Pages

Monday, August 26, 2013

တေးရေး၊ တေးဆို တေးသံရှင်မျိုးမြင့်လေး ရဲ့နောက်ဆုံးခရီးကို အနုပညာမောင်နှမများမှ ယနေ့နေ့လည်ပိုင်းက ရေဝေးသုသန်သို့လိုက်ပါပို့ဆောင်

Photo

RangonNewsDaily:: Aug 25, 2013
တေးရေး၊ တေးဆို မျိုးမြင့်လေးအသက်(၇၄)နှစ်သည် သြဂုတ်လ၊ ၁၈ ရက်နေ့၊ နံနက် (၉း၂၆) နာရီအချိန်တွင်
အမှတ်(၁၇)၊ (၄)လွှာခြေရင်းခန်း၊ ဗိုလ်လရောင်လမ်း၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗဟန်းမြို့နယ် နေအိမ်၌ အသည်း
ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ပါသည်။ (၁၈.၈.၂ဝ၁၃) ရက်နေ့တွင် တေးရေး၊ တေးဆို မျိုးမြင့်လေးအား နေအိမ်မှ ရေဝေးအအေးခန်းသို့နာရေးကူညီ
မှုအသင်း(ရန်ကုန်)မှ ပို့ဆောင် ကူညီပေးခဲ့ပြီး၂ဝ.၈.၂ဝ၁၃) ရက်နေ့တွင် တေးရေး၊ တေးဆို မျိုးမြင့်လေး၏ ဈာ
ပနအခမ်းအနား ကျင်းပရာတွင်လည်း ရေဝေးသုဿန် ခန်းမဆောင်သို့ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အ
သင်းသူ/သားများ၊ ဝန်ထမ်းများမှ လိုက်ပါပို့ဆောင် ပေးခဲ့ကြသည်။
 
ဈာပနအခမ်းအနား သို့ ဆွေမျိုး၊ မိတ်ဆွေ၊ ညီအစ်ကိုမောင်နှမများ ၊မြန်မာနိုင်ငံဂီတ အစည်းအရုံးမှ ဂီတပညာ
ရှင်များ၊ တေးရေးဖော် တေးရေးဖက်များ၊ နိုင်ငံကျော် တေးသံရှင်များ၊ အနုပညာရှင်များ၊ ၄င်းအားချစ်ခင်ကြ
သောသူများမှ လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။
 
 နိုင်ငံကျော်တေးသံရှင် မျိုးမြင့်လေးသည် နတ်သျှင်နောင်၊ နေကာမျက်မှန်၊ နှင်းမှုံမြို့တော်၊  မေတ္တာပုလဲပန်း၊
 ဈေးချိုသူ စတဲ့ သီချင်းများဖြင့် လူသိများခဲ့သည်။

photo credit-ffss
RangonNewsDaily
kolatt (Pabedan): 25.8.2013

0 comments:

Post a Comment