Pages

Monday, August 26, 2013

တရုတ် သူနာပြု အမျိုးသမီး ခြောက်ဦး ဖလောရင့် နိုက်တင်ဂေးလ်ဆု ရရှိ

Photo: တရုတ် သူနာပြု အမျိုးသမီး ခြောက်ဦး ဖလောရင့် နိုက်တင်ဂေးလ်ဆု ရရှိ
Sunday, August 25, 2013

တရုတ်နိုင်ငံမှ သူနာပြု အမျိုးသမီး ခြောက်ဦးသည် ၎င်းတို့၏ စွမ်းစွမ်း တမံ ကြိုးစားမှုနှင့် ကျန်းမာရေး စောင့်ရှောက် မှုများ ပေးခြင်းကြောင့် ဖလော ရင့် နိုက်တင်ဂေးလ် ဆုကို သြဂုတ် ၂၄ ရက်ကလက်ခံ ရရှိ ခဲ့ကြောင်း သိရသည်။ Great Hall of the People တွင်ပြု လုပ်သည့် အဆိုပါ ဆုချီးမြှင့် ပွဲသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် တက်ရောက် ခဲ့ပြီး ဖလောရင့် နိုက် တင်ဂေးလ်ဆု ရရှိသော အစိုးရသူနာ ပြုများ၊ ကြက်ခြေနီ လုပ်အားပေး သူနာပြု များနှင့် စေတနာ့ ဝန်ထမ်း သူနာပြု များကို ဂုဏ်ပြု ခဲ့ကြောင်း သိရသည်။ ယခုနှစ် အတွက် ဖလောရင့် နိုက်တင်ဂေးလ် ဆုကို နိုင်ငံပေါင်း ၁၆ နိုင်ငံမှ သူနာပြု ၃၂ ဦးကို ပေးအပ် ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ဖလောရင့် နိုက်တင်ဂေးလ် ဆုသည် နိုင်ငံတကာမှ သူနာပြုများ အတွက် အမြင့်ဆုံးသော ဂုဏ်ပြုဆု ဖြစ်ပြီး ၁၉၁၂ ခုနှစ်မှ စတင် ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်းနှင့် တရုတ် နိုင်ငံက ၎င်း၏ သူနာပြု များအား ၁၉၈၃ ခုနှစ်တွင် စတင် ထောက်ခံ ခဲ့သည့် အချိန်မှစ၍ သူနာ ပြုပေါင်း ၆၈ ဦးမှာ အဆိုပါဆုကို လက်ခံ ရရှိ ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ဖလောရင့် နိုက်တင်ဂေးလ် ဆုသည် ၁၈၅၃-၁၈၅၆ ခုနှစ် စစ်ပွဲများတွင် ဒဏ်ရာရ စစ်သည်များကို ရဲဝံ့ စွန့်စားစွာ ကုသမှု ပေးခဲ့သည့် အင်္ဂလိပ် သူနာပြု ဆရာမ တစ်ဦး ဖြစ်သည့် ဖလောရင့် နိုက်တင်ဂေးလ်အား ဂုဏ်ပြုသော အားဖြင့် အမည် မှည့်ခေါ် ပေးအပ် ခဲ့ခြင်းဖြစ်သည်။

(အင်တာနက်)
မြ၀တီ

RangonNewsDaily:: Aug 25, 2013

တရုတ်နိုင်ငံမှ သူနာပြု အမျိုးသမီး ခြောက်ဦးသည် ၎င်းတို့၏ စွမ်းစွမ်း တမံ ကြိုးစားမှုနှင့် ကျန်းမာရေး စောင့်
ရှောက် မှုများ ပေးခြင်းကြောင့် ဖလော ရင့် နိုက်တင်ဂေးလ် ဆုကို သြဂုတ် ၂၄ ရက်ကလက်ခံ ရရှိ ခဲ့ကြောင်း သိရသည်။ Great Hall of the People တွင်ပြု လုပ်သည့် အဆိုပါ ဆုချီးမြှင့် ပွဲသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် တက်ရောက် ခဲ့ပြီး ဖလောရင့် နိုက် တင်ဂေးလ်ဆု ရရှိသော အစိုးရသူနာ ပြု
များ၊ ကြက်ခြေနီလုပ်အားပေးသူနာပြု များနှင့် စေတနာ့ဝန်ထမ်းသူနာပြု များကို ဂုဏ်ပြု ခဲ့ကြောင်း သိရသည်
။ ယခုနှစ် အတွက် ဖလောရင့် နိုက်တင်ဂေးလ် ဆုကို နိုင်ငံပေါင်း ၁၆ နိုင်ငံမှ သူနာပြု ၃၂ ဦးကို ပေးအပ် ခဲ့ပြီး
 ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖလောရင့် နိုက်တင်ဂေးလ် ဆုသည် နိုင်ငံတကာမှ သူနာပြုများ အတွက် အမြင့်ဆုံးသော ဂုဏ်ပြုဆု
ဖြစ်ပြီး ၁၉၁၂ ခုနှစ်မှ စတင် ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်းနှင့် တရုတ် နိုင်ငံက ၎င်း၏ သူနာပြု များအား ၁၉၈၃ ခုနှစ်တွင် စတင် ထောက်ခံ ခဲ့သည့် အချိန်မှစ၍ သူနာ ပြုပေါင်း ၆၈ ဦးမှာ အဆိုပါဆုကို လက်ခံ ရရှိ ခဲ့ပြီး ဖြစ်
ကြောင်း သိရသည်။ 
 
ဖလောရင့် နိုက်တင်ဂေးလ် ဆုသည် ၁၈၅၃-၁၈၅၆ ခုနှစ် စစ်ပွဲများတွင် ဒဏ်ရာရ စစ်သည်များကို ရဲဝံ့ စွန့်စား
စွာ ကုသမှု ပေးခဲ့သည့် အင်္ဂလိပ် သူနာပြု ဆရာမ တစ်ဦး ဖြစ်သည့် ဖလောရင့် နိုက်တင်ဂေးလ်အား ဂုဏ်ပြု
သော အားဖြင့် အမည် မှည့်ခေါ် ပေးအပ် ခဲ့ခြင်းဖြစ်သည်။

(အင်တာနက်)
မြ၀တီ , RangonNewsDaily
kolatt (Pabedan): 25.8.2013

0 comments:

Post a Comment