ ခြေမြန်တပ်ရင်းက ရဲဘော်တွေက မြေရှင်းပြီး၊ စခန်းချနေတဲ့အတွက် မဏိပူရ အာဏာပိုင်တွေက
အထက်က အမိန့်တိတိကျကျ မလာခင် လုပ်ငန်း ခေတ္တ ရပ်ထားဖို့  ပြောထားတယ်လို့လဲ ဆိုပါတယ်။

RFA Burmese , RangonNewsDaily
kolatt (Pabedan): 25.8.2013

0 comments:

Post a Comment